Sunday, May 02, 2010

အာစရိယပူဇော်ပွဲ အမှတ်တရနေ့


ဆရာပူဇော်ပွဲနေ့

မနက်တည်းက စောစောထလို့ သားနဲ့ မေမေကို အဒေါ်အိမ်သို့ပို့ပြီးစိတ်တွေကကျောင်းသို့ အရင်ရောက်နှင့်နေသည်။ ကျောင်းထဲကိုဝင်လိုက်တာနဲ့
ကျမခြေထောက်တွေ ပိုမိုပေါ့ပါးလို့သွက်လက်နေသည်။ ဆရာမတွေ ကိုတွေ့ပြီ သူငယ်ချင်းတွေရှာသည်။ ကျွန်မတို့သူငယ်ချင်းတွေတွေ့ဖြစ်ဆုံဖြစ်ကြပြီ။
ကျွန်မတို့ ငယ်ငယ်ကဘဝကိုပြန်ရောက်သွားကြသည် အရင်ထက် အနည်းငယ်သာပြောင်းလဲနေတဲ့ကျောင်းဆောင်တွေကိုသွားရင်း စိတ်တွေ
ဟိုးအတိတ်ပြန်ရောက်သွားသည် ကလေးတွေလို ပြေးလွှားရင်းကျောင်းအဆောင်တွေပတ်ကြည့်ကြသည် ဆရာမတွေတွေ့ရင်
နေကောင်းလားသတိရတယ်ဆိုပြီးဖက်ကြနမ်းကြသည် ဆရာမတွေကကောင်မတွေ တွေ့မှသေအောင်လွမ်းနေတယ်ဆိုပြီး မျက်ရည်ဝဲပြီး ဆူသည်.
မုန့်စားလွှတ်တိုင်းသွားစော့နေကြနေရာလေးမှာဓာတ်ပုံရိုက်ရင်း ဘဝအမောတွေ ခဏတော့မေ့သွားခဲ့သည် ပြန်မဆုံတဲ့သူငယ်ချင်းတွေဘယ်ရောက်နေလဲ
ဘာလို့မလာတာလဲ ဆိုပြီးတွေးပူမိသည် ...
အခန်းအနားက ၉နာရီခွဲလောက်စဖြစ်သည် အခန်းအနားအစီအစဉ်ကြေငြာသူက ကျောင်းသူဟောင်း အပျိုချောကြီး ဝတ်ရည်လိူင်ဖြစ်သည် (၁၉၉၆)
ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စီကအဖွင့်အမှာစကားပြောရင်း ဆရာကန်တော့ပွဲဖြစ်မြောက်အောင်ကျင်းပရတဲ့ရည်ရွယ်ချက်တွေပြောပြသည် အလှုငွေပေါင်း
၈၆သိန်းကျော်ရကြောင်းပြောပြသည် နောက်နှစ်တွေလဲဆက်လုပ်မည့်အကြောင်းပြောသည် ၄ကျောင်းထုံးစံအတိုင်း ကျောင်းခန်းမဆောင်တခုလုံး
ဆရာမကြီးအသံထက် ကျောင်းသူဟောင်းတွေစကားသံတွေ ကြွတ်ကြွတ်ညံနေသည် ငယ်ငယ်တုန်းက ဟောပြောပွဲတွေအတိုင်းမပြောင်းလဲသေးပေ
ဆရာမဒေါ်မေညွှန့်က လိုက်ဟန့်နေရသေးတုန်းပင်ဖြစ်သည် ခိုးစားရန်ထမင်းချိုင့်မပါသောကြောင့်တော်တော့သည်.. ဆရာမကြီးပြောပြီး
ဆရာမများကိုကန်တော့သည် ဖျော်ဖြေးရေးအစီအစဉ်များလဲပါသည်။ မြတ်ဆရာသီချင်းကို ဆုရကျောင်းသူဟောင်းတစ်ဦးက ဆိုသည်။ ရင်ထဲမှာ ဝမ်းသာဝမ်းနည်းငိုချင်သလိုကြီးဖြစ်ရသည်။ ကျောင်းကပွဲတုန်းက ဘုတ်ဘုတ်တို့အငြိမ့်အဖွဲ့ကိုသတိရမိသည် .. ဆရာမများက ဆုတွေပေးကြသည် ..
ရာသီဥတုပူပေမယ့် အေးမြတဲ့ ဆရာတွေအပြုံးက အရိပ်တခုလိုအေးနေသည် အားလုံးမျက်နှာမှာ အပြုံးတွေတွေ့နေရသည်
ပျော်စရာကောင်းတဲ့ နေ့လေး လွတ်လပ်တဲ့နေ့ကလေး ကလေးဘဝခဏပြန်ရခဲ့တဲ့နေ့တနေ့ဖြစ်ခဲ့သည်။ ကန်တော့ခံဆရာမကြီးတွေကို နေ့လည်စာကျွေးနေချိန်
ကျောင်းသူဟောင်းတွေဖြစ်ခဲ့သော မစိမ်းမို့မို့ လင်းဇာနည်ဇော် ချစ်ချစ်ဇော်တို့က သီချင်းတွေ    ဆိုကြသည်
ဆရာမတွေကျောင်းသူဟောင်းတွေလိုက်ဆိုရင်းကကြသည်။ ဘိုဘိုဟန် ကော်နီ အက်ကဲနက် တို့လဲဆိုကြသည်။ မြတ်ဆရာ၊ ဆရာမကိုပဲချစ်တော့မည်၊
ဘယ်တော့မှမမေ့ဘူး၊ ရင်မှာရင်သို့တိုးဝေ့ဆဲပါခိုင်၊ ကိုကိုချစ်၊ သီချင်းတွေနှင့် ဆိုရင်းကရင်း  မြနန္ဒာသီချင်းဖြင့်ပိတ်ခဲ့သည်။  
ဗိုက်ကဆာနေလို့သာပြန်လာရတယ် ပြန်ချင်သေးဘူး လက်တွေ့ဘဝကနေခဏတော့ ကင်းကွာတဲ့နေရာလေးမို့လို့လဲ မပြန်နိုင်ဖြစ်ခဲ့ရသည်။ ကျောင်းကြီးက
ခေတ္တခဏပြန်တိတ်ဆိတ်သွားသလိုခံစားရသည် မကြာမကြာလာလည်ကြဖို့ဆရာမတွေမှာသည်။ သူငယ်ချင်းတွေ
ကျောင်းတုန်းကရည်းစားတွေကိုအကုန်လွမ်းသည် ခိုင်ဇင်ဦးကပြောတယ် အမဝလာတယ်တဲ့ ဒီကောင်မလေးအရင်အတိုင်းချစ်ဖို့ကောင်းနေတုန်းပဲဖြစ်သည်။
တီချယ်ဒေါ်ခင်မမအောင်ကိုတွေ့တော့ ကျောင်းမှာ သရဲရှိတဲ့အကြောင်းပြောလို့ ဒဏ်ပေးခံရတဲ့အကြောင်းပြောတော့ ဆရာမက ရီသည်။ ကျန်းကျန်းမာမာနဲ့
နောက်နှစ်မှာ တွေ့ချင်ကြောင်းပြောကြသည်။
အဝေးရောက်နေတဲ့ သူတွေကိုသတိရသည်။ လာချင်ပေမယ့် မလာနိုင်တဲ့သူတေ၊ လာခွင့်မရတဲ့သူကို လည်းသတိရသည်။ လာမည်ပြောပြီးမလာတဲ့သူတွေကို
တော့စိတ်ဆိုးသည်။
ဘာပဲဖြစ်ဖြစ် တာမွေ အထက (၄) ရဲ့ ပထမအကြိမ် ဆရာကန်တော့ပွဲကတော့ အောင်မြင်စွာကျင်းပပြုလုပ်ပြီးဆီးခဲ့လေပြီ .....  ... .. ..
အမှတ်(၄)
အခြေခံပညာအထက်တန်းကျောင်း
တာမွေမြို့နယ်
၁.၅.၂၀၁၀
ပထမအကြိမ် အာစရိပူဇော်ပွဲ

Monday, April 26, 2010

တာမွေ အထက (၄)ပထမအကြိမ် ဆရာကန်တော့ပွဲ

ကျွန်မတို့ မျှော်လင့်နေတဲ့ ရက်ကိုရောက်တော့မယ် အကြောင်းကိစ္စမတိုက်ဆိုင်တော့လဲ ကျောင်းဆိုတာ မရောက်တာကြာခဲ့တယ် ဆရာမတွေကိုသတိရပေမယ့် တကူးတကသွားဖို့ဆိုတာက မလွယ်သလိုကြောင်တောင်တောင်လဲနိုင်တယ်ထင်မိတယ် လမ်းမှာဆရာမတွေတွေ့ရင်တော့ အတင်းနုတ်ဆကရတာပေ့ါ
ဆရာမတွေကဟိုး အရင်ကပြောဖူးတယ် တပည့်တွေက ဆရာမတွေ ကို မှတ်မိလဲမခေါ်ကြဘူးတဲ့ ဆရာမတွေရဲ့ ရင်ထဲမှာ စကားတွေ အများကြီးရှိမှာပဲ သူတို့ သားသမီးတွေမခြား ဆူပူကြိမ်းမောင်း စာတွေကို ချော့တခါခြောက်တလှည့်နဲ့ မသိတာမတတ်တာတွေကို သင်ပေးခဲ့တယ် မျက်နှာမလိုက်ကျောသားရင်သားမခွဲခြားဘူး .. အခုလို အချိန်မှာ အရင်က ဆရာဆရာမတွေ ပင်စင်တွေယူတဲ့သူတွေလဲယူမို့ ကျောင်းကိုသွားရင်တောင် ဆရာမတွေကို စုံစုံလင်လင် မတွေ့ရတော့ဘူး
ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဆရာမတွေလဲ ရှိတာမို့ ထိုနေ့ကို ကြိုတွေးလို့ရင်ခုန်နေမိတယ် ဘာပဲဖြစ်ဖြစ် မေလ၁ရက်နေ့ ဆ ိုကျောင်းတုန်းက ကစားခဲ့တဲ့ (ကစားတာကအရင် အဟီး :) ..)နေရာလေးတွေ စာသင်ခဲ့တဲ့အဆောင်တွေ စာသင်ခန်းမတွေ သူငယ်ချင်းတွေ (စော်လေးတွေလဲပါတာပေါ့နော် :D ..) အားလုံးအားလုံးကို ပြန်တွေ့ရတော့မယ် မလာနိုင်ကြတဲ့ သူငယ်ချင်းတွေလဲ ထိုနေ့လေးကိုတွေးလို့ ပီတိတွေဖြစ်နေတော့မယ် ဓာတ်ပုံတွေ မြင်ချင်နေတော့မယ် ..
တာမွေ(၄)ရဲ့ ပထမအကြိမ် အာစရိယပူဇော်ပွဲလေးအထမြောက် အောင်မြင်တော့မယ် ဆရာမတွေရဲ့ ဆုံးမစကားတွေ ပီတိတွေ သူတို့ရဲ့ ဝမ်းသာလို့ကျတဲ့မျက်ရည်တွေ အတိတ်ကိုသတိရရင်း တပည့်တွေကိုဆူပူလို့နုပျိုသွားတော့မယ် မျက်နှာတွေ တွေးရင်း ထိုနေ့လေးကို ရောက်ဖို့ စိတ်စောမိနေတယ် ... သူငယ်ချင်းတွေရောစုံစုံလင်လာနိုင်ပါ့မလား လာစေချင်ပါတယ် မြန်မာပြည်မှာရှိနေကြတဲ့ သူငယ်ချင်းတွေအားလုံးကို တွေ့ချင်မြင်ချင်တယ် .... နှစ်ပေါင်းများစွာကြာမှ ဖြစ်ချင်လုပ်ချင်တဲ့ ဆရာပူဇော်ပွဲကို လုပ်ခွင့်ရခဲ့တာကိုး .. ဒီတော့ ပြန်ဆုံချင်တယ် .. ..မေ ၁ရက်နေ့ ..မေဒေးနေ့ ပထမအကြိမ် ဆရာကန်တော့ပွဲ ကျင်းပပြူလုပ်မယ့်နေ့ အချိန်က ၉နာရီ နေရာက အ.ထ.က (၄)တာမွေ ကျောင်းတော်ကြီး ........................အမှတ်တရမေဒေး ၂၀၁၀

Saturday, April 24, 2010

အတွင်းဝန်ရုံး

အတွင်းဝန်ရုံးထဲကို မျှော်ကြည့်ရင်း တချိန်က ဗိုလ်ချုပ်အောင်ဆန်း လှုပ်ရှားသွားလာခဲ့ပါလားရယ်လို့ မြင်ယောင်ရင်း လွမ်းမ ိတမ်းတမိ နှမြောမိတယ် ခုတော့လဲ အေးစက်တိတ်ဆိတ်နေလေရဲ့

ဒီနေရာမှာ အမှတ်တရတွေ ရှိတယ် မြန်မာပြည်အတွက် ရန်ကုန်မြို့ကြီးအတွက်
ဓာတ်ပုံရိုက်ပေးတဲ့ မောင်လေးညဏ်ညဏ်ကို ကျေးဇူးတင်ပါတယ် ....