Thursday, August 09, 2012

သြဂုတ်လ ၁၄ရက် ၈နှစ်ပြည့်အမှတ်တရ "ထူးအိမ်သင်"



ထူးအိမ်သင်သီချင်းတွေကို စာသားတွေတစ်စိမ့်စိမ့်နားထောင်တယ် သံစဉ်တွေ စိတ်နဲ့ခံစားနားထောင်တယ် အကြိုက်ဆုံးသီချင်းကိုပြောပြပါဆိုရင်တော့ ဖြေစရာမရှိဘူး အကုန်လုံး နားထောင်တိုင်း အနှစ်သာရတစ်ခု ခံစားမှုတစ်ခုရသလိုပဲမို့ပါ...
သီချင်းတွေ နားထောင်ရတာမက်မက်မောမောမရှိပေမယ့် ထူးအိမ်သင်သီချင်းတွေကိုတော့ မက်မက်မောမောကြိုက်ပါသည်။
နှမြောပါသည်။ အသစ်တွေ ဘယ်တော့မှ နားထောင်ခွင့်မရနိုင်တော့လို့ သြဂုတ်လ ၁၄ရက်ကိုတော့မှတ်မိနေတယ်။ ဘာလို့ထူးအိမ်သင် သီချင်းတွေကြိုက်တာလဲလို့
အူကြောင်ကြောင်မေးခွန်းမေးသူများလည်းရှိပါရဲ့အဖြေက ရှင်းပါတယ်။ ပြန်ဖြေစရာကို အဖြေမရှိတာပါ။
နွားကိုပလာတာကျွေးလို့ ကောင်းတယ်ပြောမှာမှ မဟုတ်တာလို့စိတ်ထဲကပဲဖြေလိုက်တယ်။ အဲလောက်ပါပဲ
ချစ်ခြင်းအားဖြင့် သီချင်းတွေကိုသီဆိုသွားလေသူသို့ လေးစားသတိရလျှက် ..... အမှတ်တရ...
သီချင်းများစွာမှ တချို့သီချင်းလေးတွေ ခံစားရတဲ့ စာသားလေးတွေ.... အမှတ်တရတင်ထားလိုက်ပါတယ်............

http://axeltkw.blogspot.com/2011/03/discography_30.html

=>"(ငါတိမ်တိုက်-ထူးအိမ်သင်)"

"အချိန်တွေ နာရီတွေရယ် ချုပ်နှောင်ထား
လွတ်မြောက်ခြင်းရဲ့ လမ်းပြ အလင်းကိုရှာ ဒီခရီးအဆုံးကိုမသိပါ ငါဟာမိုက်မဲနေမလား
အချစ်နဲ့ အမုန်းအားလုံးအမှတ်မဲ့ဖြတ်အလာ.. အနှစ်မဲ့ဘဝက အမှားအယွင်းများစွာ
ပြီးဆုံးခွင့်တစ်ခုတော့လိုလား....ကူညီနိုင်မလား
ငါဟာတိမ်တိုက်ပါ... ခိုလှူံရာမရှိပါ..
ပုံသဏ္ဍာန်ဆိုလည်းမတည်မြဲတဲ့အရာ ငှက်တို့လို အစွမ်းလည်းမရှိ....
လေနှင်ရာမျောလွင့်လို့သွား..........." 


=>ညီလေးရေ-ထူးအိမ်သင်

အမှန်တရားအတွက် ကာကွယ်အမှားအယွင်းတွေကို တိုက်ခိုက်ကြတဲ့အခါ မင်းအသက်နဲ့ ဘဝကိုစွန့်လွှတ်ထားနိုင်မှ
ယုံကြည်ပါအမှန်တရား အရိုးသားဆုံးလှုပ်ရှား အကောင်းဆုံးကိုရှာဖွေပေးဆပ်နိုင်မှ ...မင်းချစ်တဲ့ လောကကြီး
သာယာဖို့ ကောင်းသောရည်ရွယ်ချက်နဲ့ လူငယ်လေးတစ်ယောက်အဖြစ်ပေါ့ကွာ
လူသားတိုင်းအပေါ်မှာ ချစ်တဲ့စိတ်ကလေးထား.........

=>"အမှတ်တရဒါဏ်ရာ-ထူးအိမ်သင်"

"အားလုံးစွန့်လွှတ်ခဲ့ ချစ်တဲ့ဒီသီချင်းအတွက် ဒါဏ်ရာတွေတွေ့လည်း ဘဝနဲ့ ငါလဲခဲ့ ဒါဟာအမှတ်တရဒါဏ်ရာ"


=>"ထူးအိမ်သင် - စိတ်ဓာတ်ကင်ဆာ"

"အချိန်ရယ်နေရာရယ် အရောင်ပြောင်းတဲ့တရား... စဉ်းလဲမှုများအလယ် ဖြူစင်စိတ်ကလေးထားရှိနိုင်မလား.....
ရိုးသားခြင်းများ ရှင်းသန့်တဲ့ကိုယ်ကျင့်တရား
ဆုံးရှုံးတဲ့အခါ တို့ရင်မှာ ရှင်းသန့်တဲ့ ကိုယ်ကျင့်တရား
ဆုံးရှုံးတဲ့အခါ တို့ရင်မှာ ပျော်နိုင်အုံးမလား ရက်စက်တတ်တဲ့ စိတ်ကခိုင်မာ
မှန်တယ်ထင်တာအကုန်လုံးပဲမှား ရက်စက်မှုများအလယ် ကြင်နာစိတ်ကလေးထားရှိနိုင်မလား...စိတ်ဓာတ်များရဲ့အင်အား 
အိုး တဖြည်းဖြည်းနည်းသွားပြီလား သွေးကြောများထဲအနှံ့ ညစ်ပတ်တဲ့စိတ်က စီးဝင်လှုပ်ရှား ...
စိတ်ဓာတ်အတွင်းထဲ လှိုက်စား ...အဆိုးဆုံးပဲလွှတ်မြောက်လမ်း မမြင်ပါ
လုံးပါးပါးမှာပဲ... "