သားလေးဇွဲဇွဲ ၄နှစ်ပြည့်မွေးနေ့မှာ မိသားစု နဲ့အတူ အထက်မြန်မာပြည်ဘုရားဖူးထွက်ဖြစ်တယ်။၂၁ရက်နေ့ ညနေ၄နာရီလောက်ရန်ကုန်ကနေစထွက်တော့ သားကဖျားနေတယ် နေမကောင်းပေမယ့်ဖြစ်အောင်ခရီးကိုစီစဉ်ခဲ့ရတယ်မန္တလေးမြို့ကိုည ၂နာရီလောက်ရောက်တော့ တည်းနေကြ ၈၁လမ်းက စိန်စိန်ဟိုတယ်မှာ တရေးလောက်အိပ်ကြတယ် မနက်၉နာရီလောက် မနက်စာစားပြီး စစ်ကိုင်း မင်းကွန်းကို စပြီးထွက်ခဲ့တယ် လမ်းတလျှောက် ဧရာဝတီမြစ်ကြီးကို ဝေ၀ါးဝါးနဲ့ ကြည့်ရတာ မရိုးနိုင်တဲ့ ရှုခင်းပါပဲ အမှတ်တရ မြစ်ကမ်းဘေးမှာ စစ်ကိုင်းတောင်ရိုးကိုနောက်ခံထားပြီးဓာတ်ပုံရိုက်ခဲ့တယ
မင်းကွန်းလမ်းပြင်နေတာနဲ့ လမ်းသစ်ကနေသွားရတယ် အမြင်တစ်မျိုးနဲ့စစ်ကိုင်းချောင်ဇရပ်သွားလမ်းလေးတွေတွေ့ရတယ် မင်းကွန်းပုထိုးတော်ကြီးရောက်တော့ အတွေးတွေကများရတယ် ဒီဘုရားကြီးကို ဘာကြောင့် ထုနဲ့ထည်နဲ့ ဒီလောက် တောင် အကြီးကြီး တည်ထားရတာလည်း ပြီးတော့ ပြီးဆီးသွားရင် ဘယ်လိုဖြစ်မှာလည်း တွေးစရာပါပဲအလုအယက်ရှင်းပြကြတဲ့ကလေးတွေကတော့ မနားတမ်းပြောပြရင်း မုန့်ဖိုးရှာနေကြရှာတယ် နိုင်ငံခြားသားတွေတော်တော်များများကတော့ မန္တလေးကနေ သင်္ဘောနဲ့လာကြတာများတယ် အပင်တွေမှာ ကလေးတွေကို ပိုက်ဆံမပေးခြင်းဖြင့် စာရိတ္တမပျက်ပြားအောင်ကူညီကြဖို့ မေတ္တာရပ်ခံစာတွေ ကပ်ထားတယ်။ အင်း...ဒါလည်းလိုအပ်တာပဲ...လေ..မြသိန်းတန်ဘုရားပေါ်တက်ပြီးရှုခင်းတွေကြည့်ဘုရားဖူးပြန်ဆင်းလာတယ် ပန်းချီပြခန်းတွေတော့မကြည့်တော့ဘူး ကြည့်ရင် ဝယ်ချင်နေမှာလေ.. လိုချင်စရာတွေကြည့်ပဲကိုး.....မင်းကွန်းကပြန်တော့ ဥမင်သုံးဆယ်ဘုရားကိုရောက်တယ် နောက် ဆွမ်းဦးပုညရှင်စေတီတော်ကြီးရောက်တယ် အပြန် ကောင်းမှုတော် ဝင်တယ် ထုံးဖြူရောင်ကောင်းမှုတော် စေတီကြီးက ရွှေရောင်တွေအပုံလိုက်ချထားသလို နေရောင်မှာ လင်းလက်နေတယ် သနပ်ခါးတွေ မြန်မာ့ရိုးရာ ကစားစရာ ပစ်တိုင်းထောင်ရုပ်တွေ သံပတ္တလားလေးတွေ ဇီးကွက်ရုပ်တွေစောင်းတန်းမှာရောင်းနေတာတွေ့တော့ သားကကျကျနနထိုင်လို့ ပတ္တလားထိုင်တီးနေလေရဲ့.. ဒါနဲ့ပဲ ပတ္တလားဝယ်ခဲ့ရတယ် ...ပန်းဝါမြန်မာဘူဖေးဆိုင်မှာထမင်းစားပြီး အချိန်ရှိသေးတာနဲ့ အင်းဝကိုရောက်ခဲ့တယ် အင်းဝမြို့ရိုးကြီးက ခုထိ အုတ်ပုံတွေရှိနေတုန်းပဲ တစ်ချိန်ကဒီနေရာမှာ အင်းဝရွှေပြည်ဆိုတာ ရှိခဲ့တာ အခိုင်အမာပါလားလို့တွေးဖြစ်တယ် နှမြောလည်းနှမြောသလိုပဲ.... ခုတော့ရွာတရွာ မြို့နယ်တစ်ခုလောက်သာသာနဲ့ မြို့ရိုးကနေဝင်လိုက်ပြန်တော့ ငှက်ပျောပင်တွေ နွားတွေဖုန်းတွေ နဲ့ မြက်ပင်တွေ ကြီးစိုးလို့တချို့လည်း အိမ်တွေဘာတွေဆောက်ပြီးနေလို့ .... ဖုန်းတွေကြားထဲမှာအင်းဝရွှေပြည်ကြီးကြီးကို မှန်းတောင် မျှော်ကြည့်စရာမရှိတော့ပါလား.....နန်းမြင့်မျှော်စင် မယ်နုအုတ်ကျောင်း... ဓာတ်ပုံရိုက်ဖြစ်တယ် .. နောက်တနေရာကတော့ ဗားကရာကျွန်းတိုင်လုံးတွေနဲ့ကျောင်းကြီးရှိရာကိုရောက်ပြန်တယ်နိုင်ငံခြားသားတွေက မြင်းလှည်းတစ်စီး ၅၀ဝ၀နဲ့ ငှားပြီးလာကြတာ အများကြီးပဲတွေ့ရတယ်ကျောင်းပေါ်မှာ ကျွန်းပြားတွေက မပြုမပြင်နဲ့ သံတွေထိုးထွက်နေပြီ ပျဉ်တွေ ယိုင်နဲ့နေပြီ သတိမထားခဲ့မိလို့ ပျဉ်ချပ်ကျွံကျခဲ့တာကြောင့် ကျွန်းတိုင်လုံးကြီးအားပါးတရဖက်ထားခဲ့ရတဲ့ ကိုယ့်အဖြစ်ကတော့အမှတ်တရပါပဲ.. နေရာတိုင်းမှာ နိုင်ငံခြားသားများကိုစောင့်ရှောက်ပါဆိုတဲ့ အပြာရောင်ဆိုင်းဘုတ်တွေကပ်ထားလေရဲ့နောက်ထပ် နေရာတနေရာကတော့ အမရပူရက ဦးပိန်တံတားပါပဲ ညနေဆောင်းနေပြီ နေဝင်နေပြီဆိုတော့ လူတွေစည်ကားနေတာပေါ့ဒီမှာလဲထုံးစံအတိုင်း မြန်မာလူမျိုးတောင်မနည်းရှာယူရမလိုပါပဲ ... တံတားပေါ်မှာလည်း လမ်းတောင်လျှောက်လို့မရအောင် များပြားလိုက်တဲ့လူတွေလှေစီးနေတဲ့သူတွေကစီးနေလေရဲ့ ဓာတ်ပုံရိုက်တဲ့လူတွေကလည်း ရှုထောင့်စုံကနေရိုက်နေကြတယ် ကိုယ်ကတော့ လူတွေများနေတဲ့ဦးပိန်ကြီးကို ဝတ်ကျေတန်းကျေပဲဓာတ်ပုံရိုက်ခဲ့တယ် တစ်နေ့တာ အတွက်သွားခဲ့တဲ့ခရီးစဉ်က ဒီနေရာမှာ အဆုံးသတ်ခဲ့တယ်... ညစာစားတော့ အတော်တောင်နောက်ကျနေခဲ့တယ်... အမှတ်တရ 22.1.2012

No comments:
Post a Comment