Saturday, December 19, 2009

သီထချင်းစာသားရော သီချင်းပါမာန်ပါလို့ကြိုက်တယ် ..

အာရှ သူရဲကောင်း
ရေး-သဟာယဆရာတင်
ဆို-ခင်ညွှန့်ရည်

(ဗမာ့ လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ ့ဘို ့ ဂျပန်ပြည်မှာကွယ်၊
တကယ်ပဲ အသက်နဲ ့လဲလို ့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊
သူရဲကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ ့အာဇာနည်တွေရယ်)၂

ငါတို ့ဗမာပြည် မိဖတိုင်း ကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်း မွေးရမယ်၊
ငါတို ့ဗမာပြည်ဝယ် မိဖအပေါင်းတို ့ကကွယ်၊ အာဇာနည်အစစ်ကို ရှိဖို ့မွေးရမယ်၊
ဪ........ ဘုရင့်နောင်နဲ ့ ရာဇာဓိရာဇ်တို ့လို..
မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို ့လိုကွယ်...
ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေတဲ့ ...
မကြောက်တမ်း မရွံ ့တမ်း .. ဗမာတွေ အောင်ပန်းဆွတ်ကြ ရှာလေတယ်။

(ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်၊ မော်ကွန်းလဲ ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

တိုင်းပြည်ကျိုး စွန် ့ခဲ့တဲ့ များ ဇာနည်နွယ်၊ လွတ်လပ်ဖို ့တို ့များကို ကျွန်တွင်းမှကယ်၊
တို ့ဗမာတွေ စိုးမိုးဖို ့မျှော်ကြရှာလို ့ပေါ်လာတယ်။

ဗမာနိုင်ငံ .... ထူထောင်ရန်နဲ ့မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်၊
နေမျိုးသာကီ ဗမာပြည် လက်ရုံး....ဗမာနိုင်ငံလုံး ထင်ပေါ်စေတယ်၊
စိတ်အားထက်သန် မာန်ကိုမလျှော့ တဲ့ ..
ငါတို ့လူမျိုးတန်ခိုးရှိဘို ့သူရဲကောင်းတွေ စုံညီတယ်၊
တကယ်ပင် ... သတိုး မဟာဗန္ဓုလနှယ် ..စွမ်းသတ္တိ ရာဇဝင် ပြောင်တယ်၊
သားကောင်းများလို ့ ခေါ်ရလောက်ပေတယ်..
ဥဒါန်းတွင်ရစ်စေဖွယ်.. ဗမာသူရဲကောင်း အပေါင်းတွေရယ်

(ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်၊ မော်ကွန်းလဲ ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)၂

Link တောင်းထားကြတာနဲ့ ရှာပြီးတင်ပေးထားတာပါ
http://www.myanmarchatonline.org/forum/index.php?topic=23763.0

http://naynaynaing.blogspot.com/2007/02/blog-post_13.html

Thursday, November 12, 2009

ခရေပန်း

ခရေပန်း

ပန်းဆိုတာနဲ့ မိန်းခလေးတော်တော်များများကြိုက်တတ်သလို အကြိုက်ဆုံးပန်းတွေရယ်လို့လဲရှိတတ်ကြပြန်ရော
ကြိုက်နှစ်သက်ပုံခြင်းမတူကြသလို ကြိုက်တတ်တဲ့ ပန်းတွေလဲမတူတတ်ပြန်ပါဘူး သဇင်ကို အမြင့်မှာမှ ပွင့်လို့ ဆိုတစ်မျိုး နှင်းဆီကို ဆူးပါလို့ ဆိုတာတစ်ဖုံနဲ့
အကြောင်းအမျိုးမျိုးနဲ့ ကြိုက်ကြတယ်
ကျွန်မကတော့ ပန်းတွေ အားလုံး သူ့အလှနဲ့သူမို့ ကြိုက်ပေမဲ့ ခရေပန်းကိုတော့ တော်တော်လေးကြိုက်သည်။ အပင်က ကြီးသလောက်အပွင့်ကသေးသည် ထူးခြားတာက သူ့မွှေးရနံ့ ကဘယ်ပန်းနဲ့မှ မတူ၊ ပန်းပုံကလဲ ထူးထူးခြားခြားလေးဖြစ်လို့နေသည်။
တကယ်တော့ ငယ်ငယ်ထဲက ဒီပန်းလေး နဲ့ ရင်းနှီးခဲ့သည်။ ကိုးလသမီးအရွယ်မှ ငါးနှစ်သမီးထိ ရွာမှာအဘိုးအဘွားနဲ့နေခဲ့ရသော ကျွန်မအတွက် အဘိုးကအဖေ အဘွားနဲ့အဒေါ်တွေက အမေဖြစ်ခဲ့ရသည်။ ရန်ကုန်သည်ကျွန်မအတွက်ကျောင်းတက်ချိန်တွေသာရှိနေတတ်သည်။ ကျန်အချိန်များစွာကို မြို့နဲ့အလှမ်းဝေးတဲ့ မူလတန်းကျောင်းသာရှိတဲ့ ရွာကလေးမှာရှိနေတတ်သည်။ မနက် စောစောထလို့ ဘုန်းကြီးကျောင်း ကိုပြေးပြီး ပန်းကောက်ရသည်။ ပန်းကြွေသံ တဖြောက်ဖြောက်ကိုနားလေးလဲစွင့်ရင်း သစ်ရွက်ကြွေကြားကပန်းကြွေလေးတွေကောက်ရတာ ပျော်ဖို့တော်တော်ကောင်းသည်။ ကိုယ်ကောက်လို့ရတဲ့ပန်းတွေ ကို ဗန်းလေးထဲမှာ ဖွေးဖွေးလေးမြင်နေရတာကိုက ကြည်နူးစရာကောင်းသည်။ နေလေးနဲနဲမြင့်လာတော့ ပန်းကောက်တာရပ်ပြီး အိမ်ပြန် ရေစင်အောင်ဆေးပြီး ပန်းသီတဲ့ အလုပ်လုပ်ရသည်။ စိတ်ရှည်လက်ရှည်နဲ့ နှီးကို မျှင်ပြီးသီရသည်။ အဖိုးက နှီးလေးတွေ ပန်းသီလို့ ရမယ့် အမျှင်လေးဖြစ်အောင်လုပ်ပြီးရေစိမ်ထားပေးတတ်တယ်လေ။
သီလို့ပြီးတော့ ဦးဦးဖျားဖျား ဘုရားတင်ဖို့ အဖွားကို ပေးရသည်။ ကျွန်မကတော့ပန်းမပန်တတ်ပေမဲ့ ခရေပန်းကို အိပ်ထဲအမြဲထည့်ထားတတ်သည်။ ခြောက်တာတောင်လွှင့်မပစ်ရက် တပင်တပန်းကောက်ထားရတာကိုး ပြီးတော့ ခရေပန်းရနံ့ ကိုတော်တော်သဘောကျသောကြောင့်ဖြစ်သည်။ ငယ်ငယ်ကခရေပန်းခြောက်တွေကကျွန်မရဲ့ အသုံးအဆောင်တော်တော်များများမှာ ရှိတတ်သည်။  အမေယူပြီးလွှင့်ပစ်မှသာ ကုန်သွားတော့သည်။
ခရေပန်းရယ် ရွာရယ် အဖိုးရယ်အဖွားရယ် ခရေပင်ကြီးရယ် ကို မကြာမကြာလွမ်းမိသည်။
ခုတော့ခရေပင်ကြီးလဲ အရင်လိုမဝေမဆာတော့ ပန်းတွေလဲသိပ်အများကြီးမဟုတ်ပေမဲ့ ပွင့်နေဆဲပင်ရှိနေသည်။
ပြောင်းလဲတာတော့ ခရေပင်ကြီးအောက်မှာ အရင်လို မဟုတ်ပဲ ပန်းခြောက်တွေရှိနေသည်။ ပန်းကောက်တတ်ကြတဲ့သူတွေမတွေ့ရ။ ရွာမှာ မပြောင်းလဲသင့်တာတွေကပြောင်းလဲကုန်ပြီ ပြောင်းလဲတိုးတက်သင့်တာတွေကယခုတိုင် ဒီအတိုင်းရှိနေသည်။ ခရေပင်ကြီးလဲ အသက်တွေကြီးလာပြီ ပြောင်းလဲမလာတာက ခရေပန်းလေးတွေ ယခင်ကလိုပဲ ရနံ့တွေရှိနေသည်။ ကောက်မယ့်သူမရှိလဲကြွေချိန်တန်တော့ကြွေသည်။ ဝေချိန်တန်တော့လဲဝေနေမြဲရှိနေသည်။
ဘယ်နေရာရောက်ရောက်ကျွန်မချစ်သော ခရေပန်းလေးတွေမြင်ရင် ကောက်ဖြစ်ခဲ့သည်။ မျက်နှာလွှဲရခက်ခဲ့သည်။ ကလေးဘဝကိုပြန်ရောက်သွားခဲ့မြဲ ဖြစ်သည်။ .. ....

Friday, October 30, 2009

နေနိုင်လား ... နေချင်လား .. .



နေနိုင်လား ... နေချင်လား .. .

နေရိပ်လေးတွေ ဟိုတပြောက်ဒီတပြောက် နဲ့ အုပ်ဆိုင်းမှိုင်းညို့နေတဲ့ တောအုပ်လေးမှာ ဓနိမိုး ထရံကာ ဝါးကြမ်းခင်း ခပ်သေးသေးတဲအိမ်လေးတလုံး၊
မြေနီလမ်းလေးဘေးမှာတော့ ဝါးလက်ယန်းထိုင်ခုံလေး၊ ရှေ့ဆက်လျှောက်ရင် ဝါးပင်တန်းတွေအစီအရီခြံရံထားတဲ့ လှေကားထစ်မြေလမ်းလေးအဆုံးမှာ စမ်းချောင်းကလေး ခပ်အေးအေးစီးဆင်းနေတယ်
ငှက်အော်သံလေးတွေကြားနေရတ.် .............

Thursday, October 15, 2009

ညီမလေး အူကြောင်ဘစ်တီးညီမပိစိ မွေးနေ့အမှတ်တရ

ထိုနေ့ ကမွေးနေ့ရှင်လေ ခုမြင်ရတဲ့ ဘောကွင်းပေါ် သူ့ရှေ့ကနှစ်ယောက် တလှည့်ဆီ ထိုင်ပြီးဓာတ်ပုံရိုက်တာ ချောနေတာပဲ သူ့အလှည့်ကျမှ ဘောကွင်းကြီးရေထဲပြုတ်ကျလေ၏ လူကတော့ ဆွဲထားလိုက်နိုင်လို့ ရေထဲဘောကွင်းနဲ့ အတူပါမသွားတာ .. .. ဟိ

Sunday, October 04, 2009

Test

ကြယ်ကလေး:
blog post အသစ်မတက်တာဝင်လို့မရလို့လား အမ?
ကြယ်ကလေး is online.
2mar: ဟုတ်တယ်
မောင်လေးရေ
အိုင်စီတီကော်နက်ရှင်က ဘာမှလုပ်စားလို့မရတော့ဘူး
ကြယ်ကလေး: email က တင်လို့ ရတယ်လေအမ
2mar: ဘယ်လိုတင်ရမလဲမောင်လေး
ကြယ်ကလေး: i find and send soon
2mar: ကျေးဇူးပါ
မောင်လေးရယ်
ကြယ်ကလေး: :)
Sent at 8:55 PM on Sunday
ကြယ်ကလေး: ပထမဆုံး Blog ကို Login ဝင်
ဝင်ပြီးရင် Posting, Setting, Layout တွေ့ရင် Setting ကို နှိပ်
2mar: ဟုတ်
ဟုတ်
ကြယ်ကလေး: နှိပ်ပြီးလို့ Basic, Publishing, ..., Email, OpenID, Permissions ဆိုတာတွေကို တွေ့ရင် Email
ကို နှိပ်
နှိပ်ပြီးရင် Mail-to-Blogger Address ဆိုတာတွေ့မယ်
2mar: ဟုတ်
ကြယ်ကလေး: သူ့ဘေးမှာ Username.Blank@blogger.com ဆိုတာတွေ့လိမ့်မယ်
Blank မှာ ကြိုက်တဲ့ စကားလုံးထည့်
2mar: သွားနေပြီ
ကြယ်ကလေး: Save Setting ကိုclick
2mar: ပီးပြီ
ကြယ်ကလေး: ပီးရင် Email ကိုဖွင့် ... To မှာစောစောက ကိုယ်ပေးထားတဲ့ Address (Username.SecretWord@blogger.com) ကိုထည့်
Subject မှာ Post Title ကိုထည့်
စာရေးတဲ့နေရာမှာ ကိုယ့်ထည့်ချင်တဲ့ ပိုစ့်ကို ရေး
ပုံတွေ၊ ရုပ်ရှင်တွေ ထည့်ချင်ရင် ရိုးရိုး ပိုစ့်တင်တုန်းက အတိုင်းပဲ လင့်တွေထည့်ဗျာ
2mar: ပီးရင်ဆန့်လုပ်လိုက်ရမလား
ကြယ်ကလေး: ပြီးရင် Send ကိုနှိပ်ဗျာ ...

နားလည်ပေးနိုင်မလား


ရင်ထဲမှာတခါတလေတော့လဲ ဒီလိုလေးခံစားရတာနဲ့

Wednesday, September 02, 2009

ပျော်ရတဲ့နေ့တနေ့

Face Book ကိုဝင်ဖြစ်တယ် လူသုံးများနေတာနဲ့ ဝင်ကြည့်တာ တော်တော်တော့စိတ်ဝင်စားဖို့ကောင်းတယ်
မှတ်မှတ်ရရ မဆက်သွယ်ဖြစ်ကြာပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့တယ် သတိတရတော့ရှိနေပေမယ့်အကြောင်းတွေတိုက်ဆိုင်မှ ဆုံတတ်ကြတာလေ သတိတော့ရနေတာပေါ့
နောက် တခုက သူငယ်ချင်းတွေရဲ့ မွေးနေ့တွေ လအလိုက် event ထဲဝင်ကြည့်လို့ရတယ်
သူငယ်ချင်းတွေလဲတယောက်တနေရာရောက်နေကြတော့ တာမွေ(၄) ကိုသတိရသွားတာနဲ့ အထက (၄)တာမွေ ဆိုပြီး ရှာလိုက်တာ ပျောက်နေတာကြာပြီဖြစ်တဲ့ မမျှော်လင့်ထားတဲ့ အမ တယောက်ကို တွေ့လိုက်ရတယ် ခုတော့အဆက်အသွယ်ရနေပြီး UK မှာရောက်နေကြောင်းစာပြန်လာတယ်
အော် နယ်မြေတွေပိုင်းခြားထားပေမယ့်ကမ္ဘာကြီးတကယ်ပဲကျဉ်းလာပြီလား ... ... ဒီထက်ပို ကောင်းလာဖို့ပဲမျှော်လင့်နေရတဲ့ မြန်မာပြည်ပါလားနော်... ... ...

Wednesday, August 26, 2009

ခပ်ညံ့ ညံ့ ဘီလူးတစ်ကောင်

(photo by Ko Kyaw Han Moe)


ငါ့ရင်ထဲ မီးလောင်နေတယ် နှလုံးသားတွေပြာကျနေပြီ
ငါ့စကားတွေဆွံ့အနေတယ်
ငါ့အတွေးတွေ အမြဲဝေဝါးနေတယ်
ဘာအတွက်ငါ ရှင်သန်နေတာလဲ ဘယ်မှာလဲ ငါ့စကားတွေ
နားလည်နိုင်သူ ငါ့မှာမရှိ
ငါ့အတ္တတွေ ငါ့ကိုတတိတိ သတ်နေတယ်
ငါ တရားရဲ့လား ပြန်မေးစရာတောင်မလိုဘူး
တလောကလုံးမှာ အညံ့ဆုံးကငါပဲ တောက်ခနဲကျတဲ့ အသံဟာ
ခံပြင်းမှုမဟုတ်ပဲ
ပျော့ညံ့စွာ ကျသွားတဲ့ ငါမျက်ရည်တွေ ဖြစ်သွားမှန်း
ငါကိုယ်တိုင်တောင် ငါ့ကိုယ်ငါပြန်မမြင်နိုင်ခဲ့ဘူး
တကယ်တော့ငါက ရုန်းမထွက်နိုင်တဲ့ ကြိုးတွေရဲ့
အားနည်းချက်တွေကို တောင်းပန်စကားတွေနဲ့
ကြိုးသွားရာကနေတဲ့ ခပ်ညံ့ညံ့ဘီလူးတကောင်ပေါ့

Thursday, August 20, 2009

ဇော်ဂျီဝမ်းဖောင့်မှ ယူနီကုဒ် 5.1 သို့ပြောင်းချင်ရင်

(မြန်မာဖောင့်တွေသေချာမမြင်ရရင် အပေါ်ဆုံးမှာညာဘက်ထောင့်မှာ zawgyi-one နဲ့ Unicode5.1 font ကို အဆင်ပြေသလိုချိန်းပြီးဖတ် နိုင်ပါတယ်။ မြန်မာယူနီကုဒ် လက်ကွက်လေးပါတင်ပေးထားပါတယ်။
စံတခုအနေနဲ့ပြောင်းသုံးတဲ့အခါအဆင်ပြေပြေ သုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ လိုအပ်သူတိုင်း ယူနိုင်ပါတယ်။)

ဒီ Box လေးကို ဘလော့မှာထည့်ချင်တဲ့သူတွေအတွက် Head နဲ့ Body ကြားမှာ ဒီကုဒ်လေး ထည့်ပေးရပါမယ်။



Friday, August 14, 2009

ထူးအိမ်သင်သီချင်းလေးတွေ နားထောင်မယ်

Myanmarmusiconline
Music.all-channel
Myanmarsongs
Myanmarmp3

နှစ်ယောက်မရှိနိုင်တဲ့ ရင်ထဲကသီချင်းငှက်


...ထူးအိမ်သင် ကိုယ်ရေးအကျဉ်း... REF : www.htooeainthin.com


ဖခင် ဦးထွန်းမြင့် နှင့် မိခင် ဒေါ်မြရင် တို့မှ ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ အမည်ရင်း ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု ချစ်စနိုးခေါ်ကြသည်။ မူလတန်း ပညာကို အမှတ် (၂၀) အ-မ-က တွင် ပညာသင်ကြားခဲ့ပြီး ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉-၈ဝ တွင် ဧရာဝတီတိုင်း ပုသိမ် ဒေသကောလိပ်သို့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒဖြင့် ဘွဲ့ရရှိခဲ့ပြီး မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး နာရီပေါ်မှ မျက်ရည်စက်များ စတင် သွင်းယူခဲ့ပြီး နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့ဖြစ်သည်။
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄ဝ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။

သေသောသူကြာရင်မေ့ ဆိုတာလဲမှန်ပါတယ် ဒါပေမယ့်မေ့မရလေသူတွေလဲရှိပါတယ် အစားထိုးမရနိုင်တာတွေလဲတပုံကြီးပါ ဒီအထဲကမှ အနုပညာကို နားလည်မခံစားတတ်တဲ့ အရွယ် ခပ်ငယ်ငယ်ထဲက သီချင်းတွေကို ရင်ထဲက လိုက်ဆိုတတ်နားလည်တတ်စေခဲ့တာကတော့ ကိုထူးအိမ်သင်ပါပဲ
သူ့ကို ကလေးဘဝက အပြင်မှာတခါပဲမြင်ဖူးပါတယ် သူ့သီချင်းတွေကို အားလုံးကြိုက်တယ် အဆိုတော်တွေများလွန်းတဲ့ထဲမှာမှ စာသားရော အသံရော သံစဉ်ရော သီချင်းရောအားလုံးသဘောကျခဲ့တယ် ဒီနေ့ထိလဲ သူဆိုခဲ့တဲ့ သီချင်းတွေကို ပြန်ဆိုတေး ဆိုရင် မခံစားနိုင်ဘူး နားထောင်လို့ အဆင်မပြေဘူး ပြန်ဆိုကြတဲ့ ထွန်းထွန်းတို့အဖွဲ့ကဆို လုံးလုံးမကြိုက်ပါဘူး (ကျွန်မရဲ့ အတ္တဆန်တဲ့ ခံစားချက်သက်သက်ပါ) သူ့အသံကို သူ့သီချင်းတွေနဲ့သာ သန့်သန့်လေးရှိစေချင်ခဲ့တာဒီနေ့ထိပါပဲ သူဆုံးတဲ့နေ့ ကမှတ်မှတ်ရရ ပထမဆုံးသိရတာ စာနင်းဇင်းသမားတွေနဲ့အဆက်အသွယ်ရှိတဲ့ ကိုဝဏ္ဏဆီကို ကိုမြတ်ခိုင် ဖုန်းဆက်ပြောတာပါ
သူ့သီချင်းတွေ သူ့အသံတွေ သူ့ဖန်တီးမှုတွေ သူ့အနုပညာတွေကို တကယ်ကိုဆုံးရှုံးရပြီအသိက ရင်ထဲကို
မွန်းကြပ်လာခဲ့တယ် သေချင်းတရားကို အပြစ်တောင်တင်နေခဲ့မိတယ် "စောတယ်ကွာ! ပြီးတော့ မင်းကိုယ်မင်းဂရုစိုက်သင့်တယ် မင်းကိုချစ်တဲ့ မင်းသီချင်းတွေကို ချစ်တဲ့သူတွေအတွက်လို့"ရေရွတ်ရင်း ငိုခဲ့ရတဲ့ နေ့တနေ့ ဟာ ... အခုဆို ..၅နှစ်တောင်ရှိခဲ့ပြီရော....
ချစ်ခြင်းအားဖြင့် ဆိုတဲ့စာသားလေးတွေကိုလွမ်းရင် အမှတ်တရနှစ်ပတ်လည်နေ့လေးကို သတိရခြင်းများစွာဖြင့်.....

ရင်ထဲရောက်နေတဲ့သီချင်းလေးတွေ......
ရင်မှာလှိုက်ဖိုသွားယုံလေး အချစ်ဆုံးကိုယ်ဘာကိုမှလဲမမျှော်လင့်ဘူး နာကျင်စွာ ကြင်နာသူ ကိုယ်အဝေးကငေးကြည့်နေရင်းရင်မှာချစ်ခဲ့မိတာ ရင်မှာလွမ်းရလဲကျေနပ်တယ် အချစ်လေး
တကယ်လို့များမဆုံနိုင်အောင်ဝေးခဲ့ကြရင် ငိုမှာလား ချစ်လားမေးရင် ကိုယ်ငြင်းမယ်


ကြင်နာစွာဖေးမပေးမယ့်ချစ်သူ အခုတော့ ဘယ်မလဲ
အဆိပ်သင့်စေတဲ့အပြုံးတွေရင်ထဲစွဲ.....
အချစ်တွေစုဝေးရာ ဒီကမာ္ဘကောင်းကင်ပြာအောက်မှာ
မေ့မရလွန်းတဲ့အတိတ်တွေ ကြေကွဲသွား....
ခေါင်မိုးပြို အိမ်မက်ကမာ္ဘ ငါ့ညတွေချောက်ခြားသွား...
မင်းထားခဲ့တဲ့အနမ်းတွေ ပြန်တမ်းတ...
တို့တွေဝေးပြီကွယ် ရင်မှာငိုမိခဲ့ ကိုယ်လေနားလည်ခွင့်လွှတ်ကာချစ်ခဲ့.....

ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးရယ်
ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ်
ကြယ်တွေစုံတဲ့ည ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့သီချင်းတွေလည်း ရင်တွေကွဲသွားအောင်ဆိုနေအုံးမယ်
အမေ့အိမ်ကိုလွမ်းတယ်........

Tuesday, August 11, 2009

ရင်ကွဲသံ

လူကိုခွေးဟောင်
သခိုးကလူဟစ်
လူမိုက် ဘုရင်ဖြစ်
နွံနစ်နေရတာတန်သလားကွာ .. တောက်!

Monday, August 10, 2009

နာစရာရှိရင် ရယ်စရာနဲ့ဖြေ

လောကကြီးရယ်
မသနားတတ်အောင် သင်ပေးပါ



လောကကြီးရယ်
အားမနာတတ်အောင် သင်ပေးပါ



လောကကြီးရယ်
ပြတ်သားတတ်အောင် သင်ေပေးပါ



လောကကြီးရယ်
မခံစားတတ်အောင် သင်ပေးပါ



လောကကြီးရယ်
မချစ်တတ်အောင် သင်ပေးပါ



လောကကြီးရယ်
နာကျည်းတတ်အောင်သင်ပေးပါ



လောကကြီးရယ်
လူတိုင်းနဲ့မတန်တဲ့စေတနာကို လူရွေးထားတတ်အောင်သင်ပေးပါ


လောကကြီးရယ်
သည်းခံတိုင်းစော်ကားတတ်တဲ့ အတ္တသမားတွေကို
မှတ်သားလောက်အောင် တစ်ခုခုတုံ့ပြန်ချင်ပေမဲ့



မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားတဲ့


အင်း... ..ဒါနဲ့ပဲ
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပေါ့


မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မှာပေါ့ဆိုပြီး ...စိတ်ကို လျှော့ လို့
Animated Icons

ဟားဟားဟား... ရယ်ရတဲ့ လောက
လို့သာ ရယ်နေလိုက်တော့တယ် ......
မရယ်ရဘူးလား

Saturday, August 08, 2009

Knowledge

အနုပညာ ကိုခံစားတတ်သူတို့သာပိုင်ဆိုင်သည်။ -> Paw Oo Thet

ကရဝိတ်


ဒီပုံလေးကလဲ Layer Mask ကြည့်ပဲလုပ်ထားတဲ့ပုံလေးပါ

Rainbow




Photoshop CS 2 နဲ့ ပုံလေးနှစ်ပုံကို Layer Mask လုပ်ပြီးဆက်ထားတယ် ပြီးတော့ ပုံနဲ့လိုက်တဲ့ ကဗျာလေးကိုတင်ထားလိုက်တယ်
Rainbow တဲ့

My Heart leaps up when I behold
A rainbow in the sky:
So was it when my life began,
So is it now I am a man,
So be it when I shall grow old
Or let me die!
The Child is father of the Man:
And I Could wish my days to be
Bound each to each by natural piety.
W. WORDSWORTH

Tuesday, August 04, 2009

ဘဝဆိုတာ

  • ဟားဟား တော်တော်ရယ်စရာကောင်းတဲ့ လောက
  • ငိုလိုက်ရတာလဲ ခဏခဏ
  • မာနတွေလဲပြာကျ
  • ဆန္ဒတွေလဲ မြိုမြိုချရင်း
  • ဒါဟာဘဝဆိုတာလဲသိခဲ့ပြီ

Tuesday, July 28, 2009

ဓာတ်ပုံဝါသနာရှင်တွေအတွက်


ABC Stout မှ Camera ဆုပေးမယ်ဆိုတော့ ညီမငယ် ငြီငြီ ကိုသတိရပြီး ဒီကြော်ငြာလေးကို ပို့စ်တင်လိုက်တာပါ...

Cannon Club Myanmar
Photo Competition
အပျော်တမ်းအဆင့်ပြိုင်ပွဲ
ကျန်းမာပျော်ရွှင်သောနေထိုင်မှု ဘဝ
ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံပေးပို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လိုက်နာရမယ့် စည်းကမ်းချက်တွေကတော့
၁။ ပြိုင်ပွဲဝင်တစ်ဦးလျှင်(၁၀” x ၁၂”)အရွယ် Digital Camera ဖြင့်ရိုက်ယူထားသော
ဓာတ်ပုံများကိုသာ ပေးပို့ယှဉ်ပြိုင်ရမည်။
၂။ ပြိုင်ပွဲဝင်ဓာတ်ပုံများသည် Black & White ဖြင့်သာရိုက်ကူးရမည်။
၃။ ပြိုင်ပွဲဝင်များသည် အပျော်တမ်းအဆင့် ဓာတ်ပုံရိုက်သူများသာ ဖြစ်ရမည်။
၄။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အစက်အပြောက်ဖာထေးခြင်းမှအပ Digital စနစ်ဖြင့်
ပေါင်းစပ်ပြုပြင်ထားခြင်းမပြုရ။ မောက်မကပ်ရ။ လိပ်၍မပို ့ရ။ (၁၀” x ၁၂” ) ဆိုက်ဒ်တွင်
ဆေးသားအပြည့်ကူးပါ။ ဘောင်မခတ်ရ။
၅။ ပြိုင်ပွဲဓာတ်ပုံများသည် ပြိုင်ပွဲဝင်သူကိုယ်တိုင်ရိုက်ကူးထားသော ပုံဖြစ်ရမည်။
ဓာတ်ပုံရိုက်ကူးပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ အရှုပ်အရှင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက
သက်ဆိုင်ရာယှဉ်ပြိုင်သူ၏ တာဝန်သာဖြစ်သည်။
၆။ ဆုရရှိသောဓာတ်ပုံများကို ABC Stout မှလိုအပ်သလို အသုံးပြုခွင့်ပေးရမည်။
၇။ MBLမှ ရွေးချယ်ထားသော အကဲဖြတ်အဖွဲ့ဝင်တို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်မည်။
၈။ ပြိုင်ပွဲဝင်ခွင့်ပုံစံကို ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။
၉။ MBLဝန်ထမ်းများနှင့် ယခု Promotion နှင့်ပတ်သတ်သော Agency ဝန်ထမ်းများ
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရ။
၁၀။ ဆုရရှိသောပုံများ၏ မူရင်း Jpeg (သို ့) Raw File များကို MBL သို ့သတ်မှတ်ချိန်
အတွင်း ပေးပို ့ရမည်။

ပြိုင်ပွဲဝင်ပုံစံများထုတ်ယူနိုင်သောနေရာများ က

1/. MBL Sales Office
(No. 61, Sayar San Road, Bahan)
2/. Canon Showroom(Aung San Stadium)
3/. Canon Club Myanmar
(Level - 11, FJV Commercial Centre, Strand Road)
4/. All ABC Outlets

့ ပြိုင်ပွဲဝင်ခွင့်ပုံစံ
အမည် ............................
မှတ်ပုံတင်အမှတ်.......................
နေရပ်လိပ်စာ..................
ဖုန်းနံပတ်........................
ပုံစံကို မှန်ကန်ပြည့်စုံအောင်ဖြည့်ပြီး Canon Club Myanmar
(Level - 11, FJV Commercial Centre, Strand Road) ကိုပို့ပေးရမှာပါ။
နောက်ဆုံးပို့နိုင်တဲ့ရက်က ဩဂုတ် ၃ဝ ရက်ဖြစ်ပါတယ် ..
ရမယ့်ဆုတွေကတော့
1st Prize - Canon 5D MarkII
2nd Prize - Canon Canmcorder 2R930
3rd Prize - Canon Canmcorder 2R900 သုံးဆုပေးမှာဖြစ်ပါတယ်။..

ညီမငယ် ငြီငြီရေ ပထမဆုလေးနဲ့ထိုက်တန်တဲ့သူဖြစ်ပြီး
စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိပါစေ....

Sunday, July 26, 2009

အမှတ်တရ

ဒီလုပ်ငန်းလေးကိုစလုပ်ဖြစ်တယ် စိတ်ဝင်စားစရာလဲကောင်းပါတယ် ကြွေခွက်လေးတွေပေါ်မှာ အမှတ်တရ တခုခုရေးပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ ဓာတ်ပုံ ထုတ်နိုင်တဲ့ အလုပ်လေးပါ။...
ကိုယ့်အမှတ်တရတွေ ကိုယ်ချစ်တဲ့သူတွေအတွက် မှတ်မှတ်ရရ ပစ္စည်း ဆန်းဆန်းလေးပေးချင်တဲ့ သူတွေအတွက်ဆိုတော်တော် အဆင်ပြေပါတယ် အချိန်လဲအများကြီးပေးစရာမလိုပဲ သင့်တင့်တဲ့တန်ဖိုးနဲ့ ချစ်စရာအမှတ်တရတွေ ပုံဖော်ေပေးနိုင်ခဲ့ရင်တော့ ကျေနပ်စရာပဲပေါ့.....
ပျော်ရွှင်စရာအမှတ်တရတွေဖြစ်ကြပါစေ.....

အစိမ်းရောင်



ဒီအရောင်ကို ပုံမှန်အားဖြင့်မကြိုက်တတ်ပေမဲ့ ကွန်ပျုတာကိုတရက်မှာ ၁၈ နာရီလောက်ကြည့်နေတတ်တဲ့ သူ့အတွက်စဉ်းစားလိုက်တဲ့အခါတွေရယ် မြန်မာအလှ ဓာတ်ပုံပြခန်းလေးတခုထားချင်နေတဲ့ဆန္ဒ တွေကြောင့် ခရီးသွားတိုင်း ရန်ကုန်မှာမြင်ရလေ့မရှိတဲ့ ရှုခင်းစိမ်းစိမ်းတွေကို မလွတ်တမ်းဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ အမြဲကွန်ပျုတာနဲ့ ထိတွေ့နေရတဲ့သူတွေအတွက် အစိမ်းရောင်ရှုခင်းလေးတွေက မျက်စိအေးစေမယ်ထင်လို့ပါ။ မန်းတောင်ပေါ်ကရှုခင်းလေးပါ။ မိုးရာသီရဲ့အေးမြမှု၊ အပင်စိမ်းစိမ်းနုနုလေးတွေကလာတဲ့ လေအေးအေးလေးကို စိတ်ကူးနဲ့ ခံစားရင်း ချမ်းမြေ့ပျော်ရွှင်ကြပါစေ... ။

Thursday, July 09, 2009

လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်

ဖတ်ဖူးတာလေးပါ...ဆိုပြီး စကာင်္ပူရောက်နေတဲ့ သူငယ်ချင်းကပို့လာတဲ့ မေးလ်ကို တင်ပေးထားတာပါ

(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့်
ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။
ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော
ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို
(ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့်
ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။
(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။
(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို. ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း (၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြု
လိုက်ပါသည်။
တရုတ်ပြည်မှပေးပို.သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။




Saturday, June 27, 2009

ဖေဖေ့ရဲ့ ၆၂ နှစ်ပြည့် မွေးနေ့


ဒီနေ့က တော့
ဖေဖေ့ရဲ့ ၆၂ နှစ်ပြည့် မွေးနေ့မွေးရက်မွေးလ တထပ်တည်းကျတဲ့နေ့ ပါ။
ဖေဖေ အတွက်မေမေ ကအုန်းနို့ခေါက်ဆွဲ ဆွမ်းလောင်းပါတယ်။
ဖေဖေ ကျမ်းမာပါစေ။ အသက်ရာကျော်ရှည်ပါစေ.။။

Sunday, June 14, 2009

မေမေ့မွေးနေ့ ၁၄.၆.၂၀၀၉ တနင်္ဂနွေနေ့


အမေ

အမေ အငယ်ဆုံးဖြစ်ပြီး အမေနဲ့ဆိုဘယ်တော့ နားလည်အောင်ရှင်းမပြပဲ အမြဲ နားလည်ပေးမှာပဲလို့ တထစ်ချတွေးတတ်တယ် တွေးတတ်လုပ်တတ်တယ် အနိုင်ယူတတ်တတ်တယ် သမီးအတွက်တော့ ဒီနေ့ဒီအချိန်ထိ အမေ ၊ အဖေဘေးမှာရှိနေတာ နေခွင့်ရနေတာ သမီးဘဝအတွက် အကောင်းဆုံးဆုတစ်ခုပါပဲ မေမေ့ ကိုသမီးချစ်ပါတယ် အမေ့ရဲ့ ၆၄နှစ်ပြည့်တဲ့ဒီနေ့မှာ မေမေ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်အောင်မလုပ်ပေးနိုင်တာရှိခဲ့ရင် သမီးကိုခွင့်လွှတ်ပါ ...
မေမေ ပျော်ရွှင်ပါစေ မေမေ့ကိုစိတ်ချမ်းသာအောင်ထားနိုင်တဲ့ ကျေးဇူးဆပ်ခွင့်ရတဲ့သမီးဖြစ်ပါရစေ.. မေမေ ..

Thursday, June 04, 2009

ရှမ်းရိုးမ

မြန်မာ့သစ်ခွ

မူဆယ်ဈေးနေ့







မြင်နေကြမဟုတ်တဲ့ မြင်ကွင်းတွေပဲရွေးရိုက်ခဲ့တယ် မူဆယ်မြို့ရဲ့ ဈေးနေ့မနက်ခင်းလေးပါ။

Wednesday, June 03, 2009

ကျောက်မဲမြို့အဝင်က နဂါးမောက်သီးခြံ



အပွင့်ပွင့်တဲ့အချိန်ပါ တစ်လုံးကို ၂၀၀ဝလောက်ဈေးရပါတယ်

၁၀၅ မိုင် သစ်သီးပွဲရုံ


ကျောက်ဆည် ၊ဟန်မြင့်မိုလ် ဘက်မှ တင်ပို့တဲ့သရက်သီးဖာတွေကို ဒီရာသီမှာအတင်များပါတယ်
ဧပရယ် မေ ဇွန်ဇူလိုင် ထိသရက်သီး ရာသီလို့ ဆိုနိုင်ပါတယ် သစ်သီးပွဲရုံတွေက သရက်သီးထွက်ရာဒေသတွေမှာ ငွေကြိုပေးစနစ်၊ အပင်လိုက်ဝယ်ယူစနစ် တွေနဲ့ ကြို ပြီး အရင်းအနှီး ပေးထားရတယ်လို့လဲသိရပါတယ်။ တရုတ်ဘက်မှကုန်သည်တွေက သစ်သီးပွဲရုံမှာပဲ တိုက်ရိုက်အဝယ်ဆင်းဈေးဖြတ်ပေးလို့ သရက်လာပို့တဲ့ ခြံရှင်တွေငွေပေါတဲ့ အချိန်ဖြစ်ပါတယ်။ သရက်သီးတစ်ဖာမှာ အလုံးအကြီးအသေးပေါ်မူတည်ပြီး ဈေးရတာ မတူတတ်ပါဘူး။ တရုတ်ငွေ မြန်မာငွေနှစ်မျိုးစလုံး သုံးနိုင်ပါတယ၊် တစ်ယွမ်ကို အဲဒီအချိန်က ၁၆၅ဝ ကျပ်ပေါက်ပါတယ်။
ဒီကုန်သည်တွေကငွေကို ပစ္စည်းပြန်ဝယ်ဆင်းတတ်ကြလို့လဲ မူဆယ်မြို့လေးဟာ ရောင်းမှု ဝယ်မှုတွေနဲ့ အမြဲအသက်ဝင်နေတတ်ပါတယ်။

ကွတ်ခိုင်မြို့အဝင်ကအိမ်လေး

ရာသီဥတုဒဏ်ခံနိုင်အောင် နွားချေး ကောက်ရိုး မြေဆေးသုံးခုပေါင်းကိုရောနယ်ပြီး ထရံမှာကျံပေးထားတာပါ ဆောင်းတွင်းဆို နွေးနေပြီးနွေမှာ အေးနေတယ်လို့ဆိုပါတယ် ကွတ်ခိုင်မြို့အဝင်ကအိမ်လေးပါ
သဘာဝကပေးတဲ့ အသိနဲ့ဆောက်ထားတဲ့ အိမ်လေးပါ

မူဆယ်လမ်း












သိန္ဒီမြို့ တောင်တက်လမ်း