Wednesday, September 02, 2009

ပျော်ရတဲ့နေ့တနေ့

Face Book ကိုဝင်ဖြစ်တယ် လူသုံးများနေတာနဲ့ ဝင်ကြည့်တာ တော်တော်တော့စိတ်ဝင်စားဖို့ကောင်းတယ်
မှတ်မှတ်ရရ မဆက်သွယ်ဖြစ်ကြာပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့တယ် သတိတရတော့ရှိနေပေမယ့်အကြောင်းတွေတိုက်ဆိုင်မှ ဆုံတတ်ကြတာလေ သတိတော့ရနေတာပေါ့
နောက် တခုက သူငယ်ချင်းတွေရဲ့ မွေးနေ့တွေ လအလိုက် event ထဲဝင်ကြည့်လို့ရတယ်
သူငယ်ချင်းတွေလဲတယောက်တနေရာရောက်နေကြတော့ တာမွေ(၄) ကိုသတိရသွားတာနဲ့ အထက (၄)တာမွေ ဆိုပြီး ရှာလိုက်တာ ပျောက်နေတာကြာပြီဖြစ်တဲ့ မမျှော်လင့်ထားတဲ့ အမ တယောက်ကို တွေ့လိုက်ရတယ် ခုတော့အဆက်အသွယ်ရနေပြီး UK မှာရောက်နေကြောင်းစာပြန်လာတယ်
အော် နယ်မြေတွေပိုင်းခြားထားပေမယ့်ကမ္ဘာကြီးတကယ်ပဲကျဉ်းလာပြီလား ... ... ဒီထက်ပို ကောင်းလာဖို့ပဲမျှော်လင့်နေရတဲ့ မြန်မာပြည်ပါလားနော်... ... ...