ကိုယ့်ကိုကိုယ်ဆုံးမဖြစ်တဲ့ ကဗျာလေးဖြစ်သလို ချစ်ခင်ရတန်ဖိုးထားရတဲ့
သူငယ်ချင်းတွေ ခင်မင်သူတွေက သည်းမခံနိုင်စရာ
အဖြစ်အပျက်လေးတွေလုပ်လာတဲ့အခါ အရောင်ပြယ်လာတဲ့ ခင်မင်မှုတွေတွေ့လာတဲ့အခါ
ပြန်ဖတ်ဖြစ်တတ်တဲ့ ကဗျာလေးပါပဲ သူငယ်ချင်းတော်တော်များများကို
ပို့ပေးခဲ့ဖူးပါတယ်...
သူတို့ မေ့လောက်နေပြီဖြစ်မှာပါ..ကဗျာလေးနာမည်က တန်ဖိုးထား ပါတဲ့...........
တန်ဖိုးထားပါ
သင့်ကို ချစ်ခင်သူ တစ်စုံတစ်ယောက်သင့်မှာရှိပါသလား
သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် ဇနီးခင်ပွန်း တစ်ယောက်
ဘဝရဲ့အခက်အခဲအလုံးစုံကို ဖြတ်သန်းပါရစေ
သင့်အပေါ်မှာ သစ္စာရှိလေသူ တစ်စုံတစ်ယောက် သင့်မှာရှိပါသလား
ခွင့်လွှတ်အနစ်နာခံတာတွေ ကြင်နာမှုတွေ မညည်းမညူ လုပ်ကိုင်ပေးတာတွေ
သူတို့ကသင့်အတွက် ဆောင်ရွက်ပေးခဲ့တဲ့ သည်အရာလေးတွေကို
သည်အတိုင်းဖြစ်ရိုးဖြစ်စဉ်တစ်ရပ်လို့သင်သဘောထားပါသလား
သင့်ထံရောက်ရှိလာတဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း သည်အတိုင်းဖြစ်ရိုးဖြစ်စဉ်တစ်ရပ်လို့
သင်သဘောထားပါသလား သင်မှတ်ယူထားပါသလား
ဒီလိုဆိုရင်ချီးမွမ်းစကားဆိုရတာ ကျေးဇူးစကားပြောရတာဟာ လွယ်ကူတဲ့ကိစ္စတစ်ရပ်ဆိုတာကို
သင်အမှတ်ရလိုက်ပါ
တစ်စုံတစ်ယောက်က တမ်းတကောင်းတမ်းတနေနိုင်တဲ့
အပြုံးတစ်ပွင့်ဝေရတာ အနမ်းတစ်ပွင့်ပိုချွေရတာကလည်း ဘာမှမခက်ခဲဘူးဆိုတာ သတိရလိုက်ပါ
သင့်မှာဂုဏ်ခံနေလို့ဖြစ်စေ၊ ရှက်ရွံ့နေလို့ဖြစ်စေ
သဘာဝကျတဲ့ခံစားချက်ကို ထုတ်ပြရမှာများ သင်စိုးရွံ့နေပါသလား
မေတ္တာစကားတွေကို ဒီနေ့ကစဆိုပါ
သေလွန်ပြီးမှ နှုတ်ဆိတ်နေတဲ့ဓာတ်ပုံတွေကိုကြည့်ကာ စကားပြောနေလို့
ဘာမှအကျိုး ရှိမလာနိုင်ပါ
ချစ်ခြင်း မေတ္တာဆိုတာ အသက်ရှင်စဉ်မှာ ဖော်ပြသင့်တဲ့အရာ၊ အုတ်ဂူကမ္မည်းစာထဲမှာသာ
ရေးထိုးသင့်တဲ့အရာမဟုတ်ပါ
--
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \
No comments:
Post a Comment