Tuesday, November 23, 2010

အမှတ်တရဖြင့်ပျိုး၍ ပွင့်သောပီတိ


ဒီးပန်းပင်လေးကို ၂၂ရက် မတ်လ ၂၀၀ရခုနှစ်က ဈေးကဝယ်ပြီးစိုက်ထားခဲ့တယ် ကျွန်မ စေ့စပ်တဲ့နေ့ အမှတ်တရအနေနဲ့ စိုက်ခဲ့တယ် ထူးထူးခြားခြား ဒီနှစ်တွေမှာ တက်လိုက်ကျလိုက်ကွေ့လိုက်ကောက်လိုက် ဘဝနဲ့အတူ ဒီပန်းပင်လေးက အိမ် ၂အိမ်ပြောင်းတဲ့အထိ ကျမ မက်မက်မောမော သယ်ခဲ့ ရာကို ပါလာခဲ့တယ် ဒီနေ့ထိဆို ဒီပန်းပင်လေးက သားဇွဲဇွဲထက်တောင် အသက်ကြီးသော ပန်းလေးတွေ ပွင့်လို့ ရှင်သန်နေတုန်းပါပဲ အချစ်နဲ့ တည်ဆောက်ထားတဲ့ ကျမရဲ့ အိမ်ထောင်ရေးက လျှာနဲ့သွား ဆိုသလို ခလုတ်ခဏခဏခလုတ်တိုက်တတ်ပေမဲ့ ပျော်စရာ သာယာသောမိသားစုလေးအဖြစ် ရှိနေပါတယ် ... ဒီအပင်လေးက အခုလိုပန်းတွေပွင့်ရင် သူရော ကျမရော အဆင်ပြေမှုှုတွေ ရောက်လာတတ်တယ်လို့လဲ ပျော်ရွှင်စွာ ယုံကြည်ကြပါတယ် ... နှင်းဆီပန်းတွေ ဝေနေအောင်ပွင့်ခဲပြီး တစ်ပွင့်ပွင့်ဖို့လဲ တော်တော် ကြာတတ်ပါတယ် တစ်ခါတစ်လေ အရွက်ဖားဖားတွေနဲ့ စိမ်းလန်းနေတတ်ပေမယ့် တစ်ခါတစ်လေလဲ အရွက်ဟောင်းတွေနဲ့ ကြာရှည်စွာရှိနေတတ်ပြန်တယ် ... ကျမ တို့ အလုပ်တွေများပြီး မအားလပ်ကြပေမယ့် အပင်လေးရှင်သန်မှုနှေးကွေးပြီးငြိုးနေရင် ကျမ သို့မဟုတ် သူ ကသတိထားမိပြီး အပင်လေး ရှင်သန်အောင်ရေးလောင်းဖို့ ဂရုစိုက်မိသွားတတ်ပြန်ပါတယ် ကျမရုက္ခဗေဒနဲ့ ဘွဲ့ရပေမယ့် အပင်တွေကို ဘယ်လိုဂရုစိုက်ရမလဲ မသိပါ အပင်တွေစိုက်ရတာ အပင်တွေပန်းတွေကြည့်ရတာဝါသနာပါပေမယ့် အချိန်ပေးပြီး တစ်ခါမှ ရေလောင်းခြင်း မြေတူးစွ၍ စိုက်ခြင်း မရှိပါ
ရုက္ခဗေဒ ဘာသာကိုတော့ အပင်တွေ စိတ်ဝင်စားပြီးယူခဲ့ပေမယ့် အမှန်အတိုင်းဝန်ခံရလျှင် ကျောင်းမှ သင်ပေးလိုက်သောအရာတွေ တစ်ခုမှ မမှတ်မိပါ.. ခက်ခက်ခဲခဲရုံးကန်ရင်း အလုပ်တစ်ဖက် အဝေးသင်တတ်ခဲ့ရသော ကြောင့်လို့တော့ ဆင်ခြေမပေးချင်တော့ပါ... ကျမတို့ သိခဲ့သော တက္ကသိုလ်ကျောင်းသူဘဝကကျူရှင်တတ် ကျောင်းပြီးရင် ဘွဲ့ရပြီးဆိုတာတစ်ခုရယ် ဘွဲ့ရလျှင်အလုပ်ကိုစိတ်ချလက်ချလုပ်လို့ရပြီဆိုတာတစ်ခုရယ်နဲ့ ကျောင်းတက်ရတာဝေးလံခြင်း ကြောင့် မြန်မြန်ပြီးချင်တာပဲသိခဲ့သည်။ အပင်တွေ ဘယ်လောက်တောင်အရေးပါခဲ့လဲ မသိပါ ကျောင်းမှာ ဘာအပင်တွေစိုက်ထားမှန်းလဲမသိပါ .... ဆိုးရွားလှသောပညာရေးစနစ်ဖြစ်သည်။ သူခရီးတစ်ခုခုသွားတိုင်း အပင်တွေ့လျှင် ကျမအားမေးတတ်သည် ဘာအပင်လဲ ဘာအမျိုးအစားလဲ စသည့်မေးခွန်းတွေဖြစ်သည်။ ကျမ မသိပါ ဖြေတော့ သူ ခဏခဏပြောဖူးသည် ရုက္ခဗေဒနဲ့ဘွဲ့ရပြီး ဒါလေးတောင်မသိဘူးဟုဖြစ်သည်။ ကျမ မနာတတ်ပါ ရှက်လဲမရှက်ပါ ကျမကို စာသင်ပေးခဲ့သောဆရာမသိလျှင် ရိုက်ချင်နေတော့မည်။
အပင်တွေက လူတွေရဲ့စိတ်ကို အံ့ဩအောင် ပျော်ရွှင်အောင် ကြည်နူးအောင်လုပ်နိုင်သည် ဆိုလျှင်တော့ မှန်ပါသည်။ အပင်စိမ်းစိမ်းတွေကြည့်လျှင် စိတ်တွေလန်းဆန်းလာတတ်သည်။ ပန်းတွေပွင့်နေတာမြင်ရလျှင် စိတ်တွေဘယ်လောက်ရှုပ်ရှုပ်ခဏတော့ အေးချမ်းသွားတတ်သည်။ ကိုယ်တိုင်စိုက်သောအပင်မှ အသီးသီးလျှင် ပန်းပွင့်လျှင်
ပို၍ပင်ပျော်ရွှင်ချမ်းမြေ့စရာကောင်းနေပါလိမ့်မည်။ အထူးသဖြင့် အမှတ်တရတွေနဲ့ စိုက်ထားခဲ့တဲ့ အပင်လေးမှ ပန်းပွင့်လေးမြင်ရလျှင်တော့ ကျမလိုပဲ ပီတိတွေပြည့်နေလိမ့်မည်ဖြစ်ကြောင်း...
အမှတ်တရ ပျိုး၍ ပျော်ရွှင်ချမ်းမြေ့သောဘဝ၊ သာယာလှပသောကမ္ဘာမြေကို တည်ဆောက်နိုင်ကြပါစေ....

Wednesday, September 01, 2010

ကြော်ငြာကောင်းတိုင်း မယုံနဲ့

ကြောငြာကောင်းတိုင်း ယုံသင့်လား
အပြောကောင်းတိုင်း တာဝန်မရှိတော့ဘူးလား
မှားတတ်တာနဲ့ အပြစ်မဖြစ်တော့ဘူးလား
တကယ်ဆို .. ကိုယ်ပြောတဲ့စကားက အဆိပ်ဖြစ်စေအောင်တွန်းအားပေးတဲ့စကားဆို ပြောတဲ့အခါ ချင့်ချိန်ရမှာပါ
အထူးသဖြင့် ကိုယ့်ပစ္စည်းရောင်းကောင်းအောင်ပြောတဲ့သူမှာ ကိုယ့်အတွက်အပြင် သူ့အတွက်ပါ စဉ်းစားပြီး မကောင်းတဲ့ဆိုးကျိုး ဖြစ်တတ်တာလေးတွေပါ ထည့်ပြောရင် ကိုယ့်ရောင်းအားကို လောလောဆယ် အပြည့်အဝ မကူညီနိုင်ပေမယ့် ရေရည် ရောင်းအားနဲ့ ယုံကြည်မှုတည်ဆောက်တဲ့အခါ များစွာအသုံးဝင်ပါတယ် ..
အရောင်းမြှင့်တင်ရေးသမားတွေ သတိပြုသင့်တဲ့ လိုက်နာသင့်တဲ့အချက်တွေပါပဲ .. .. ..
နားမလည်လို့ ကိုယ့်ကိုယုံကြည်စွာ အပ်နှံထားတဲ့သူတွေအပေါ် အမှားတစ်ခု လုပ်မိရင်
ကြော်ငြာဘယ်လောက်ကောင်းကောင်း အပြောဘယ်လောက်ချိုချို သူနဲ့သူ့ပတ်ဝန်းကျင်ကသူတွေကို သူ့လိုမဖြစ်အောင်ပြောတော့မှာဖြစ်တဲ့အတွက် မိတ်ဆွေကောင်းတွေ တစ်သက်တာဆုံးရှုံးရတတ်ပါတယ်..... (ပထမပိုင်း)

Tuesday, June 08, 2010

diary

ငါသေဆုံးခြင်း

ငါသေရင် ငါ့ကို သတိရမနေပါနဲ့
ငါဆိုတာ ငါနဲ့အတူသေသွားပါပြီ
ငါနဲ့ အတူလဲ ငါ ဘာကိုမှ သယ်မသွားနိုင်သလို
မင်းဆိုတာလဲ ငါထားခဲ့ ရမှာပါ

Sunday, May 16, 2010

ချစ်သောကိုမွေးနေ့ အမှတ်တရ

ဒီနေ့လေးက ချစ်သောကို ရဲ့ မွေးနေ့မွေးရက် မွေးလထပ်တည်းကျသော မွေးနေ့လေးဖြစ်သည်
ကို ကအလုပ်တာဝန်နဲ့ မိသားစုနဲ့ဝေးရာ အိနိ္ဒယသို့ရောက်နေသည်
မှတ်မှတ်ရရ မြန်မာပြည်ရဲ့ ပထမဆုံးမိုးမျှော်နေချိန်မှာ အဦးဆုံးရွာသောနေ့လဲဖြစ်သည်.

ချစ်သောကိုမွေးနေ့မှာပျော်ရွင်ပါစေ...
.
 

Sunday, May 02, 2010

အာစရိယပူဇော်ပွဲ အမှတ်တရနေ့


ဆရာပူဇော်ပွဲနေ့

မနက်တည်းက စောစောထလို့ သားနဲ့ မေမေကို အဒေါ်အိမ်သို့ပို့ပြီးစိတ်တွေကကျောင်းသို့ အရင်ရောက်နှင့်နေသည်။ ကျောင်းထဲကိုဝင်လိုက်တာနဲ့
ကျမခြေထောက်တွေ ပိုမိုပေါ့ပါးလို့သွက်လက်နေသည်။ ဆရာမတွေ ကိုတွေ့ပြီ သူငယ်ချင်းတွေရှာသည်။ ကျွန်မတို့သူငယ်ချင်းတွေတွေ့ဖြစ်ဆုံဖြစ်ကြပြီ။
ကျွန်မတို့ ငယ်ငယ်ကဘဝကိုပြန်ရောက်သွားကြသည် အရင်ထက် အနည်းငယ်သာပြောင်းလဲနေတဲ့ကျောင်းဆောင်တွေကိုသွားရင်း စိတ်တွေ
ဟိုးအတိတ်ပြန်ရောက်သွားသည် ကလေးတွေလို ပြေးလွှားရင်းကျောင်းအဆောင်တွေပတ်ကြည့်ကြသည် ဆရာမတွေတွေ့ရင်
နေကောင်းလားသတိရတယ်ဆိုပြီးဖက်ကြနမ်းကြသည် ဆရာမတွေကကောင်မတွေ တွေ့မှသေအောင်လွမ်းနေတယ်ဆိုပြီး မျက်ရည်ဝဲပြီး ဆူသည်.
မုန့်စားလွှတ်တိုင်းသွားစော့နေကြနေရာလေးမှာဓာတ်ပုံရိုက်ရင်း ဘဝအမောတွေ ခဏတော့မေ့သွားခဲ့သည် ပြန်မဆုံတဲ့သူငယ်ချင်းတွေဘယ်ရောက်နေလဲ
ဘာလို့မလာတာလဲ ဆိုပြီးတွေးပူမိသည် ...
အခန်းအနားက ၉နာရီခွဲလောက်စဖြစ်သည် အခန်းအနားအစီအစဉ်ကြေငြာသူက ကျောင်းသူဟောင်း အပျိုချောကြီး ဝတ်ရည်လိူင်ဖြစ်သည် (၁၉၉၆)
ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စီကအဖွင့်အမှာစကားပြောရင်း ဆရာကန်တော့ပွဲဖြစ်မြောက်အောင်ကျင်းပရတဲ့ရည်ရွယ်ချက်တွေပြောပြသည် အလှုငွေပေါင်း
၈၆သိန်းကျော်ရကြောင်းပြောပြသည် နောက်နှစ်တွေလဲဆက်လုပ်မည့်အကြောင်းပြောသည် ၄ကျောင်းထုံးစံအတိုင်း ကျောင်းခန်းမဆောင်တခုလုံး
ဆရာမကြီးအသံထက် ကျောင်းသူဟောင်းတွေစကားသံတွေ ကြွတ်ကြွတ်ညံနေသည် ငယ်ငယ်တုန်းက ဟောပြောပွဲတွေအတိုင်းမပြောင်းလဲသေးပေ
ဆရာမဒေါ်မေညွှန့်က လိုက်ဟန့်နေရသေးတုန်းပင်ဖြစ်သည် ခိုးစားရန်ထမင်းချိုင့်မပါသောကြောင့်တော်တော့သည်.. ဆရာမကြီးပြောပြီး
ဆရာမများကိုကန်တော့သည် ဖျော်ဖြေးရေးအစီအစဉ်များလဲပါသည်။ မြတ်ဆရာသီချင်းကို ဆုရကျောင်းသူဟောင်းတစ်ဦးက ဆိုသည်။ ရင်ထဲမှာ ဝမ်းသာဝမ်းနည်းငိုချင်သလိုကြီးဖြစ်ရသည်။ ကျောင်းကပွဲတုန်းက ဘုတ်ဘုတ်တို့အငြိမ့်အဖွဲ့ကိုသတိရမိသည် .. ဆရာမများက ဆုတွေပေးကြသည် ..
ရာသီဥတုပူပေမယ့် အေးမြတဲ့ ဆရာတွေအပြုံးက အရိပ်တခုလိုအေးနေသည် အားလုံးမျက်နှာမှာ အပြုံးတွေတွေ့နေရသည်
ပျော်စရာကောင်းတဲ့ နေ့လေး လွတ်လပ်တဲ့နေ့ကလေး ကလေးဘဝခဏပြန်ရခဲ့တဲ့နေ့တနေ့ဖြစ်ခဲ့သည်။ ကန်တော့ခံဆရာမကြီးတွေကို နေ့လည်စာကျွေးနေချိန်
ကျောင်းသူဟောင်းတွေဖြစ်ခဲ့သော မစိမ်းမို့မို့ လင်းဇာနည်ဇော် ချစ်ချစ်ဇော်တို့က သီချင်းတွေ    ဆိုကြသည်
ဆရာမတွေကျောင်းသူဟောင်းတွေလိုက်ဆိုရင်းကကြသည်။ ဘိုဘိုဟန် ကော်နီ အက်ကဲနက် တို့လဲဆိုကြသည်။ မြတ်ဆရာ၊ ဆရာမကိုပဲချစ်တော့မည်၊
ဘယ်တော့မှမမေ့ဘူး၊ ရင်မှာရင်သို့တိုးဝေ့ဆဲပါခိုင်၊ ကိုကိုချစ်၊ သီချင်းတွေနှင့် ဆိုရင်းကရင်း  မြနန္ဒာသီချင်းဖြင့်ပိတ်ခဲ့သည်။  
ဗိုက်ကဆာနေလို့သာပြန်လာရတယ် ပြန်ချင်သေးဘူး လက်တွေ့ဘဝကနေခဏတော့ ကင်းကွာတဲ့နေရာလေးမို့လို့လဲ မပြန်နိုင်ဖြစ်ခဲ့ရသည်။ ကျောင်းကြီးက
ခေတ္တခဏပြန်တိတ်ဆိတ်သွားသလိုခံစားရသည် မကြာမကြာလာလည်ကြဖို့ဆရာမတွေမှာသည်။ သူငယ်ချင်းတွေ
ကျောင်းတုန်းကရည်းစားတွေကိုအကုန်လွမ်းသည် ခိုင်ဇင်ဦးကပြောတယ် အမဝလာတယ်တဲ့ ဒီကောင်မလေးအရင်အတိုင်းချစ်ဖို့ကောင်းနေတုန်းပဲဖြစ်သည်။
တီချယ်ဒေါ်ခင်မမအောင်ကိုတွေ့တော့ ကျောင်းမှာ သရဲရှိတဲ့အကြောင်းပြောလို့ ဒဏ်ပေးခံရတဲ့အကြောင်းပြောတော့ ဆရာမက ရီသည်။ ကျန်းကျန်းမာမာနဲ့
နောက်နှစ်မှာ တွေ့ချင်ကြောင်းပြောကြသည်။
အဝေးရောက်နေတဲ့ သူတွေကိုသတိရသည်။ လာချင်ပေမယ့် မလာနိုင်တဲ့သူတေ၊ လာခွင့်မရတဲ့သူကို လည်းသတိရသည်။ လာမည်ပြောပြီးမလာတဲ့သူတွေကို
တော့စိတ်ဆိုးသည်။
ဘာပဲဖြစ်ဖြစ် တာမွေ အထက (၄) ရဲ့ ပထမအကြိမ် ဆရာကန်တော့ပွဲကတော့ အောင်မြင်စွာကျင်းပပြုလုပ်ပြီးဆီးခဲ့လေပြီ .....  ... .. ..
အမှတ်(၄)
အခြေခံပညာအထက်တန်းကျောင်း
တာမွေမြို့နယ်
၁.၅.၂၀၁၀
ပထမအကြိမ် အာစရိပူဇော်ပွဲ

Monday, April 26, 2010

တာမွေ အထက (၄)ပထမအကြိမ် ဆရာကန်တော့ပွဲ

ကျွန်မတို့ မျှော်လင့်နေတဲ့ ရက်ကိုရောက်တော့မယ် အကြောင်းကိစ္စမတိုက်ဆိုင်တော့လဲ ကျောင်းဆိုတာ မရောက်တာကြာခဲ့တယ် ဆရာမတွေကိုသတိရပေမယ့် တကူးတကသွားဖို့ဆိုတာက မလွယ်သလိုကြောင်တောင်တောင်လဲနိုင်တယ်ထင်မိတယ် လမ်းမှာဆရာမတွေတွေ့ရင်တော့ အတင်းနုတ်ဆကရတာပေ့ါ
ဆရာမတွေကဟိုး အရင်ကပြောဖူးတယ် တပည့်တွေက ဆရာမတွေ ကို မှတ်မိလဲမခေါ်ကြဘူးတဲ့ ဆရာမတွေရဲ့ ရင်ထဲမှာ စကားတွေ အများကြီးရှိမှာပဲ သူတို့ သားသမီးတွေမခြား ဆူပူကြိမ်းမောင်း စာတွေကို ချော့တခါခြောက်တလှည့်နဲ့ မသိတာမတတ်တာတွေကို သင်ပေးခဲ့တယ် မျက်နှာမလိုက်ကျောသားရင်သားမခွဲခြားဘူး .. အခုလို အချိန်မှာ အရင်က ဆရာဆရာမတွေ ပင်စင်တွေယူတဲ့သူတွေလဲယူမို့ ကျောင်းကိုသွားရင်တောင် ဆရာမတွေကို စုံစုံလင်လင် မတွေ့ရတော့ဘူး
ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမတွေလဲ ရှိတာမို့ ထိုနေ့ကို ကြိုတွေးလို့ရင်ခုန်နေမိတယ် ဘာပဲဖြစ်ဖြစ် မေလ၁ရက်နေ့ ဆ ိုကျောင်းတုန်းက ကစားခဲ့တဲ့ (ကစားတာကအရင် အဟီး :) ..)နေရာလေးတွေ စာသင်ခဲ့တဲ့အဆောင်တွေ စာသင်ခန်းမတွေ သူငယ်ချင်းတွေ (စော်လေးတွေလဲပါတာပေါ့နော် :D ..) အားလုံးအားလုံးကို ပြန်တွေ့ရတော့မယ် မလာနိုင်ကြတဲ့ သူငယ်ချင်းတွေလဲ ထိုနေ့လေးကိုတွေးလို့ ပီတိတွေဖြစ်နေတော့မယ် ဓာတ်ပုံတွေ မြင်ချင်နေတော့မယ် ..
တာမွေ(၄)ရဲ့ ပထမအကြိမ် အာစရိယပူဇော်ပွဲလေးအထမြောက် အောင်မြင်တော့မယ် ဆရာမတွေရဲ့ ဆုံးမစကားတွေ ပီတိတွေ သူတို့ရဲ့ ဝမ်းသာလို့ကျတဲ့မျက်ရည်တွေ အတိတ်ကိုသတိရရင်း တပည့်တွေကိုဆူပူလို့နုပျိုသွားတော့မယ် မျက်နှာတွေ တွေးရင်း ထိုနေ့လေးကို ရောက်ဖို့ စိတ်စောမိနေတယ် ... သူငယ်ချင်းတွေရောစုံစုံလင်လာနိုင်ပါ့မလား လာစေချင်ပါတယ် မြန်မာပြည်မှာရှိနေကြတဲ့ သူငယ်ချင်းတွေအားလုံးကို တွေ့ချင်မြင်ချင်တယ် .... နှစ်ပေါင်းများစွာကြာမှ ဖြစ်ချင်လုပ်ချင်တဲ့ ဆရာပူဇော်ပွဲကို လုပ်ခွင့်ရခဲ့တာကိုး .. ဒီတော့ ပြန်ဆုံချင်တယ် .. ..မေ ၁ရက်နေ့ ..မေဒေးနေ့ ပထမအကြိမ် ဆရာကန်တော့ပွဲ ကျင်းပပြူလုပ်မယ့်နေ့ အချိန်က ၉နာရီ နေရာက အ.ထ.က (၄)တာမွေ ကျောင်းတော်ကြီး ........................အမှတ်တရမေဒေး ၂၀၁၀

Saturday, April 24, 2010

အတွင်းဝန်ရုံး

အတွင်းဝန်ရုံးထဲကို မျှော်ကြည့်ရင်း တချိန်က ဗိုလ်ချုပ်အောင်ဆန်း လှုပ်ရှားသွားလာခဲ့ပါလားရယ်လို့ မြင်ယောင်ရင်း လွမ်းမ ိတမ်းတမိ နှမြောမိတယ် ခုတော့လဲ အေးစက်တိတ်ဆိတ်နေလေရဲ့

ဒီနေရာမှာ အမှတ်တရတွေ ရှိတယ် မြန်မာပြည်အတွက် ရန်ကုန်မြို့ကြီးအတွက်
ဓာတ်ပုံရိုက်ပေးတဲ့ မောင်လေးညဏ်ညဏ်ကို ကျေးဇူးတင်ပါတယ် ....

Monday, March 29, 2010

ထူးအိမ်သင်ရဲ့ အသံထွက်ဝတ္တူ

စာရေးဆရာမ ဂျုးရဲ့ မြရဲ့လ အသံထွက် ဝထ္တူတို
http://www.mediafire.com/?9ymlync4e1e

Sunday, March 28, 2010

” ထူးအိမ်သင်၏ ရှားပါးသော သီချင်းများ စုစည်းမှု ”


http://myanmarmp3album.com/2008/10/25/2522/

လွမ်းလွန်းလို့ ရှာဖွေပြီး ကိုဖိုးသားဆီက ခွင့်မတောင်းပဲ တင်ထားလိုက်တယ် ကိုယ့် ဘလော့မှာ အချိန်မရွေးကြည့်လို့ရအောင်လဲပါတာပေ့ါ

Monday, March 22, 2010

Happy Birthday (23.3.2010)


မွေးနေ့မှာ ဆုတောင်းပေးကြတဲ့ မိသားစု၊ ညီအကိုမောင်နှမတွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်


Ngwestar: http://www.123greetings.com/send/view/03222310417229728676
Ma Mar : http://www.123greetings.com/send/view/03822310717859451416
KKhaing: My Dear Friend toomar! Happy Birthday Eve!
Nang Nyi: ပျော်ရွှင်မွေးနေ့ ~~ ဖြစ်စေ
Sai Thura: မင်္ဂလာရှိသော မွေးနေ့ .. ငါ့အမက တစ်သက်လုံး ပျော်ပျော်ပဲ .. ဘယ်လောက်စိတ်ညစ်နေနေ အမကိုမြင်ရရင်ကို ပျော်ဖို့ကောင်းနေတော့ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးဖို့တောင် လိုချင်မှလိုမယ် .. အဲ့ဆုက ပြည့်ပြီးသား ... အမဖြစ်ချင်တာ အများကြီးဖြစ်ပါစေ .. အမသူဌေးကြီးဖြစ်ပါစေ.. ဖြစ်ရင် ကျွန်တော့်ကို မိန်းမတောင်းပေးဗျ ..
Pyae Phyo:happy birthday magyi
Khin Thandar Aung: Happy Birthday ပါအမရေ...
ဘုရားလဲ မောင်မယ်တူစုံ သွားနိုင်ပါစေနော်။ အဟီး ။ တွေ့ဖူးတဲ့ စတေးတပ်စ်ကို မှတ်ထားတာ။
Thinzar Aung: နက်ဖန် 23 ရက်နေ့ မွေးနေ့ရှင် ချစ်သောယောင်းမလေး မွေးနေ့မှသည် ပျော်ရွှင်မှုအပေါင်းနဲ့ပြည့်စုံပါစေလို့ ဒီမိသားစု ဒီအဖေ ဒီအမေ ဒီအစ်ကို ဒီယောင်းမ း) နှင့်အတူ ထာဝရပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေ
Kyi Soe: happy ပါ...
Hnin Wint Thu : happy birthday ........... Dear Ma Toomar. Wish you all the best.
Phoe Jel :အမရေ မွေးနေ့ကို ကြိုတင် ဆုတောင်း ပေးပါတယ်။
မုန့် လာစားဖို့ မအားဘူးဗျာ နောက်မှ အကြွေးမှတ်ထားမယ် း)
ပျော်ရွှင်ဖွယ် ကောင်းသော မွေးနေ့လေး ဖြစ်ပါစေ . . . .
စိတ်ထဲမှာ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ ဖြစ်ပါစေ လုပ်နိုင်ပါစေ . . . .
အေးချမ်း သာယာတဲ့ မိသားစုလေးနဲ့ အသက်ရာကျော် ရှည်ကြာစွာ လက်တွဲနိုင်ပါစေ . . . .
Thet Khine Win သယ်ရင်း.... ဟပ်ပီဘတ်ဒေး သယ်ရင်း
Htet Htet Tun Aung Happy Birthday Ma Ma Too Mar ! ဘဝတလျှောက်လုံးမမချစ်တဲ့မိသားစုနှင့်မမသူငယ်ချင်းများနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။
Thithi Oo ဟက်ပီးဘက်ဒေး မမ...ဘဝမှာ..အကြီးကြီးပျော်ပါစေ....
Su Wai: မ...မွေးနေ့မှာပျော်ရွှင်ပါစေရှင်..း)
Chityi Win:happy birthday to you
မောင် ပြုံး : Happy Birthday အစ်မ :) .. have a happy family with bro Ngwe Tun :)
zmo26dec: Happy Birthday, my friend
ံZinwai: HAPPY BIRTHDAY A MA.
Moh Moh: 23ရက်နေ့မှာ ပျော်ရွှင်ပါစေ
Pann Hnin: MA MA HAPPYBIRTHDAY။
kabyarOo: ကမာ္ဘသစ်တိုင်အောင် နေနိုင်ပါစေဗျ ဟက်ပီး ဘတ်ဒေး
Nang Nyi: ပျော်ရွှင်မွေးနေ့ ~~ ဖြစ်စေ
Nge Nge:HAPPY BIRTHDAY "မိသားစုနဲ့အတူပျော်ရွှင်ကြည်နူးတဲ့ကျေနပ်စရာမွေးနေ့လေးဖြစ်ပါစေ..မတူးမာ"
Tin Lay Zin: ma toomar, i wish u happy birthday and success fully in your life2010
မြန်မာမိသားစုဖိုရမ် : ချစ်ခင်ရပါသော toomar,
ယနေ့မှာကျရောက်တဲ့ သင့်ရဲ့ မွေးနေ့မင်္ဂလာမှသည် နောင်နှစ်ပေါင်း တစ်ရာတိုင် နှစ်စဉ် မွေးနေ့ပွဲများကို သင်ချစ်သောသူများနဲ့ ပျော်ရွှင်စွာ ဆင်နွဲနိုင်ပါစေလို့ မြန်မာမိသားစုဖိုရမ် မှ ဆန္ဓပြုပါတယ်။
Jit2lay: http://www.gamepuma.com/miscellaneous/Birthday-Cake.html
Myo Tha Htet: "happy birthday! i wish many happier and more successful days are coming to you." small gift i want to give u. may this angel bring you and your family love ,joy & peace in year 2010
Teppo Honkasalo: Happy Birthday to You!

Friday, January 29, 2010

ဂျာနယ်မှာချင်ရင် သတိထားရန်

ဂျာနယ်ဖိုး၃လစာယူပြီးဂျာနယ် လာမပို့တော့ပါ ဂျာနယ်တိုက်ကိုမေးတော့ စာရင်းတွင်မရှိလို့ တာဝန်ယူမပေးပါ
ငွေသွင်းထားတဲ့ဘောက်ချာလိုချင်ပါက မေးပို့ပေးမည့်အကြောင်းသာပြောနိုင်သည်
 စမှာစဉ်ကဂျာနယ်ကိုဖုန်းဆက်ပြီးလာပို့ရန်ပြောသောသက်သေပြသည် မရပါ
 ပိုက်ဆံလိမ်တောင်းသွားသူကိုရှာဖွေအရေး.ယူမည့်အကြောင်းပြောသည်
ရန်ကုန်တိုင်းနဲ့ဖလားဝါးဂျာနယ်ကို တနှစ်ခွဲတိတိမှာပြီးဖတ်ခဲ့သည်
စိတ်တော်တော်ပျက်မိသည် (လိမ်သွားသူကိုလား ဂျာနယ်တိုက်ကိုလား )၂ခုလုံးဖြစ်နိုင်ပါသည်...
ဘယ်သူကိုမှာလို့ဘယ်သူကတာဝန်ယူမလဲ အာမခံမရှိပါ...စိတ်ညစ်စရာကောင်းသည် စိတ်ဆိုးလဲမတတ်နိုင်ပါ
Yangon MEDIA GROUP နဲ့ Cash Receipt Voucher နဲ့ ဂျာနယ်တိုက်ကပိုက်ဆံလာတောင်းလျှင် အမှန်မဟုတ်ပါ .
ဂျာနယ်တိုက်ကပြောတဲ့ ပန်းရောင်ဘောက်ချာ Original မှသာ (letterhead နဲ့ တခမ်းတနား) ပိုက်ဆံပေး၍ မှာကြပါကုန်လော့

Tuesday, January 05, 2010

ကျိုက်ထီးရိုးဘုရား ၃.၁.၂၀၁၀


ကျိုက်ထီးရိုးဘုရားပုံကို သေချာလေး ဖူးရအောင် ဓာတ်ပုံရိုက်ယူပြီး တင်ပေးထားပါတယ် လှူ တာဖြစ်လို့ ယူချင်ရင်ယူလို့ရပါကြောင်း အမျှကုသိုလ်ပေးပါတယ် ဒီ့ထက် File Size ကြီးကြီးလေးလိုချင်ရင်လဲပေးပါတယ် ...