Tuesday, August 11, 2009

ရင်ကွဲသံ

လူကိုခွေးဟောင်
သခိုးကလူဟစ်
လူမိုက် ဘုရင်ဖြစ်
နွံနစ်နေရတာတန်သလားကွာ .. တောက်!

Monday, August 10, 2009

နာစရာရှိရင် ရယ်စရာနဲ့ဖြေ

လောကကြီးရယ်
မသနားတတ်အောင် သင်ပေးပါ



လောကကြီးရယ်
အားမနာတတ်အောင် သင်ပေးပါ



လောကကြီးရယ်
ပြတ်သားတတ်အောင် သင်ေပေးပါ



လောကကြီးရယ်
မခံစားတတ်အောင် သင်ပေးပါ



လောကကြီးရယ်
မချစ်တတ်အောင် သင်ပေးပါ



လောကကြီးရယ်
နာကျည်းတတ်အောင်သင်ပေးပါ



လောကကြီးရယ်
လူတိုင်းနဲ့မတန်တဲ့စေတနာကို လူရွေးထားတတ်အောင်သင်ပေးပါ


လောကကြီးရယ်
သည်းခံတိုင်းစော်ကားတတ်တဲ့ အတ္တသမားတွေကို
မှတ်သားလောက်အောင် တစ်ခုခုတုံ့ပြန်ချင်ပေမဲ့



မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားတဲ့


အင်း... ..ဒါနဲ့ပဲ
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပေါ့


မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မှာပေါ့ဆိုပြီး ...စိတ်ကို လျှော့ လို့
Animated Icons

ဟားဟားဟား... ရယ်ရတဲ့ လောက
လို့သာ ရယ်နေလိုက်တော့တယ် ......
မရယ်ရဘူးလား

Saturday, August 08, 2009

Knowledge

အနုပညာ ကိုခံစားတတ်သူတို့သာပိုင်ဆိုင်သည်။ -> Paw Oo Thet

ကရဝိတ်


ဒီပုံလေးကလဲ Layer Mask ကြည့်ပဲလုပ်ထားတဲ့ပုံလေးပါ

Rainbow




Photoshop CS 2 နဲ့ ပုံလေးနှစ်ပုံကို Layer Mask လုပ်ပြီးဆက်ထားတယ် ပြီးတော့ ပုံနဲ့လိုက်တဲ့ ကဗျာလေးကိုတင်ထားလိုက်တယ်
Rainbow တဲ့

My Heart leaps up when I behold
A rainbow in the sky:
So was it when my life began,
So is it now I am a man,
So be it when I shall grow old
Or let me die!
The Child is father of the Man:
And I Could wish my days to be
Bound each to each by natural piety.
W. WORDSWORTH

Tuesday, August 04, 2009

ဘဝဆိုတာ

  • ဟားဟား တော်တော်ရယ်စရာကောင်းတဲ့ လောက
  • ငိုလိုက်ရတာလဲ ခဏခဏ
  • မာနတွေလဲပြာကျ
  • ဆန္ဒတွေလဲ မြိုမြိုချရင်း
  • ဒါဟာဘဝဆိုတာလဲသိခဲ့ပြီ

Tuesday, July 28, 2009

ဓာတ်ပုံဝါသနာရှင်တွေအတွက်


ABC Stout မှ Camera ဆုပေးမယ်ဆိုတော့ ညီမငယ် ငြီငြီ ကိုသတိရပြီး ဒီကြော်ငြာလေးကို ပို့စ်တင်လိုက်တာပါ...

Cannon Club Myanmar
Photo Competition
အပျော်တမ်းအဆင့်ပြိုင်ပွဲ
ကျန်းမာပျော်ရွှင်သောနေထိုင်မှု ဘဝ
ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံပေးပို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လိုက်နာရမယ့် စည်းကမ်းချက်တွေကတော့
၁။ ပြိုင်ပွဲဝင်တစ်ဦးလျှင်(၁၀” x ၁၂”)အရွယ် Digital Camera ဖြင့်ရိုက်ယူထားသော
ဓာတ်ပုံများကိုသာ ပေးပို့ယှဉ်ပြိုင်ရမည်။
၂။ ပြိုင်ပွဲဝင်ဓာတ်ပုံများသည် Black & White ဖြင့်သာရိုက်ကူးရမည်။
၃။ ပြိုင်ပွဲဝင်များသည် အပျော်တမ်းအဆင့် ဓာတ်ပုံရိုက်သူများသာ ဖြစ်ရမည်။
၄။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အစက်အပြောက်ဖာထေးခြင်းမှအပ Digital စနစ်ဖြင့်
ပေါင်းစပ်ပြုပြင်ထားခြင်းမပြုရ။ မောက်မကပ်ရ။ လိပ်၍မပို ့ရ။ (၁၀” x ၁၂” ) ဆိုက်ဒ်တွင်
ဆေးသားအပြည့်ကူးပါ။ ဘောင်မခတ်ရ။
၅။ ပြိုင်ပွဲဓာတ်ပုံများသည် ပြိုင်ပွဲဝင်သူကိုယ်တိုင်ရိုက်ကူးထားသော ပုံဖြစ်ရမည်။
ဓာတ်ပုံရိုက်ကူးပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ အရှုပ်အရှင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက
သက်ဆိုင်ရာယှဉ်ပြိုင်သူ၏ တာဝန်သာဖြစ်သည်။
၆။ ဆုရရှိသောဓာတ်ပုံများကို ABC Stout မှလိုအပ်သလို အသုံးပြုခွင့်ပေးရမည်။
၇။ MBLမှ ရွေးချယ်ထားသော အကဲဖြတ်အဖွဲ့ဝင်တို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်မည်။
၈။ ပြိုင်ပွဲဝင်ခွင့်ပုံစံကို ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။
၉။ MBLဝန်ထမ်းများနှင့် ယခု Promotion နှင့်ပတ်သတ်သော Agency ဝန်ထမ်းများ
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရ။
၁၀။ ဆုရရှိသောပုံများ၏ မူရင်း Jpeg (သို ့) Raw File များကို MBL သို ့သတ်မှတ်ချိန်
အတွင်း ပေးပို ့ရမည်။

ပြိုင်ပွဲဝင်ပုံစံများထုတ်ယူနိုင်သောနေရာများ က

1/. MBL Sales Office
(No. 61, Sayar San Road, Bahan)
2/. Canon Showroom(Aung San Stadium)
3/. Canon Club Myanmar
(Level - 11, FJV Commercial Centre, Strand Road)
4/. All ABC Outlets

့ ပြိုင်ပွဲဝင်ခွင့်ပုံစံ
အမည် ............................
မှတ်ပုံတင်အမှတ်.......................
နေရပ်လိပ်စာ..................
ဖုန်းနံပတ်........................
ပုံစံကို မှန်ကန်ပြည့်စုံအောင်ဖြည့်ပြီး Canon Club Myanmar
(Level - 11, FJV Commercial Centre, Strand Road) ကိုပို့ပေးရမှာပါ။
နောက်ဆုံးပို့နိုင်တဲ့ရက်က ဩဂုတ် ၃ဝ ရက်ဖြစ်ပါတယ် ..
ရမယ့်ဆုတွေကတော့
1st Prize - Canon 5D MarkII
2nd Prize - Canon Canmcorder 2R930
3rd Prize - Canon Canmcorder 2R900 သုံးဆုပေးမှာဖြစ်ပါတယ်။..

ညီမငယ် ငြီငြီရေ ပထမဆုလေးနဲ့ထိုက်တန်တဲ့သူဖြစ်ပြီး
စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိပါစေ....

Sunday, July 26, 2009

အမှတ်တရ

ဒီလုပ်ငန်းလေးကိုစလုပ်ဖြစ်တယ် စိတ်ဝင်စားစရာလဲကောင်းပါတယ် ကြွေခွက်လေးတွေပေါ်မှာ အမှတ်တရ တခုခုရေးပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ ဓာတ်ပုံ ထုတ်နိုင်တဲ့ အလုပ်လေးပါ။...
ကိုယ့်အမှတ်တရတွေ ကိုယ်ချစ်တဲ့သူတွေအတွက် မှတ်မှတ်ရရ ပစ္စည်း ဆန်းဆန်းလေးပေးချင်တဲ့ သူတွေအတွက်ဆိုတော်တော် အဆင်ပြေပါတယ် အချိန်လဲအများကြီးပေးစရာမလိုပဲ သင့်တင့်တဲ့တန်ဖိုးနဲ့ ချစ်စရာအမှတ်တရတွေ ပုံဖော်ေပေးနိုင်ခဲ့ရင်တော့ ကျေနပ်စရာပဲပေါ့.....
ပျော်ရွှင်စရာအမှတ်တရတွေဖြစ်ကြပါစေ.....

အစိမ်းရောင်



ဒီအရောင်ကို ပုံမှန်အားဖြင့်မကြိုက်တတ်ပေမဲ့ ကွန်ပျုတာကိုတရက်မှာ ၁၈ နာရီလောက်ကြည့်နေတတ်တဲ့ သူ့အတွက်စဉ်းစားလိုက်တဲ့အခါတွေရယ် မြန်မာအလှ ဓာတ်ပုံပြခန်းလေးတခုထားချင်နေတဲ့ဆန္ဒ တွေကြောင့် ခရီးသွားတိုင်း ရန်ကုန်မှာမြင်ရလေ့မရှိတဲ့ ရှုခင်းစိမ်းစိမ်းတွေကို မလွတ်တမ်းဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ အမြဲကွန်ပျုတာနဲ့ ထိတွေ့နေရတဲ့သူတွေအတွက် အစိမ်းရောင်ရှုခင်းလေးတွေက မျက်စိအေးစေမယ်ထင်လို့ပါ။ မန်းတောင်ပေါ်ကရှုခင်းလေးပါ။ မိုးရာသီရဲ့အေးမြမှု၊ အပင်စိမ်းစိမ်းနုနုလေးတွေကလာတဲ့ လေအေးအေးလေးကို စိတ်ကူးနဲ့ ခံစားရင်း ချမ်းမြေ့ပျော်ရွှင်ကြပါစေ... ။ ်

Thursday, July 09, 2009

လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်

ဖတ်ဖူးတာလေးပါ...ဆိုပြီး စကာင်္ပူရောက်နေတဲ့ သူငယ်ချင်းကပို့လာတဲ့ မေးလ်ကို တင်ပေးထားတာပါ

(၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှ ရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်းဒဏ်များကြောင့်
ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကို ပိုဆိုးစေပါသည်။
ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော
ဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို
(ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့်
ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။
(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင်
နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.) သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း
ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။
(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို. ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက (၁)အကြောသေခြင်း (၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း (၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်။ လေဖြတ်ခြင်းဝေဒနာမှ ကင်းဝေးစေရန်အတွက် ကုသိုလ်ပြု
လိုက်ပါသည်။
တရုတ်ပြည်မှပေးပို.သော တရုတ်ရိုးရာဆေးကျမ်းမှ တိုက်ရိုက်ဘာသာပြန်ဆိုထားပါသည်။