Sunday, May 31, 2009

မုန့်ကြိတ်ဆုံ


ရွာရောက်တယ်ဆိုရင် ဝယ်စားစရာနေရာကလဲမရှိ ထိုင်စရာလ္ဘက်ရည်ဆိုင်ကလဲမရှိတော့ ရွာမှာရှိတဲ့ အဒေါ်တွေကိုပဲပူစာပြီး မုန့်လက်ကောက်၊ ဒါမှမဟုတ်မုန့်ဆီကျော် တခုခုလုပ်စားဖို့အဖေါ်စပ်ရတာပေါ့ အဲဒီမှာ မုန့်ကြိတ်ဆုံနဲ့စတွေ့တော့တာပဲလေ။
လူနှစ်ယောက်၊ သုံးယောက်နဲ့ အသုံးပြု ရတာပါ။ ဆန် သို့မဟုတ်ကောက်ညှင်းကိုညကတည်းကရေစိမ်ထားပြီးမနက်ဆို မုန့်ကြိတ်ဆုံမှာ နှစ်ယောက်လက်ကိုင်ကနေ အရှိန်နဲ့တွန်းလှည့်ပေးပြီး ကျန်တယောက်က ရေနဲ့ (ဆန်/ကောက်ညှင်း) အချိုးကျရောစပ်ပြီး အလည်အူတိုင်ထဲကို ထည့်ပေး ကြိတ်ယူရတာပါ ရလာတဲ့ မုန့်ရေကိုမှ အဝတ်အိတ်နဲ့ထည့်ပြီး အပေါ်ကကျောက်တုန်းဖိပေးထားပြီးရေစစ်ထုတ်ရပါတယ် ရေစစ်ပြီဆိုရင် မုန့်လုပ်ရန်အသင့်ရပြီပေါ့ ဒီအဆင့်တွေအတွက်မုန့်ကြိတ်ဆုံနဲ့ဆို လူကသုံးယောက် အချိန်ကနေ့ဝက်လောက်ကြာပါတယ် မီးရတဲ့နေရာတွေမှာတော့ ၃မိနစ်နဲ့လူကတစ်ယောက်လောက်ဆိုရပြီလေ တောဓလေ့ကတော့ ခုချိန်ထိလက်နဲ့ခွန်အားကို အားကိုးပြီး လှုပ်ရှားနေရတုန်းပါ တရွာလုံးမှာ မုန့်ကြိတ်ဆုံက သုံးခုလောက်ပဲရှိပါတယ် မုန့်ကြိတ်ခက တစ်ပြည်ကို ၅ကျပ်နဲ့ ဆုံပိုင်ရှင်ကယူပါတယ် ရွာရောက်လို့ မြန်မာမုန့်တွေကျွေးရင်မငြင်းပဲအားပါးတရစားမိတာငယ်ငယ်ထဲကနေခုချိန်ထိပါပဲ။ တကယ်ပင်ပင်ပန်းပန်းနဲ့ လုပ်ရတဲ့မုန့်တွေမို့ပါ။

Thursday, May 28, 2009

လေးစားရသောအမေ


“သူ့အတွက် ဘာမှ စိတ်ပူစရာ မလိုဘူး၊ သူ အဆုံး အစွန်ထိ တွက်ပြီးသား၊ ထောင်ကျမှာ ကြောက်ရင် နိုင်ငံရေး မလုပ်ဘူး လို့်” ပြောခဲ့တဲ့ ကျွန်မလေးစားရသောသူ ဂုဏ်ယူရသောသူ အားကျရသောသူ အမြဲဦးညွှတ်ရသောသူ ..

Wednesday, May 27, 2009

ချစ်သူ ကြင်သူ မြတ်နိုးသူ



သူဧ။်ရှုပ်ပွကောက်ကွေးနေသော
ဆံနွယ်လေးများအား ကျွန်မချစ်သည်။
မှုန်ကုတ်ကုတ်
စူပုတ်ပုတ်မျက်နှာလေးအား ကျွန်မချစ်သည်။
ရှည်လျားသွယ်လျှနေသော ဖြူသွယ်သွယ်
လက်ချောင်းလေးများကို ကျွန်မစွဲလန်းသည်။
နားလည်စိတ်ရှည်စွာ ရှင်းပြတတ်သော
သူူဧ။် စာသင်သံကိုကျွန်မရူးသွပ်သည်။
သူ ထိုသူသည် ......
ကျွန်မဘဝဧ။် အရင်းနှီးဆုံးသော
တစိမ်းတယောက်လည်းဖြစ်သည်။