ရှိသူက "အစွယ်" အားကိုးတော့ "အစွယ်"ကျိုးတတ်တယ်။ "အသိ"ရှိသူက
"အသိ"အားကိုးရင် အသိတိုးတတ်တယ်။
၂။ဖြစ်ချင်ရင်လညး် မဖြစ်တတ်ဘူး၊ မဖြစ်ချင်ရင်လည်း ဖြစ်တတ်တယ်။ အော်?
၃။ကိုယ့်ဖို့ တစ်ဘက်ထဲက ကြည့်ရင်, အပြစ်ပဲ မြင်တတ်တယ်။ နှစ်ဘက်မျှ
ကြည့်ရင် အပြစ်ကင်းတယ်။
၄။ထုတ် မပြောဝံတာတွေကို မတွေးနဲ့၊ လူရှေ့မှာ မလုပ်ဝံ့တာတွေကို မပြောနဲ့၊
ကောင်းတဲ့ အလုပ်ကို ပြောသလို လုပ်၊ လုပ်တဲ့ အတိုင်းသာပြော။
၅။စိတ်ဆိုးနေရင် စိတ်ကောင်းဖြစ်လာအောင် ပြောင်းလိုက်ပါ။ မြန်မြန်!
စိတ်ကို ပြောင်းဖို့ထက် ဆိုးတဲ့ဓာတ်ကို ကောင်းတဲ့ဓါတ် ပြောင်းလိုက်ပါ။
၆။ဘာမျှ မသိတဲ့ လူတွေက ချီးကျူးခံရတာလောက် သိက္ခာကျတာ၊ ဂုဏ်ပျက်တာ၊
မရှိတော့ ပါဘူး၊ သူများ ချီးကျူးတိုင်း ကောင်းတယ်မထင်နဲ့။
၇။တကယ်သိရင် မဟုတ်တာ မလုပ်ပါဘူး၊ သိလျက်နဲ့ မဟုတ်တာ လုပ်သေးရင်
မသိတဲ့သူထက် ဆိုးသွားပြီပေါ့။
၈။ချိန်ဆတတ်တာ ကောင်းပါတယ်။ ဒါပေမယ့် သူများနဲ့ ကိုယ် ချိန်ရင် မာန၊
ကိုယ့်ကို ကိုယ်သာ ချိန်ဆရင် ပညာ။ နားလည်နိုင်ပါစေ။
၉။ထမင်းငတ်ရုံသာ ကြိုးစားရင် သူဌေး မဖြစ်ဘူး။ သူဌေးဖြစ်ဖို့သာ ကြည့်ရင်
ထမင်းငတ်သွားတတ်တယ်။ ရေတိုရေရှည် နှစ်မျိုးစလုံး ကြိုးစားပေါ့။
၁၀။စောင်းမပြောနဲ့ တည့်တည့်ပြော။ ရွဲ့မထိုင်နဲ့ တည့်တည့်ထိုင်၊
ကိုယ်နဲ့ကိုယ်တည့်ပါစေ။
၁၁။နင့်အတွက်သာ နင်ကြည့်တတ်သလို ငါလညး် ငါ့ အတွက်သာ ကြည့်လိုက်ရင်................?
၁၂။ပြီးခဲ့တာတွေလညး် ပြီးခဲ့ပါပြီ၊ နောင်ရေးကလဲ မရောက်သေးဘူး၊ အခု,ဆိုတာက
ချက်ချင်းဆိုတော့ ဘယ်လို, စိတ်ပူရမှန်းတောင် မသိလိုက်ပါဘူး။
၁၃။မကောင်းတာတွေ ကြုံရ,ဆုံရတာကို "ဝဋ်ခံရတယ်" ခေါ်တယ်။ ကံမကောင်းရင်လညး်-
ဝဋ်ခံရတယ်။ ဉာဏ်တုံးရင်လည်း- ဝဋ်ခံရတယ်။ ဝီရိယလွဲရင်လညး်- ဝဋ်ခံရတယ်။
၁၄။"ငါ" ရှာတာ "ငါ" မတွေ့၊ တွေ့တာဟာ "ငါ" ပဲပေါ့။
၁၅။အတုပဲ ခိုးလို့ရမယ်။ အစစ်ဆိုတာ ကျင့်မှ။ အမှန်ကို သိသလောက် ကျင့် အစစ်ဖြစ်တယ်။
၁၆။တစ်ဦးနဲ့တစ်ဦး လေးစားကြလို့ အတူတူပေါငး်သင်း အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား!
၁၇။အရေအတွက်ကို တန်ဖိုးထားတာလား! အရည်အချင်းကို တန်ဖိုးထားတာလား!
၁၈။မတူညီကြတဲ့ အထဲမှာ တူညီတဲ့ သဘောတွေကို မြင်အောင် ကြည့်တတ်ပါစေ။
၁၉။ကိုယ်က သူ့ကို, သူက ကိုယ့်ကို အထင်ကြီးတတ်သလို, အထင်လဲ သေးတတ်တယ်။
ကိုယ်ဟာ ကိုယ်၊ သူဟာသူပါပဲ။
၂၀။"ငါ့ကိုသာ လေးစား၊ ငါ့ စကားသာနားထောင်" ဆိုရင် တစ်အိမ်ထဲမှာပဲ
ဖြစ်ပါစေ, ဖရိုဖရဲ ကြဲကုန်ရော။
--
Web Link : http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:63561
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \