Tuesday, November 23, 2010

အမှတ်တရဖြင့်ပျိုး၍ ပွင့်သောပီတိ


ဒီးပန်းပင်လေးကို ၂၂ရက် မတ်လ ၂၀၀ရခုနှစ်က ဈေးကဝယ်ပြီးစိုက်ထားခဲ့တယ် ကျွန်မ စေ့စပ်တဲ့နေ့ အမှတ်တရအနေနဲ့ စိုက်ခဲ့တယ် ထူးထူးခြားခြား ဒီနှစ်တွေမှာ တက်လိုက်ကျလိုက်ကွေ့လိုက်ကောက်လိုက် ဘဝနဲ့အတူ ဒီပန်းပင်လေးက အိမ် ၂အိမ်ပြောင်းတဲ့အထိ ကျမ မက်မက်မောမော သယ်ခဲ့ ရာကို ပါလာခဲ့တယ် ဒီနေ့ထိဆို ဒီပန်းပင်လေးက သားဇွဲဇွဲထက်တောင် အသက်ကြီးသော ပန်းလေးတွေ ပွင့်လို့ ရှင်သန်နေတုန်းပါပဲ အချစ်နဲ့ တည်ဆောက်ထားတဲ့ ကျမရဲ့ အိမ်ထောင်ရေးက လျှာနဲ့သွား ဆိုသလို ခလုတ်ခဏခဏခလုတ်တိုက်တတ်ပေမဲ့ ပျော်စရာ သာယာသောမိသားစုလေးအဖြစ် ရှိနေပါတယ် ... ဒီအပင်လေးက အခုလိုပန်းတွေပွင့်ရင် သူရော ကျမရော အဆင်ပြေမှုှုတွေ ရောက်လာတတ်တယ်လို့လဲ ပျော်ရွှင်စွာ ယုံကြည်ကြပါတယ် ... နှင်းဆီပန်းတွေ ဝေနေအောင်ပွင့်ခဲပြီး တစ်ပွင့်ပွင့်ဖို့လဲ တော်တော် ကြာတတ်ပါတယ် တစ်ခါတစ်လေ အရွက်ဖားဖားတွေနဲ့ စိမ်းလန်းနေတတ်ပေမယ့် တစ်ခါတစ်လေလဲ အရွက်ဟောင်းတွေနဲ့ ကြာရှည်စွာရှိနေတတ်ပြန်တယ် ... ကျမ တို့ အလုပ်တွေများပြီး မအားလပ်ကြပေမယ့် အပင်လေးရှင်သန်မှုနှေးကွေးပြီးငြိုးနေရင် ကျမ သို့မဟုတ် သူ ကသတိထားမိပြီး အပင်လေး ရှင်သန်အောင်ရေးလောင်းဖို့ ဂရုစိုက်မိသွားတတ်ပြန်ပါတယ် ကျမရုက္ခဗေဒနဲ့ ဘွဲ့ရပေမယ့် အပင်တွေကို ဘယ်လိုဂရုစိုက်ရမလဲ မသိပါ အပင်တွေစိုက်ရတာ အပင်တွေပန်းတွေကြည့်ရတာဝါသနာပါပေမယ့် အချိန်ပေးပြီး တစ်ခါမှ ရေလောင်းခြင်း မြေတူးစွ၍ စိုက်ခြင်း မရှိပါ
ရုက္ခဗေဒ ဘာသာကိုတော့ အပင်တွေ စိတ်ဝင်စားပြီးယူခဲ့ပေမယ့် အမှန်အတိုင်းဝန်ခံရလျှင် ကျောင်းမှ သင်ပေးလိုက်သောအရာတွေ တစ်ခုမှ မမှတ်မိပါ.. ခက်ခက်ခဲခဲရုံးကန်ရင်း အလုပ်တစ်ဖက် အဝေးသင်တတ်ခဲ့ရသော ကြောင့်လို့တော့ ဆင်ခြေမပေးချင်တော့ပါ... ကျမတို့ သိခဲ့သော တက္ကသိုလ်ကျောင်းသူဘဝကကျူရှင်တတ် ကျောင်းပြီးရင် ဘွဲ့ရပြီးဆိုတာတစ်ခုရယ် ဘွဲ့ရလျှင်အလုပ်ကိုစိတ်ချလက်ချလုပ်လို့ရပြီဆိုတာတစ်ခုရယ်နဲ့ ကျောင်းတက်ရတာဝေးလံခြင်း ကြောင့် မြန်မြန်ပြီးချင်တာပဲသိခဲ့သည်။ အပင်တွေ ဘယ်လောက်တောင်အရေးပါခဲ့လဲ မသိပါ ကျောင်းမှာ ဘာအပင်တွေစိုက်ထားမှန်းလဲမသိပါ .... ဆိုးရွားလှသောပညာရေးစနစ်ဖြစ်သည်။ သူခရီးတစ်ခုခုသွားတိုင်း အပင်တွေ့လျှင် ကျမအားမေးတတ်သည် ဘာအပင်လဲ ဘာအမျိုးအစားလဲ စသည့်မေးခွန်းတွေဖြစ်သည်။ ကျမ မသိပါ ဖြေတော့ သူ ခဏခဏပြောဖူးသည် ရုက္ခဗေဒနဲ့ဘွဲ့ရပြီး ဒါလေးတောင်မသိဘူးဟုဖြစ်သည်။ ကျမ မနာတတ်ပါ ရှက်လဲမရှက်ပါ ကျမကို စာသင်ပေးခဲ့သောဆရာမသိလျှင် ရိုက်ချင်နေတော့မည်။
အပင်တွေက လူတွေရဲ့စိတ်ကို အံ့ဩအောင် ပျော်ရွှင်အောင် ကြည်နူးအောင်လုပ်နိုင်သည် ဆိုလျှင်တော့ မှန်ပါသည်။ အပင်စိမ်းစိမ်းတွေကြည့်လျှင် စိတ်တွေလန်းဆန်းလာတတ်သည်။ ပန်းတွေပွင့်နေတာမြင်ရလျှင် စိတ်တွေဘယ်လောက်ရှုပ်ရှုပ်ခဏတော့ အေးချမ်းသွားတတ်သည်။ ကိုယ်တိုင်စိုက်သောအပင်မှ အသီးသီးလျှင် ပန်းပွင့်လျှင်
ပို၍ပင်ပျော်ရွှင်ချမ်းမြေ့စရာကောင်းနေပါလိမ့်မည်။ အထူးသဖြင့် အမှတ်တရတွေနဲ့ စိုက်ထားခဲ့တဲ့ အပင်လေးမှ ပန်းပွင့်လေးမြင်ရလျှင်တော့ ကျမလိုပဲ ပီတိတွေပြည့်နေလိမ့်မည်ဖြစ်ကြောင်း...
အမှတ်တရ ပျိုး၍ ပျော်ရွှင်ချမ်းမြေ့သောဘဝ၊ သာယာလှပသောကမ္ဘာမြေကို တည်ဆောက်နိုင်ကြပါစေ....