Tuesday, April 12, 2011

ခရေပန်း




နှစ်သစ်ကူး သင်္ကြန်အကြိုနဲ့ ပန်းပိတောက်

နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မှာ တိုက်ဆိုင်စွာ ပိတောက်တွေပွင့်နေတယ်
ဈေးထဲရောက်တော့ ပိတောက်ပန်းရောင်းတဲ့နေရာ တွေ့အောင်ရှာပြီး
၅၀ဝဖိုးဝယိလာတယ် အွန်လိုင်းမှာ ပိတောက်ပုံစိတ်တိုင်းကျမတွေ့မိတော့
ပိတောက်ပန်းကို ဓာတ်ပုံရိုက်ချင်စိတ်က
ပြင်းပြင်းပြပြကိုဖြစ်နေမိပြန်ရော... ပန်းတွေထဲမှာ ပိတောက်ပန်းကို
တပင်လုံးဝေနေအောင်ပွင့်ပြီး ပွင့်ချိန်ကလဲ မများတာမို့ ပိတောက်ပန်းကိုလဲ
ကြိုက်မိပါတယ်...ပန်းရနံကလဲ ခပ်သင်းသင်းလေးမို့ ပိတောက်နဲ့
သင်္ကြန်လိုက်ဖက်နေတဲ့နှစ်လို့လဲဆိုနိုင်ပါတယ်...
အပင်မှာ ပွင့်ဝေနေတာကိုဓာတ်ပုံရိုက်ခွင့် ကြုံကြိုက်ဖို့တော့ အခြေအနေက
မပေးသေးပါဘူး... ဒီပန်းပုံလေးတွေကို အကျိုးရှိမယ်ဆိုရင်
ယူသုံးနိုင်ပါတယ်... အားလုံးအတွက်နှစ်သစ်ကူးလက်ဆောင်ဖြစ်ပါစေ..
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ..

--

-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \

Friday, April 08, 2011

မိတ္တူကူး ဆိုင်ကကြိုက်လွန်းလို့ တောင်းလာတဲ့ နှလုံးသားအဟာရလေးတစ်ခုပါ..

ကျေးဇူးပဲ.... ဆိုတဲ့
အပြောလေးတစ်ခုနဲ့
ကျေနပ်ခဲ့ရပေါင်းလည်း များပြီ။
ကူညီပါ..ဆိုတဲ့
စကားလေးတစ်ခုနဲ့
ညာခိုင်းခံခဲ့ရပေါင်းလည်း များပြီ။
ခဏလေးပါ.... ဆိုတဲ့
ငှားရမ်းမှုတွေကြောင့်
ဆုံးရှုံးရပေါင်းလည်း များပြီ။
မနက်ဖြန်ပါ.... ဆိုတဲ့
ချိန်းဆိုမှုတွေကြောင့်
စောင့်ခဲ့ရပေါင်းလည်းများပြီ။
သည်းခံပါ.... ဆိုတဲ့
တောင်းပန်မှုတွေနဲ့
ခွင့်လွှတ်ခဲ့ရပေါင်းလည်းများပြီ။
ရပါတယ်.... ဆိုတဲ့
အပြောလေးတွေကြောင့်
ပျက်စီးခဲ့ရပေါင်းလည်းများပြီ။.. ... ...
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \