Wednesday, August 26, 2009

ခပ်ညံ့ ညံ့ ဘီလူးတစ်ကောင်

(photo by Ko Kyaw Han Moe)


ငါ့ရင်ထဲ မီးလောင်နေတယ် နှလုံးသားတွေပြာကျနေပြီ
ငါ့စကားတွေဆွံ့အနေတယ်
ငါ့အတွေးတွေ အမြဲဝေဝါးနေတယ်
ဘာအတွက်ငါ ရှင်သန်နေတာလဲ ဘယ်မှာလဲ ငါ့စကားတွေ
နားလည်နိုင်သူ ငါ့မှာမရှိ
ငါ့အတ္တတွေ ငါ့ကိုတတိတိ သတ်နေတယ်
ငါ တရားရဲ့လား ပြန်မေးစရာတောင်မလိုဘူး
တလောကလုံးမှာ အညံ့ဆုံးကငါပဲ တောက်ခနဲကျတဲ့ အသံဟာ
ခံပြင်းမှုမဟုတ်ပဲ
ပျော့ညံ့စွာ ကျသွားတဲ့ ငါမျက်ရည်တွေ ဖြစ်သွားမှန်း
ငါကိုယ်တိုင်တောင် ငါ့ကိုယ်ငါပြန်မမြင်နိုင်ခဲ့ဘူး
တကယ်တော့ငါက ရုန်းမထွက်နိုင်တဲ့ ကြိုးတွေရဲ့
အားနည်းချက်တွေကို တောင်းပန်စကားတွေနဲ့
ကြိုးသွားရာကနေတဲ့ ခပ်ညံ့ညံ့ဘီလူးတကောင်ပေါ့

Thursday, August 20, 2009

ဇော်ဂျီဝမ်းဖောင့်မှ ယူနီကုဒ် 5.1 သို့ပြောင်းချင်ရင်

(မြန်မာဖောင့်တွေသေချာမမြင်ရရင် အပေါ်ဆုံးမှာညာဘက်ထောင့်မှာ zawgyi-one နဲ့ Unicode5.1 font ကို အဆင်ပြေသလိုချိန်းပြီးဖတ် နိုင်ပါတယ်။ မြန်မာယူနီကုဒ် လက်ကွက်လေးပါတင်ပေးထားပါတယ်။
စံတခုအနေနဲ့ပြောင်းသုံးတဲ့အခါအဆင်ပြေပြေ သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ လိုအပ်သူတိုင်း ယူနိုင်ပါတယ်။)

ဒီ Box လေးကို ဘလော့မှာထည့်ချင်တဲ့သူတွေအတွက် Head နဲ့ Body ကြားမှာ ဒီကုဒ်လေး ထည့်ပေးရပါမယ်။



Friday, August 14, 2009

ထူးအိမ်သင်သီချင်းလေးတွေ နားထောင်မယ်

Myanmarmusiconline
Music.all-channel
Myanmarsongs
Myanmarmp3

နှစ်ယောက်မရှိနိုင်တဲ့ ရင်ထဲကသီချင်းငှက်


...ထူးအိမ်သင် ကိုယ်ရေးအကျဉ်း... REF : www.htooeainthin.com


ဖခင် ဦးထွန်းမြင့် နှင့် မိခင် ဒေါ်မြရင် တို့မှ ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ အမည်ရင်း ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု ချစ်စနိုးခေါ်ကြသည်။ မူလတန်း ပညာကို အမှတ် (၂၀) အ-မ-က တွင် ပညာသင်ကြားခဲ့ပြီး ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉-၈ဝ တွင် ဧရာဝတီတိုင်း ပုသိမ် ဒေသကောလိပ်သို့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒဖြင့် ဘွဲ့ရရှိခဲ့ပြီး မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး နာရီပေါ်မှ မျက်ရည်စက်များ စတင် သွင်းယူခဲ့ပြီး နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့ဖြစ်သည်။
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄ဝ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။

သေသောသူကြာရင်မေ့ ဆိုတာလဲမှန်ပါတယ် ဒါပေမယ့်မေ့မရလေသူတွေလဲရှိပါတယ် အစားထိုးမရနိုင်တာတွေလဲတပုံကြီးပါ ဒီအထဲကမှ အနုပညာကို နားလည်မခံစားတတ်တဲ့ အရွယ် ခပ်ငယ်ငယ်ထဲက သီချင်းတွေကို ရင်ထဲက လိုက်ဆိုတတ်နားလည်တတ်စေခဲ့တာကတော့ ကိုထူးအိမ်သင်ပါပဲ
သူ့ကို ကလေးဘဝက အပြင်မှာတခါပဲမြင်ဖူးပါတယ် သူ့သီချင်းတွေကို အားလုံးကြိုက်တယ် အဆိုတော်တွေများလွန်းတဲ့ထဲမှာမှ စာသားရော အသံရော သံစဉ်ရော သီချင်းရောအားလုံးသဘောကျခဲ့တယ် ဒီနေ့ထိလဲ သူဆိုခဲ့တဲ့ သီချင်းတွေကို ပြန်ဆိုတေး ဆိုရင် မခံစားနိုင်ဘူး နားထောင်လို့ အဆင်မပြေဘူး ပြန်ဆိုကြတဲ့ ထွန်းထွန်းတို့အဖွဲ့ကဆို လုံးလုံးမကြိုက်ပါဘူး (ကျွန်မရဲ့ အတ္တဆန်တဲ့ ခံစားချက်သက်သက်ပါ) သူ့အသံကို သူ့သီချင်းတွေနဲ့သာ သန့်သန့်လေးရှိစေချင်ခဲ့တာဒီနေ့ထိပါပဲ သူဆုံးတဲ့နေ့ ကမှတ်မှတ်ရရ ပထမဆုံးသိရတာ စာနင်းဇင်းသမားတွေနဲ့အဆက်အသွယ်ရှိတဲ့ ကိုဝဏ္ဏဆီကို ကိုမြတ်ခိုင် ဖုန်းဆက်ပြောတာပါ
သူ့သီချင်းတွေ သူ့အသံတွေ သူ့ဖန်တီးမှုတွေ သူ့အနုပညာတွေကို တကယ်ကိုဆုံးရှုံးရပြီအသိက ရင်ထဲကို
မွန်းကြပ်လာခဲ့တယ် သေချင်းတရားကို အပြစ်တောင်တင်နေခဲ့မိတယ် "စောတယ်ကွာ! ပြီးတော့ မင်းကိုယ်မင်းဂရုစိုက်သင့်တယ် မင်းကိုချစ်တဲ့ မင်းသီချင်းတွေကို ချစ်တဲ့သူတွေအတွက်လို့"ရေရွတ်ရင်း ငိုခဲ့ရတဲ့ နေ့တနေ့ ဟာ ... အခုဆို ..၅နှစ်တောင်ရှိခဲ့ပြီရော....
ချစ်ခြင်းအားဖြင့် ဆိုတဲ့စာသားလေးတွေကိုလွမ်းရင် အမှတ်တရနှစ်ပတ်လည်နေ့လေးကို သတိရခြင်းများစွာဖြင့်.....

ရင်ထဲရောက်နေတဲ့သီချင်းလေးတွေ......
ရင်မှာလှိုက်ဖိုသွားယုံလေး အချစ်ဆုံးကိုယ်ဘာကိုမှလဲမမျှော်လင့်ဘူး နာကျင်စွာ ကြင်နာသူ ကိုယ်အဝေးကငေးကြည့်နေရင်းရင်မှာချစ်ခဲ့မိတာ ရင်မှာလွမ်းရလဲကျေနပ်တယ် အချစ်လေး
တကယ်လို့များမဆုံနိုင်အောင်ဝေးခဲ့ကြရင် ငိုမှာလား ချစ်လားမေးရင် ကိုယ်ငြင်းမယ်


ကြင်နာစွာဖေးမပေးမယ့်ချစ်သူ အခုတော့ ဘယ်မလဲ
အဆိပ်သင့်စေတဲ့အပြုံးတွေရင်ထဲစွဲ.....
အချစ်တွေစုဝေးရာ ဒီကမာ္ဘကောင်းကင်ပြာအောက်မှာ
မေ့မရလွန်းတဲ့အတိတ်တွေ ကြေကွဲသွား....
ခေါင်မိုးပြို အိမ်မက်ကမာ္ဘ ငါ့ညတွေချောက်ခြားသွား...
မင်းထားခဲ့တဲ့အနမ်းတွေ ပြန်တမ်းတ...
တို့တွေဝေးပြီကွယ် ရင်မှာငိုမိခဲ့ ကိုယ်လေနားလည်ခွင့်လွှတ်ကာချစ်ခဲ့.....

ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးရယ်
ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ်
ကြယ်တွေစုံတဲ့ည ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့သီချင်းတွေလည်း ရင်တွေကွဲသွားအောင်ဆိုနေအုံးမယ်
အမေ့အိမ်ကိုလွမ်းတယ်........

Tuesday, August 11, 2009

ရင်ကွဲသံ

လူကိုခွေးဟောင်
သခိုးကလူဟစ်
လူမိုက် ဘုရင်ဖြစ်
နွံနစ်နေရတာတန်သလားကွာ .. တောက်!

Monday, August 10, 2009

နာစရာရှိရင် ရယ်စရာနဲ့ဖြေ

လောကကြီးရယ်
မသနားတတ်အောင် သင်ပေးပါ



လောကကြီးရယ်
အားမနာတတ်အောင် သင်ပေးပါ



လောကကြီးရယ်
ပြတ်သားတတ်အောင် သင်ေပေးပါ



လောကကြီးရယ်
မခံစားတတ်အောင် သင်ပေးပါ



လောကကြီးရယ်
မချစ်တတ်အောင် သင်ပေးပါ



လောကကြီးရယ်
နာကျည်းတတ်အောင်သင်ပေးပါ



လောကကြီးရယ်
လူတိုင်းနဲ့မတန်တဲ့စေတနာကို လူရွေးထားတတ်အောင်သင်ပေးပါ


လောကကြီးရယ်
သည်းခံတိုင်းစော်ကားတတ်တဲ့ အတ္တသမားတွေကို
မှတ်သားလောက်အောင် တစ်ခုခုတုံ့ပြန်ချင်ပေမဲ့



မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားတဲ့


အင်း... ..ဒါနဲ့ပဲ
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပေါ့


မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မှာပေါ့ဆိုပြီး ...စိတ်ကို လျှော့ လို့
Animated Icons

ဟားဟားဟား... ရယ်ရတဲ့ လောက
လို့သာ ရယ်နေလိုက်တော့တယ် ......
မရယ်ရဘူးလား

Saturday, August 08, 2009

Knowledge

အနုပညာ ကိုခံစားတတ်သူတို့သာပိုင်ဆိုင်သည်။ -> Paw Oo Thet

ကရဝိတ်


ဒီပုံလေးကလဲ Layer Mask ကြည့်ပဲလုပ်ထားတဲ့ပုံလေးပါ

Rainbow




Photoshop CS 2 နဲ့ ပုံလေးနှစ်ပုံကို Layer Mask လုပ်ပြီးဆက်ထားတယ် ပြီးတော့ ပုံနဲ့လိုက်တဲ့ ကဗျာလေးကိုတင်ထားလိုက်တယ်
Rainbow တဲ့

My Heart leaps up when I behold
A rainbow in the sky:
So was it when my life began,
So is it now I am a man,
So be it when I shall grow old
Or let me die!
The Child is father of the Man:
And I Could wish my days to be
Bound each to each by natural piety.
W. WORDSWORTH

Tuesday, August 04, 2009

ဘဝဆိုတာ

  • ဟားဟား တော်တော်ရယ်စရာကောင်းတဲ့ လောက
  • ငိုလိုက်ရတာလဲ ခဏခဏ
  • မာနတွေလဲပြာကျ
  • ဆန္ဒတွေလဲ မြိုမြိုချရင်း
  • ဒါဟာဘဝဆိုတာလဲသိခဲ့ပြီ