Wednesday, May 27, 2009

ချစ်သူ ကြင်သူ မြတ်နိုးသူ



သူဧ။်ရှုပ်ပွကောက်ကွေးနေသော
ဆံနွယ်လေးများအား ကျွန်မချစ်သည်။
မှုန်ကုတ်ကုတ်
စူပုတ်ပုတ်မျက်နှာလေးအား ကျွန်မချစ်သည်။
ရှည်လျားသွယ်လျှနေသော ဖြူသွယ်သွယ်
လက်ချောင်းလေးများကို ကျွန်မစွဲလန်းသည်။
နားလည်စိတ်ရှည်စွာ ရှင်းပြတတ်သော
သူူဧ။် စာသင်သံကိုကျွန်မရူးသွပ်သည်။
သူ ထိုသူသည် ......
ကျွန်မဘဝဧ။် အရင်းနှီးဆုံးသော
တစိမ်းတယောက်လည်းဖြစ်သည်။

Tuesday, March 31, 2009

ကိုကို ပျော်ရွှင်စရာမွေးနေ့



ကိုကို ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ.. ညီမလေး.. 31.mar.2009

Monday, March 23, 2009

23.March.2009 Monday., BIrthday Wish from, My Love, My Friends, My Sister and Brother,

ဆရာငွေ: Happy Birthday, TOO MAR

12:02 AM အောင်အောင်: Happy Birthday toomar
Happy Birthday toomar
12:03 AM Happy Birthday toomar

ဘိုသူ: HapPy BiRtHdAY ! ama

နှင်းနှင်း: Happy Birthday... sis

မဇာကြီး: Happy Birthday Daww too

Thet Khaing Win to me

show details Mar 21 (1 day ago) Reply
hi
fri
h a p p y
b i r t h da y

ကိုခိုင်မင်း: happybirthday

sis lay

ချစ်ခင်ရပါသော toomar,
ယနေ့မှာကျရောက်တဲ့ သင့်ရဲ့ မွေးနေ့မင်္ဂလာမှသည် နောင်နှစ်ပေါင်း တစ်ရာတိုင် နှစ်စဉ် မွေးနေ့ပွဲများကို သင်ချစ်သောသူများနဲ့ ပျော်ရွှင်စွာ ဆင်နွဲနိုင်ပါစေလို့ မြန်မာမိသားစုဖိုရမ် မှ ဆန္ဓပြုပါတယ်။

aungkolatt2008: bar lote mar lal
happy birthday

suvmarmar: today is your Birthday!,Happy Birthday toomar,I'll never forget it bcz today is my spercial friend birthday too & thakhin kodaw Hmyine' too

zuelinn: မွေးနေ့မှာပျော်ရွင်ပါစေမကြီး
ဇူးမနက်ဖြန်လက်ဆောင်ပေးမယ်

မွေးနေ့မှာဇူးဆုတောင်းပေးလိုက်တယ်

နိတ်ဗန်ရောက်ပါစေ


8:47 PM မို့မို့: Happy Birthday O nyi....နောက်ကျသွားလို ့ဆောရီးပါနော်





- ၁နှစ် = ဖေဖေမေမေ မရှိလို့မဖြစ်ဘူး
1နှစ် - ၁ဝ နှစ် = ကြီးလာရင် ရွာမှာကျောင်းဆရာမလုပ်မယ် အဘိုးနဲ့အဘွားကမရှိလို့မဖြစ်ဘူး သူတို့ကငါ့ဘဝ
၁ဝနှစ် - ၂ဝနှစ် = ဆယ်တန်းအောင်မှဖြစ်မယ် တက္ကသိုလ်ကျောင်းသူလုပ်မယ်
၂ဝနှစ် - ၂ရ နှစ် = သူငယ်ချင်းတွေထက် အရေးကြီးတာဘာမှမရှိဘူး သူငယ်ချင်းတွေမရှိလို့မဖြစ်ဘူး သူတို့ကငါ့ဘဝ
၂ရနှစ် - ၃၂နှစ် = ပိုက်ဆံကမရှိလို့မဖြစ်ဘူး မိသားစုထက်အရေးကြီးတာဘာမှမရှိဘူး
သူတို့ကငါ့ဘဝ

Sunday, March 22, 2009

သန်လျင်မြို့Sky Beer










သား တနှစ်နဲ့ နှစ်လပြည့်တဲ့နေ့
တိုင်းရင်းသားကျေးရွာကို အစီအစဉ်မရှိပဲသွားဖြစ်ခဲ့တယ်
မွေးနေ့ အမှတ်တရပုံလေးတွေပါ…..
တိုင်းရင်းသားကျေးရွာကအပြန်
သန်လျင်တံတားကိုဖြတ်
ပုံမှာပါတဲ့ဂျစ်ကား ဝါနီကြားလေးကလဲ မဆန့်မပြဲ ၁၁ ယောက်ကိုမငြီးမငြူတင်ရင်း
ဘဲဥမမြင်မဲ့လမ်းကနေ သန်လျင် နာမည်ကြီးထန်းရည်ဆိုင်ကို သွားကြတယ်…
သန်လျင်မြို့ထဲဝင်တော့ ထန်းရေဆိုင်ဘယ်နားလဲမေးရတယ်
လမ်းညွှန်တဲ့သူက ကားကိုကြည့်သနားနေတဲ့ပုံနဲ့
လူတွေကလဲဝိုင်းကြည့်လို့
ကြည့်မှာပေါ့ ကားပေါ်ပါတာက လူအားလုံး(၁၁)ယောက်
မိန်းကလေးက (၆)ယောက် လေ။ ဒီကြားထဲမွေးနေ့ရှင်ကိုဇွဲဇွဲက တနှစ်နှစ်လအငယ်ဆုံးယောကျာ်းလေး။ ကျန်တဲ့ေယောကျာ်းလေးတွေက ၃ ယောက်က
Over weightတွေ။
ဒီလိုနဲ့
သန်လျင်မြို့နာရီစဉ်နားရောက်တော့ဘယ်ဘက်ကိုကွေ့ ဝင်ရတယ်
အုတ်ဖိုစုဘူတာသို့ လို့ရေးထားတဲ့ လမ်းအဆုံးလောက်မှာညာဘက်ကိုကွေ့တော့
တွေ့ပါပြီ ကားမျိုးစုံရပ်ထားတဲ့ ခြံဝင်းကလေးနဲ့Sky Beer အရောင်းဆိုင်လေး။
သစ်ရိပ်ဝါးရိပ် နဲ့ ပုံမှာမြင်ရတဲ့ ဝါး ကွပ်ပျစ်လေးတွေကိုအရိပ်အောက်မှာ ထိုးထားတယ်
အဲ ခြံတဘက်ခြမ်းမှာတော့ မြေဝိုင်း ထန်းရည်ဝိုင်း လေးတွေကိုခင်းကျင်းထားတယ်
မြေပြောင်ပြောင်မှာ မြက်ဖျာတွေခင်းလို့ပေါ့ ထန်းလက်အကာအရံတွေနဲ့လေ။
ခြံထောင့်မှာ တော့ထန်းပင်တစ်ပင် တွေ့တယ် ညာဘက်မှာတော့ အပေါ့အပါးသွားဖို့အိပ်သာကလဲ မထနိုင်ရင်လေးဘက်ကုန်းသွားလို့ရအောင်လုပ်ပေးထားတယ် အဆင်ပြေလိုက်ပုံများ
Sky Beer က ရေသန့်ဗူးနဲ့ အမယ် အေးစိမ့်ရှတတလေး အနံ့ ကတော့ ထန်းရည်ရယ် ချက်အရက်ရယ် ဆန်ဆေးရေရယ် ၃ခုရောထားတဲ့အနံ့နဲ့
တပုလင်းကို (၅၅၀) ကျပ်ပေးရတယ်။ နေရာခနဲ့တင်တန်ပါတယ်
ဆိုင်ကိုရောက်တယ်ဆိုရင်ပဲ ဆိုင်ရှင်အန်တီကြီး ကရှင်းပြပြောပြပါတယ်
ခွက်လိုက်သောက်ကောင်းတိုင်းဆင့်မသောက်ဖို့ အများကြီးမသောက်ဖို့
တဖြည်းဖြည်းမူးတတ်ကြောင်းတွေပေါ့
ပြန်သွားကြတဲ့ကားတွေပေါ်မှာအလဲလဲအကွဲကွဲဆိုတော့ သူပြောပြရှင်းပြတာလက်ခံရမှာပဲပေါ့
သားတော်မောင် ကိုဇွဲဇွဲ ကလွတ်လပ်ရေးရနေလေရဲ့
မြေပြင်ကျယ်မှာ ပျော်လို့မြူးလို့ ပေလို့တူးလို့။
ညနေ၅နာရီလောက်မှပြန်ခဲ့ကြတယ်
နောက်တခါသွားမယ်ဆို အမြည်းတွေထည့်သွားရမယ်ဆိုင်ကြော်ငြာခတော့ဘာမှမရပါဘူး အစားအသောက်ကမဆိုးပေမဲ့ ဈေးကတော့ကြီးပါတယ်။ ဒါပေမယ့် မြို့ပြကနေခဏခွဲထွက်ချင်ရင်ပဲဖြစ်ဖြစ် မိသားစုလိုက်အပျော်သွားချင်ရင်ပဲဖြစ်ဖြစ် သူငယ်ချင်းတွေစုပြီးလည်ချင်ရင်ပဲဖြစ်ဖြစ် မြို့နဲ့လဲအလှမ်းမဝေးအကုန်အကျလဲမဆိုးတဲ့ ဒီနေရာလေးကသင့်တော်လှပါတယ်

မွေးနေ့ အမှတ်တရပုံလေးတွေပါ….. 22.3.2009






သား တနှစ်နဲ့ နှစ်လပြည့်တဲ့နေ့
တိုင်းရင်းသားကျေးရွာကို အစီအစဉ်မရှိပဲသွားဖြစ်ခဲ့တယ်
မွေးနေ့ အမှတ်တရပုံလေးတွေပါ…..

Tuesday, September 05, 2006

My Best Friens's Wedding



25.JUNE.2006
Yan Naung And Nay Soe was busy.

So they can't come this wedding.

That wedding is first for all of friends.

We are happy, sad, lose friend and want to the happy Life style family type.

All of best wish for friends's wedding.


I WILL NEVER FORGET THAT DAY.