Saturday, March 19, 2011

Saturday, March 12, 2011

တန်ဖိုး​ထား​ပါ

အပျိုစင်​မ​ဂ​ဇင်း​ထဲ​က ဘာသာ​ပြန်​ကဗျာ​လေး​တစ်​ပုဒ်​ပါ... ခဏခဏ အမှတ်ရ​ပြီး
ကိုယ့်​ကို​ကိုယ်​ဆုံးမ​ဖြစ်​တဲ့ ကဗျာ​လေး​ဖြစ်​သ​လို ချစ်ခင်​ရ​တန်ဖိုး​ထား​ရ​တဲ့
သူငယ်ချင်း​တွေ ခင်မင်​သူ​တွေ​က သည်း​မ​ခံ​နိုင်​စရာ
အဖြစ်အပျက်​လေး​တွေ​လုပ်​လာ​တဲ့​အခါ အရောင်​ပြယ်​လာ​တဲ့ ခင်မင်​မှု​တွေ​တွေ့​လာ​တဲ့​အခါ
ပြန်​ဖတ်​ဖြစ်​တတ်​တဲ့ ကဗျာ​လေး​ပါ​ပဲ သူငယ်​ချင်းတော်တော်​များ⁠များ​ကို
ပို့​ပေး​ခဲ့​ဖူး​ပါ​တယ်...
သူ​တို့ မေ့​လောက်​နေ​ပြီ​ဖြစ်​မှာ​ပါ..ကဗျာ​လေး​နာမည်​က တန်ဖိုး​ထား ပါ​တဲ့...........

တန်ဖိုး​ထား​ပါ
သင့်​ကို ချစ်ခင်​သူ တစ်​စုံ​တစ်​ယောက်​သင့်​မှာ​ရှိ​ပါ​သလား
သူငယ်ချင်း​တစ်​ယောက် ဒါ​မှ​မဟုတ် ဇနီးခင်ပွန်း တစ်​ယောက်
ဘဝ​ရဲ့​အခက်​အခဲ​အလုံး​စုံ​ကို ဖြတ်​သန်း​ပါ​ရ​စေ
သင့်​အပေါ်​မှာ သစ္စာရှိ​လေ​သူ တစ်​စုံ​တစ်​ယောက် သင့်​မှာ​ရှိ​ပါ​သလား
ခွင့်​လွှတ်​အနစ်​နာခံ​တာ​တွေ ကြင်နာ​မှု​တွေ မ​ညည်း​မ​ညူ လုပ်ကိုင်​ပေး​တာ​တွေ
သူ​တို့​က​သင့်​အတွက် ဆောင်ရွက်​ပေး​ခဲ့​တဲ့ သည်​အရာ​လေး​တွေ​ကို
သည်​အတိုင်း​ဖြစ်​ရိုး​ဖြစ်​စဉ်​တစ်​ရပ်​လို့​သင်​သဘောထား​ပါ​သလား
သင့်​ထံ​ရောက်​ရှိ​လာ​တဲ့​ချစ်​ခြင်း​မေတ္တာ​တွေ​ကို​လည်း သည်​အတိုင်း​ဖြစ်​ရိုး​ဖြစ်​စဉ်​တစ်​ရပ်​လို့
သင်​သဘောထား​ပါ​သလား သင်​မှတ်ယူ​ထား​ပါ​သလား
ဒီ​လို​ဆို​ရင်​ချီးမွမ်း​စကား​ဆို​ရ​တာ ကျေးဇူး​စကားပြော​ရ​တာ​ဟာ လွယ်ကူ​တဲ့​ကိစ္စ​တစ်​ရပ်​ဆို​တာ​ကို
သင်​အမှတ်ရ​လိုက်​ပါ
တစ်​စုံ​တစ်​ယောက်​က တမ်း​တကောင်း​တမ်း​တ​နေ​နိုင်​တဲ့
အပြုံး​တစ်​ပွင့်​ဝေ​ရ​တာ အနမ်း​တစ်​ပွင့်​ပို​ချွေ​ရ​တာ​က​လည်း ဘာ​မှ​မ​ခက်ခဲ​ဘူး​ဆို​တာ သတိရ​လိုက်​ပါ
သင့်​မှာ​ဂုဏ်ခံ​နေ​လို့​ဖြစ်​စေ၊ ရှက်​ရွံ့​နေ​လို့​ဖြစ်​စေ
သ​ဘာ​ဝ​ကျ​တဲ့​ခံစား​ချက်​ကို ထုတ်ပြ​ရ​မှာ​များ သင်​စိုး​ရွံ့​နေ​ပါ​သလား
မေတ္တာ​စကား​တွေ​ကို ဒီ​နေ့​က​စ​ဆို​ပါ
သေလွန်​ပြီး​မှ နှုတ်​ဆိတ်​နေ​တဲ့​ဓာတ်​ပုံ​တွေ​ကို​ကြည့်​ကာ စကားပြော​နေ​လို့
ဘာ​မှ​အကျိုး ရှိ​မ​လာ​နိုင်​ပါ
ချစ်​ခြင်း မေတ္တာ​ဆို​တာ အသက်​ရှင်​စဉ်​မှာ ဖော်​ပြ​သင့်​တဲ့​အရာ၊ အုတ်​ဂူ​ကမ္မည်း​စာ​ထဲ​မှာ​သာ
ရေး​ထိုး​သင့်​တဲ့​အရာ​မဟုတ်​ပါ
--

-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \

Monday, January 17, 2011

အစိမ်း​ရောင်​များ








မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ရင်ဂတ်ကုန်း ကျေးရွာလေးမှ စပျစ်ခြံများ တွင်ရိုက်လာသောပုံများဖြစ်ပါသည်။ မတ်လဆန်းလောက်တွင် ခူးဆွတ်နိုင်သောအဆင့်သို့ရောက်ပြီး ယခုပုံများမှာ အကင်းများစပြီးသီးနေသောပုံများဖြစ်သည်။ တရုတ်ပြည်သို့တင်ပို့ရောင်းချလျှက်ရှိပြီး တနှစ်လျှင် သိန်းသုံးဆယ်လေးဆယ် အမြတ်ရရှိလျှက်ရှိနေကြောင်း ခြံလုပ်ငန်းလုပ်ကိုင်သူတောင်သူများက ရှင်းပြခဲ့ကြသည်။

Sunflowers






မြန်မာပြည်ရဲ့လှပတဲ့နေရာလေးတစ်ခုမှ ရူခင်းလေးတွေပါ နေရောင်အောက်မှ သဘာဝတရားရဲ့အလှတရားတွေနဲ့လှချင်တိုင်းလှနေတဲ့နေကြာပန်းလေးတွေရဲ့ပုံကိုလိုအပ်တဲ့သူတိုင်း ယူသုံးနိုင်သလို ကွန်ပျူတာ အမြဲကြည့်နေရတဲ့သူတွေ မျက်စိအညောင်းပြေ ကြည့်လို့ရအောင်တင်ပေးထားလိုက်ရပါသည်။

Tuesday, November 23, 2010

အမှတ်တရဖြင့်ပျိုး၍ ပွင့်သောပီတိ


ဒီးပန်းပင်လေးကို ၂၂ရက် မတ်လ ၂၀၀ရခုနှစ်က ဈေးကဝယ်ပြီးစိုက်ထားခဲ့တယ် ကျွန်မ စေ့စပ်တဲ့နေ့ အမှတ်တရအနေနဲ့ စိုက်ခဲ့တယ် ထူးထူးခြားခြား ဒီနှစ်တွေမှာ တက်လိုက်ကျလိုက်ကွေ့လိုက်ကောက်လိုက် ဘဝနဲ့အတူ ဒီပန်းပင်လေးက အိမ် ၂အိမ်ပြောင်းတဲ့အထိ ကျမ မက်မက်မောမော သယ်ခဲ့ ရာကို ပါလာခဲ့တယ် ဒီနေ့ထိဆို ဒီပန်းပင်လေးက သားဇွဲဇွဲထက်တောင် အသက်ကြီးသော ပန်းလေးတွေ ပွင့်လို့ ရှင်သန်နေတုန်းပါပဲ အချစ်နဲ့ တည်ဆောက်ထားတဲ့ ကျမရဲ့ အိမ်ထောင်ရေးက လျှာနဲ့သွား ဆိုသလို ခလုတ်ခဏခဏခလုတ်တိုက်တတ်ပေမဲ့ ပျော်စရာ သာယာသောမိသားစုလေးအဖြစ် ရှိနေပါတယ် ... ဒီအပင်လေးက အခုလိုပန်းတွေပွင့်ရင် သူရော ကျမရော အဆင်ပြေမှုှုတွေ ရောက်လာတတ်တယ်လို့လဲ ပျော်ရွှင်စွာ ယုံကြည်ကြပါတယ် ... နှင်းဆီပန်းတွေ ဝေနေအောင်ပွင့်ခဲပြီး တစ်ပွင့်ပွင့်ဖို့လဲ တော်တော် ကြာတတ်ပါတယ် တစ်ခါတစ်လေ အရွက်ဖားဖားတွေနဲ့ စိမ်းလန်းနေတတ်ပေမယ့် တစ်ခါတစ်လေလဲ အရွက်ဟောင်းတွေနဲ့ ကြာရှည်စွာရှိနေတတ်ပြန်တယ် ... ကျမ တို့ အလုပ်တွေများပြီး မအားလပ်ကြပေမယ့် အပင်လေးရှင်သန်မှုနှေးကွေးပြီးငြိုးနေရင် ကျမ သို့မဟုတ် သူ ကသတိထားမိပြီး အပင်လေး ရှင်သန်အောင်ရေးလောင်းဖို့ ဂရုစိုက်မိသွားတတ်ပြန်ပါတယ် ကျမရုက္ခဗေဒနဲ့ ဘွဲ့ရပေမယ့် အပင်တွေကို ဘယ်လိုဂရုစိုက်ရမလဲ မသိပါ အပင်တွေစိုက်ရတာ အပင်တွေပန်းတွေကြည့်ရတာဝါသနာပါပေမယ့် အချိန်ပေးပြီး တစ်ခါမှ ရေလောင်းခြင်း မြေတူးစွ၍ စိုက်ခြင်း မရှိပါ
ရုက္ခဗေဒ ဘာသာကိုတော့ အပင်တွေ စိတ်ဝင်စားပြီးယူခဲ့ပေမယ့် အမှန်အတိုင်းဝန်ခံရလျှင် ကျောင်းမှ သင်ပေးလိုက်သောအရာတွေ တစ်ခုမှ မမှတ်မိပါ.. ခက်ခက်ခဲခဲရုံးကန်ရင်း အလုပ်တစ်ဖက် အဝေးသင်တတ်ခဲ့ရသော ကြောင့်လို့တော့ ဆင်ခြေမပေးချင်တော့ပါ... ကျမတို့ သိခဲ့သော တက္ကသိုလ်ကျောင်းသူဘဝကကျူရှင်တတ် ကျောင်းပြီးရင် ဘွဲ့ရပြီးဆိုတာတစ်ခုရယ် ဘွဲ့ရလျှင်အလုပ်ကိုစိတ်ချလက်ချလုပ်လို့ရပြီဆိုတာတစ်ခုရယ်နဲ့ ကျောင်းတက်ရတာဝေးလံခြင်း ကြောင့် မြန်မြန်ပြီးချင်တာပဲသိခဲ့သည်။ အပင်တွေ ဘယ်လောက်တောင်အရေးပါခဲ့လဲ မသိပါ ကျောင်းမှာ ဘာအပင်တွေစိုက်ထားမှန်းလဲမသိပါ .... ဆိုးရွားလှသောပညာရေးစနစ်ဖြစ်သည်။ သူခရီးတစ်ခုခုသွားတိုင်း အပင်တွေ့လျှင် ကျမအားမေးတတ်သည် ဘာအပင်လဲ ဘာအမျိုးအစားလဲ စသည့်မေးခွန်းတွေဖြစ်သည်။ ကျမ မသိပါ ဖြေတော့ သူ ခဏခဏပြောဖူးသည် ရုက္ခဗေဒနဲ့ဘွဲ့ရပြီး ဒါလေးတောင်မသိဘူးဟုဖြစ်သည်။ ကျမ မနာတတ်ပါ ရှက်လဲမရှက်ပါ ကျမကို စာသင်ပေးခဲ့သောဆရာမသိလျှင် ရိုက်ချင်နေတော့မည်။
အပင်တွေက လူတွေရဲ့စိတ်ကို အံ့ဩအောင် ပျော်ရွှင်အောင် ကြည်နူးအောင်လုပ်နိုင်သည် ဆိုလျှင်တော့ မှန်ပါသည်။ အပင်စိမ်းစိမ်းတွေကြည့်လျှင် စိတ်တွေလန်းဆန်းလာတတ်သည်။ ပန်းတွေပွင့်နေတာမြင်ရလျှင် စိတ်တွေဘယ်လောက်ရှုပ်ရှုပ်ခဏတော့ အေးချမ်းသွားတတ်သည်။ ကိုယ်တိုင်စိုက်သောအပင်မှ အသီးသီးလျှင် ပန်းပွင့်လျှင်
ပို၍ပင်ပျော်ရွှင်ချမ်းမြေ့စရာကောင်းနေပါလိမ့်မည်။ အထူးသဖြင့် အမှတ်တရတွေနဲ့ စိုက်ထားခဲ့တဲ့ အပင်လေးမှ ပန်းပွင့်လေးမြင်ရလျှင်တော့ ကျမလိုပဲ ပီတိတွေပြည့်နေလိမ့်မည်ဖြစ်ကြောင်း...
အမှတ်တရ ပျိုး၍ ပျော်ရွှင်ချမ်းမြေ့သောဘဝ၊ သာယာလှပသောကမ္ဘာမြေကို တည်ဆောက်နိုင်ကြပါစေ....

Wednesday, September 01, 2010

ကြော်ငြာကောင်းတိုင်း မယုံနဲ့

ကြောငြာကောင်းတိုင်း ယုံသင့်လား
အပြောကောင်းတိုင်း တာဝန်မရှိတော့ဘူးလား
မှားတတ်တာနဲ့ အပြစ်မဖြစ်တော့ဘူးလား
တကယ်ဆို .. ကိုယ်ပြောတဲ့စကားက အဆိပ်ဖြစ်စေအောင်တွန်းအားပေးတဲ့စကားဆို ပြောတဲ့အခါ ချင့်ချိန်ရမှာပါ
အထူးသဖြင့် ကိုယ့်ပစ္စည်းရောင်းကောင်းအောင်ပြောတဲ့သူမှာ ကိုယ့်အတွက်အပြင် သူ့အတွက်ပါ စဉ်းစားပြီး မကောင်းတဲ့ဆိုးကျိုး ဖြစ်တတ်တာလေးတွေပါ ထည့်ပြောရင် ကိုယ့်ရောင်းအားကို လောလောဆယ် အပြည့်အဝ မကူညီနိုင်ပေမယ့် ရေရည် ရောင်းအားနဲ့ ယုံကြည်မှုတည်ဆောက်တဲ့အခါ များစွာအသုံးဝင်ပါတယ် ..
အရောင်းမြှင့်တင်ရေးသမားတွေ သတိပြုသင့်တဲ့ လိုက်နာသင့်တဲ့အချက်တွေပါပဲ .. .. ..
နားမလည်လို့ ကိုယ့်ကိုယုံကြည်စွာ အပ်နှံထားတဲ့သူတွေအပေါ် အမှားတစ်ခု လုပ်မိရင်
ကြော်ငြာဘယ်လောက်ကောင်းကောင်း အပြောဘယ်လောက်ချိုချို သူနဲ့သူ့ပတ်ဝန်းကျင်ကသူတွေကို သူ့လိုမဖြစ်အောင်ပြောတော့မှာဖြစ်တဲ့အတွက် မိတ်ဆွေကောင်းတွေ တစ်သက်တာဆုံးရှုံးရတတ်ပါတယ်..... (ပထမပိုင်း)