





ဟိုင်းလတ်ကားနဲ့ အမြန်လမ်းကနေ လှည်းကူးကို ကြိုးနဲ့ဆွဲခဲ့ရတာ ..
့
ရေရှာထွက်ကြတာ ပဲခူးရိုးမတောင်ပေါ်မှာ ...


(၃.၁.၂၀ဝ၉) နေ့လည်၁၂နာရီခွဲမှာ သားလေးဇွဲအပါအဝင်အားလုံး ၂၁ယောက် ရန်ကုန်ကစထွက်တယ်နေ့လည်၂နာရီလောက်မှာ ရန်ကုန် မန္တလေးအမြန်လမ်းမိုင်တိုင် ၂၄မိုင်၄ဖာလုံရောက်တော့ ဂက်စ်ကက် ပျက်ပြီး ညနေ၄နာရီလောက်ထိ လမ်းမအလယ်ရေပြတ် ပြီး အရိပ်မရှိတဲ့ ထိုနေရာလေးမှာ လာသမျှ ကားကို ရေအလှူခံ ရှိတာတွေထုတ်စားနဲ့ ပါသမျှစားစရာလေးကုန်တော့ ကားကိုဆွဲမယ့်ကားရောက်လာပြီးလှည်းကူး ဝက်လျှော့ တခုကို ရောက်လာခဲ့ကြတယ် စိတ်ကူးယဉ်ထားတဲ့ ကျိုက်ထီးရိုးညလေးက လှည်းကူးဝက်လျှော့ရှေ့က အကြော်တဲမှာ ထွေရာလေးပါးပြောရင်းကုန်ဆုံးခဲ့ရတယ်... ည ၁၂နာရီခွဲလောက်မှာ လှည်းကူးဝက်လျှော့ကနေ ထွက်ခဲ့ပြီး ကျိုက်ထီးရိုးကိုဆက်ထွက်ခဲ့တယ် ဝေါမှာ ခဏနားပြီး တောင်ခြေကို၃နာရီခွဲလောက်ရောက်ခဲ့တယ် ကားရှိတာနဲ့ မှောင်မှောင်မဲမဲ ကားလမ်းတွေလဲမမြင်ရပဲ တောင်ပေါ်ရောက်သွားတယ် ... လူတွေကလဲများလိုက်တာ ညကမရောက်တာခပ်ကောင်းကောင်း လို့ တွေးမိတယ် .. အင်း ဘာပဲဖြစ်ဖြစ် မိသားစုရယ် လုပ်ဖော်ကိုင်ဘက် တွေရယ် ဒီလိုလူတွေ ၂၁ယောက်စုစည်းဖို့ သွားရတာ လွယ်တဲ့ခရီးမဟုတ်ဘူးပဲ တကယ်လဲပြန်မရနိုင်ပြန်စုစည်းရန်လဲမလွယ်ပါ ဘာပဲဖြစ်ဖြစ် ခရီးတခုထွက်ဖြစ်တဲ့ အခါ တယောက်အကြောင်းတစ်ယောက်သိရတယ်
အဆင်ပြေမှု မပြေမှုတွေကြုံတဲ့အခါ ကူညီကြရိုင်းပင်းကြ အားပေးကြ နဲ့တကယ့်စိတ်ရင်းတွေ လွတ်လပ်ပွင့်လင်းစွာပြောဆိုနောက်ပြောင်ရင်း ရင်းနှီးမှုပိုရလာသည် ကျွန်မကတော့ ခရီးသွားရတာ ပျော်သည် ကားပျက်တာလဲ ကောင်းတဲ့ဘက်ကတွေးတော့ ပျော်စရာကောင်းသည် မီးပျက်နေတဲ့လှည်းကူးမြို့မှာ ကြယ်တွေ အများကြီးတွေ့ရသည် အကြော်ဆိုင်တဲမှာ ရယ်မောရင်း အချိန်ကုန်မှန်းမသိတဲ့ အချိန်တွေပြန်တွေးရင်းပြုံးရသည် ကားပျက်တုန်း အချိန်တွေသတိရစရာတွေဖြစ်နေတော့သည်......
1 comment:
သာမီးကိုလည်း နောက်ခါခေါ်ပါ
Post a Comment