Friday, March 16, 2012
ဒီပုံလေးနဲ့ ဂါရဝပြုပါတယ် အမေစု..
ဒီလိုပုံလေးတစ်ပုံ ရဖို့အတွက် တော်တော်ကြာခဲ့တယ်
မှတ်မှတ်ရရ ခြောက်လလောက်တောင်ရှိမလားပဲ ရန်ကုန်မီးကြောင့် Save မလုပ်မိလို့ ပြန်လုပ်ရတာ အခါခါ စိတ်တိုင်းအကျကြီးမဟုတ်ပေမယ့် 17.3.2012 ရက်နေ့ ဒီနေ့မှပဲ ကျေနပ်တဲ့ ပုံလေးတော့ရလာတယ် အမှတ်တရ သူငယ်ချင်းတစ်ယောက်ကို တီရှပ်ပေါ်မှာရိုက်ပြီး မွေးနေ့လက်ဆောင်ပေးဖို့ရည်ရွယ်ထားတယ်
ကြိုက်လို့ နှစ်သက်လို့ ယူသုံးချင်ရင်လည်းသုံးရအောင် ဘလော့မှာတင်ပေးလိုက်ပါတယ် ...
Thursday, February 09, 2012
အမှတ်တရ အထက်မြန်မာပြည်ခရီး.... With My Sweet Family
သားလေးဇွဲဇွဲ ၄နှစ်ပြည့်မွေးနေ့မှာ မိသားစု နဲ့အတူ အထက်မြန်မာပြည်ဘုရားဖူးထွက်ဖြစ်တယ်။၂၁ရက်နေ့ ညနေ၄နာရီလောက်ရန်ကုန်ကနေစထွက်တော့ သားကဖျားနေတယ် နေမကောင်းပေမယ့်ဖြစ်အောင်ခရီးကိုစီစဉ်ခဲ့ရတယ်မန္တလေးမြို့ကိုည ၂နာရီလောက်ရောက်တော့ တည်းနေကြ ၈၁လမ်းက စိန်စိန်ဟိုတယ်မှာ တရေးလောက်အိပ်ကြတယ် မနက်၉နာရီလောက် မနက်စာစားပြီး စစ်ကိုင်း မင်းကွန်းကို စပြီးထွက်ခဲ့တယ် လမ်းတလျှောက် ဧရာဝတီမြစ်ကြီးကို ဝေ၀ါးဝါးနဲ့ ကြည့်ရတာ မရိုးနိုင်တဲ့ ရှုခင်းပါပဲ အမှတ်တရ မြစ်ကမ်းဘေးမှာ စစ်ကိုင်းတောင်ရိုးကိုနောက်ခံထားပြီးဓာတ်ပုံရိုက်ခဲ့တယ
မင်းကွန်းလမ်းပြင်နေတာနဲ့ လမ်းသစ်ကနေသွားရတယ် အမြင်တစ်မျိုးနဲ့စစ်ကိုင်းချောင်ဇရပ်သွားလမ်းလေးတွေတွေ့ရတယ် မင်းကွန်းပုထိုးတော်ကြီးရောက်တော့ အတွေးတွေကများရတယ် ဒီဘုရားကြီးကို ဘာကြောင့် ထုနဲ့ထည်နဲ့ ဒီလောက် တောင် အကြီးကြီး တည်ထားရတာလည်း ပြီးတော့ ပြီးဆီးသွားရင် ဘယ်လိုဖြစ်မှာလည်း တွေးစရာပါပဲအလုအယက်ရှင်းပြကြတဲ့ကလေးတွေကတော့ မနားတမ်းပြောပြရင်း မုန့်ဖိုးရှာနေကြရှာတယ် နိုင်ငံခြားသားတွေတော်တော်များများကတော့ မန္တလေးကနေ သင်္ဘောနဲ့လာကြတာများတယ် အပင်တွေမှာ ကလေးတွေကို ပိုက်ဆံမပေးခြင်းဖြင့် စာရိတ္တမပျက်ပြားအောင်ကူညီကြဖို့ မေတ္တာရပ်ခံစာတွေ ကပ်ထားတယ်။ အင်း...ဒါလည်းလိုအပ်တာပဲ...လေ..မြသိန်းတန်ဘုရားပေါ်တက်ပြီးရှုခင်းတွေကြည့်ဘုရားဖူးပြန်ဆင်းလာတယ် ပန်းချီပြခန်းတွေတော့မကြည့်တော့ဘူး ကြည့်ရင် ဝယ်ချင်နေမှာလေ.. လိုချင်စရာတွေကြည့်ပဲကိုး.....မင်းကွန်းကပြန်တော့ ဥမင်သုံးဆယ်ဘုရားကိုရောက်တယ် နောက် ဆွမ်းဦးပုညရှင်စေတီတော်ကြီးရောက်တယ် အပြန် ကောင်းမှုတော် ဝင်တယ် ထုံးဖြူရောင်ကောင်းမှုတော် စေတီကြီးက ရွှေရောင်တွေအပုံလိုက်ချထားသလို နေရောင်မှာ လင်းလက်နေတယ် သနပ်ခါးတွေ မြန်မာ့ရိုးရာ ကစားစရာ ပစ်တိုင်းထောင်ရုပ်တွေ သံပတ္တလားလေးတွေ ဇီးကွက်ရုပ်တွေစောင်းတန်းမှာရောင်းနေတာတွေ့တော့ သားကကျကျနနထိုင်လို့ ပတ္တလားထိုင်တီးနေလေရဲ့.. ဒါနဲ့ပဲ ပတ္တလားဝယ်ခဲ့ရတယ် ...ပန်းဝါမြန်မာဘူဖေးဆိုင်မှာထမင်းစားပြီး အချိန်ရှိသေးတာနဲ့ အင်းဝကိုရောက်ခဲ့တယ် အင်းဝမြို့ရိုးကြီးက ခုထိ အုတ်ပုံတွေရှိနေတုန်းပဲ တစ်ချိန်ကဒီနေရာမှာ အင်းဝရွှေပြည်ဆိုတာ ရှိခဲ့တာ အခိုင်အမာပါလားလို့တွေးဖြစ်တယ် နှမြောလည်းနှမြောသလိုပဲ.... ခုတော့ရွာတရွာ မြို့နယ်တစ်ခုလောက်သာသာနဲ့ မြို့ရိုးကနေဝင်လိုက်ပြန်တော့ ငှက်ပျောပင်တွေ နွားတွေဖုန်းတွေ နဲ့ မြက်ပင်တွေ ကြီးစိုးလို့တချို့လည်း အိမ်တွေဘာတွေဆောက်ပြီးနေလို့ .... ဖုန်းတွေကြားထဲမှာအင်းဝရွှေပြည်ကြီးကြီးကို မှန်းတောင် မျှော်ကြည့်စရာမရှိတော့ပါလား.....နန်းမြင့်မျှော်စင် မယ်နုအုတ်ကျောင်း... ဓာတ်ပုံရိုက်ဖြစ်တယ် .. နောက်တနေရာကတော့ ဗားကရာကျွန်းတိုင်လုံးတွေနဲ့ကျောင်းကြီးရှိရာကိုရောက်ပြန်တယ်နိုင်ငံခြားသားတွေက မြင်းလှည်းတစ်စီး ၅၀ဝ၀နဲ့ ငှားပြီးလာကြတာ အများကြီးပဲတွေ့ရတယ်ကျောင်းပေါ်မှာ ကျွန်းပြားတွေက မပြုမပြင်နဲ့ သံတွေထိုးထွက်နေပြီ ပျဉ်တွေ ယိုင်နဲ့နေပြီ သတိမထားခဲ့မိလို့ ပျဉ်ချပ်ကျွံကျခဲ့တာကြောင့် ကျွန်းတိုင်လုံးကြီးအားပါးတရဖက်ထားခဲ့ရတဲ့ ကိုယ့်အဖြစ်ကတော့အမှတ်တရပါပဲ.. နေရာတိုင်းမှာ နိုင်ငံခြားသားများကိုစောင့်ရှောက်ပါဆိုတဲ့ အပြာရောင်ဆိုင်းဘုတ်တွေကပ်ထားလေရဲ့နောက်ထပ် နေရာတနေရာကတော့ အမရပူရက ဦးပိန်တံတားပါပဲ ညနေဆောင်းနေပြီ နေဝင်နေပြီဆိုတော့ လူတွေစည်ကားနေတာပေါ့ဒီမှာလဲထုံးစံအတိုင်း မြန်မာလူမျိုးတောင်မနည်းရှာယူရမလိုပါပဲ ... တံတားပေါ်မှာလည်း လမ်းတောင်လျှောက်လို့မရအောင် များပြားလိုက်တဲ့လူတွေလှေစီးနေတဲ့သူတွေကစီးနေလေရဲ့ ဓာတ်ပုံရိုက်တဲ့လူတွေကလည်း ရှုထောင့်စုံကနေရိုက်နေကြတယ် ကိုယ်ကတော့ လူတွေများနေတဲ့ဦးပိန်ကြီးကို ဝတ်ကျေတန်းကျေပဲဓာတ်ပုံရိုက်ခဲ့တယ် တစ်နေ့တာ အတွက်သွားခဲ့တဲ့ခရီးစဉ်က ဒီနေရာမှာ အဆုံးသတ်ခဲ့တယ်... ညစာစားတော့ အတော်တောင်နောက်ကျနေခဲ့တယ်... အမှတ်တရ 22.1.2012
Saturday, January 14, 2012
Facebook Cover Photos Wish, Diary
Facebook Cover Photos Wish, Diary
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \
Diary
မြန်မာပြည်အစွန်လေးမှာ သွားနေဖို့ဆုံးဖြတ်တော့ ငိုလိုက်ရတာနေ့တိုင်းပဲ နိ်ုင်ငံရပ်ခြားမှာနေနေရတဲ့ သူတွေ ဘယ်လောက်တောင်
လွမ်းလိုက်မလဲ ပြန်လာချင်လိုက်မလဲ ဘယ်မှာနေနေ ပျော်လို့ပဲဖြစ်ဖြစ် မပျော်လို့ပဲဖြစ်ဖြစ် မြန်မာပြည်က မြန်မာတွေအတွက် အကောင်းဆုံးနေရာပါပဲ
အမြဲသတိရ၊ တမ်းတစေခဲ့ရတဲ့ ထူးအိမ်သင်သီချင်းလေးထဲကအတိုင်း နွေးထွေးလုံခြုံတဲ့ နေရာက အမေ့အိမ်ဖြစ်နေလို့ပဲပေါ့
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \
Monday, December 19, 2011
Best Friend
သူငယ်ချင်းဆိုတာ မရှိမကောင်း ရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခက် နီးတကျက်ကျက် ဝေးတစ်သက်သက် မတည့်အတူနေဆိုသလို တည့်လွန်းတော့ရန်ဖြစ်ရတယ် အသက်နဲ့လဲမဆိုင် ရင့်ကြတ်ချင်ရောင်ဆောင်ပြီး ဟန်ဆောင်ခွင့်လွှတ်ပေမယ့် တကယ်တမ်းကျတော့ အားမနာတမ်းပြောဆိုပစ်လိုက်ရမှ ကျေနပ်သွားသလိုလို.. အဲ နောက်ကျတော့လဲ လွယ်လွယ်မေ့ပျောက်လို့ မတွေ့တာကြာပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုံကြရင်း ပြန်ချစ်ကြလို့ ရန်ဖြစ်ဖို့ အားယူနေကြပြန်တယ်.. ထို့ကြောင့် သူငယ်ချင်းဆိုတာ ကိုယ့်ကို ဒုက္ခအပေးဆုံးသူများ ဖြစ်သလို ကိုယ်ဒုက္ခပေးတာ အခံရဆုံးသူများလည်း ဖြစ်ကြသည်။ ။
သူငယ်များသို့ အမှတ်တရ...
Friday, December 09, 2011
လတ်တလော စိတ်ခံစားမှု
မရောက်တာကြာပြီဖြစ်တဲ့ ရွာကိုရောက်ခဲ့တယ် အဖိုးနဲ့အဖွားကိုကန်တော့ဖို့တနှစ်မှာတခါတော့အမြဲလိုရောက်ဖြစ်တဲ့ရွာကလေး...
ဒါပေမယ့် ရွာမှာအရင်လို အစိမ်းရောင်တွေ များများမမြင်ရတော့ဘူး အသီးတွေခပ်များများအပင်တွေမရှိတော့ဘူး ရွာကျောင်းမှာ သစ်သားကျောင်းကနေ အုတ်ခံပြောင်းတာကလွဲလို့ မူလတန်းအဆင့်ကျောင်းလေးထွေထူးပြီး
တိုးတက်နေတာ မတွေ့ရဘူး အရင်ကရွာသူကြီးကအသက်ခပ်ကြီးကြီး သိပ်အချမ်းသာကြီးထဲကမဟုတ်ဘူး အခုတော့ အချမ်းသာဆုံးလို့ဆိုသူက ရွာသူကြီးအဖြစ်
နှစ်ကာလအတော်ကြာနေရာယူလို့ ... ရွာ အပြောတော့ လူကြီးကွင်းဆင်းရင် စရိတ်ခံနိုင်တဲ့သူကိုရွာသူကြီးထားမှအဆင်ပြေသတဲ့.. ပြီးခဲ့တဲ့ကာလ မဲပေးတုန်းက တဆညနဲ့ ကြံ့ဖွတ်အဲမှားလို့ ကြံ့ခိုင်ရေး၂ခုမဲကို လူကြီးထည့်စေချင်တာ မဲမဆွယ်ပဲ
ထည့်ပေးကြတဲ့ရွာ... အကြွေးတွေနဲ့ မကင်းရာမကင်းကြောင်း အငြိုငြင်ခံလို့မဖြစ်ဘူးဆိုပြီး မဲထည့်ကြတဲ့ ရွာ... ...
အိမ်တိုင်း နွားတွေလှည်းတွေနဲ့ စပါးရိတ်ချိန်ကျော်တဲ့ ဒီလိုအချိန်ဆို ရွာနောက်ဘက်ကွင်းထဲစပါးနယ်ရင်း သီချင်းတကြော်ကြော်စည်ကားခဲ့တဲ့ရွာ...
ခုတော့ ရွာနောက်ဖက်လည်းချောက်ကပ်နေလေရဲ့.. လူငယ်တွေ ဘယ်ရောက်ကုန်လဲ...မေးစရာရှိသလိ်ု... ဘာလို့ချောက်ကပ်နေရသလဲ အဖြေထုတ်စရာလဲရှိသည်။
လူငယ်တွေ မလေးရှားနဲ့ မြဝတီ နယ်စပ်တွေရောက်ကုန်ကြသည်. မိသားစုစားဝတ်နေရေးအတွက်စွန့်စားပြီး မြို့တက်လို့ အလုပ်လုပ်ရင်း...
လယ်ထဲဆင်းဖို့လူတွေရှားပါးနေခဲ့ရသည်.. ညနေတောင်မဆောင်းသေးပေမယ့်
ခပ်ထွေထွေသီချင်းသံလေးလေးနဲ့ရေချိန်ကိုက်နေတဲ့သူတွေတော့ရွာလမ်းမှာ ဟိုဒီလျှောက်လို့...
ခပ်ငယ်ငယ်တုန်းက မောင်နှမတွေ စပါးသိမ်းချိန် နှမ်းသိမ်းချိန် တောင်လိုပုံနေတဲ့နှမ်းပုံတွေပေါ်တက်ထိုင်ရင်း
စားကျက်မှာလွှတ်ထားတဲ့နွားတွေ ဗိုလ်လုတဲ့နွားတိုက်ပွဲကြည့်ခဲ့တာမှတ်မိနေသေးသည်။
နှမ်းတွေလဲတောင်လိုပုံမနေတော့ပါ.. နေဝင်ဆည်းဆာမှာ နွားတွေလဲစားကျက်လွှတ်တာမတွေ့ရတော့ပါ...
အော် နွားတကောင်ဝယ်ဖို့ မလွယ်တော့ဘူး ငါမြေးရဲ့ ဆိုပြီး ပြောတဲ့ အဖိုးစကားကိုသတိရမိပြန်သည်။
လယ်ပိုင်ရှိပြီးလယ်လုပ်ချိန်မှ နွားငှားပြီးလုပ်နေရတဲ့ တဲ့အဖိုးတောင် သားတွေသမီးတွေမလုပ်နိုင်တော့ သီးစားချထားပြီး ဘိုးမွေဘွားမွေကိုမပျောက်အောင်ဆက်လက် လုပ်ကိုင်နေသေးပေမယ့်
၉၆နှစ် အဖိုးမှာ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပြီ... သက်ကြီးစကား သက်ငယ်များ နားထောင်ရန်အချိန်မပေးနိုင်တော့ပြီ...
လယ်ဆိုတဲ့အတိုင်း စပါးရတော့အကြွေးဆပ်.. ငွေချေးရင်းစပါးစိုက်နွားငှား ..ဖြင့် သံသရာလည်နေတော့သည်။
အလှတရားတွေနဲ့ကျေးလက်အငွေ့အသက်စစ်စစ်မရနိုင်တော့ပြီ။ ... နှမြေစရာကောင်းလေစွ။ ...
ယနေ့တိုင် တပ်မတော်မှ ထွက် ဝါသနာအရဆေးကုနေတဲ့ ဒေါက်တာရမ်းကုဖြင့် ကျန်းမာရေးကိုဖြေရှင်းနေတုန်းဖြစ်သည်။....
ခွေးရူးကိုက်လို့ အသက်ဆုံးရတဲ့ကလေး၊ ကလေးမွေးရင်းသွေးလွန်လို့ဆုံးတဲအမေတွေ
မြွေကိုက်လို့ ဘုန်ကြီးနှင့် မန်းရင်း ဆေးကုလို့ သေဆုံးတဲ့သူတွေ ယခုတိုင်ရှိနေသေးသည်။
တနေ့တော့ မပြောင်းလဲသင့်တာတွေတည်မြဲနေဖို့ ပြောင်းလဲသင့်တာတွေ ပြောင်းလဲပစ်နိုင်ဖို့ ရည်သန်ခဲ့မိသည်။ ...... တနေ့တော့ ဖြစ်လာမည်။
Sunset
Wednesday, October 05, 2011
Baby Aung Ko Latt
My Sweet Naphew
--
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \
Monday, October 03, 2011
စာလုံးတွေမမြင်ရဘူးဆိုသူတွေအတွက် လေ့လာနိုင်မယ့်
ဝက်ဆိုက်လေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်
https://addons.mozilla.org/en-US/firefox/addon/myanmar-converter-pro/
http://www.myanmarlanguage.org/tools/nhm-keyboard-unicode