Monday, December 19, 2011
Best Friend
သူငယ်ချင်းဆိုတာ မရှိမကောင်း ရှိမကောင်း မပေါင်းလဲခက် ပေါင်းလဲခက် နီးတကျက်ကျက် ဝေးတစ်သက်သက် မတည့်အတူနေဆိုသလို တည့်လွန်းတော့ရန်ဖြစ်ရတယ် အသက်နဲ့လဲမဆိုင် ရင့်ကြတ်ချင်ရောင်ဆောင်ပြီး ဟန်ဆောင်ခွင့်လွှတ်ပေမယ့် တကယ်တမ်းကျတော့ အားမနာတမ်းပြောဆိုပစ်လိုက်ရမှ ကျေနပ်သွားသလိုလို.. အဲ နောက်ကျတော့လဲ လွယ်လွယ်မေ့ပျောက်လို့ မတွေ့တာကြာပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုံကြရင်း ပြန်ချစ်ကြလို့ ရန်ဖြစ်ဖို့ အားယူနေကြပြန်တယ်.. ထို့ကြောင့် သူငယ်ချင်းဆိုတာ ကိုယ့်ကို ဒုက္ခအပေးဆုံးသူများ ဖြစ်သလို ကိုယ်ဒုက္ခပေးတာ အခံရဆုံးသူများလည်း ဖြစ်ကြသည်။ ။
သူငယ်များသို့ အမှတ်တရ...
Friday, December 09, 2011
လတ်တလော စိတ်ခံစားမှု
Wednesday, October 26, 2011
Wednesday, October 05, 2011
Monday, October 03, 2011
ဝက်ဆိုက်လေးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်
(စာလုံးတွေမမြင်ရဘူးဆိုသူတွေအတွက် လေ့လာနိုင်မယ့်
https://addons.mozilla.org/en-US/firefox/addon/myanmar-converter-pro/
http://www.myanmarlanguage.org/tools/nhm-keyboard-unicode
Thursday, September 01, 2011
ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ၇
ရှိသူက "အစွယ်" အားကိုးတော့ "အစွယ်"ကျိုးတတ်တယ်။ "အသိ"ရှိသူက
"အသိ"အားကိုးရင် အသိတိုးတတ်တယ်။
၂။ဖြစ်ချင်ရင်လညး် မဖြစ်တတ်ဘူး၊ မဖြစ်ချင်ရင်လည်း ဖြစ်တတ်တယ်။ အော်?
၃။ကိုယ့်ဖို့ တစ်ဘက်ထဲက ကြည့်ရင်, အပြစ်ပဲ မြင်တတ်တယ်။ နှစ်ဘက်မျှ
ကြည့်ရင် အပြစ်ကင်းတယ်။
၄။ထုတ် မပြောဝံတာတွေကို မတွေးနဲ့၊ လူရှေ့မှာ မလုပ်ဝံ့တာတွေကို မပြောနဲ့၊
ကောင်းတဲ့ အလုပ်ကို ပြောသလို လုပ်၊ လုပ်တဲ့ အတိုင်းသာပြော။
၅။စိတ်ဆိုးနေရင် စိတ်ကောင်းဖြစ်လာအောင် ပြောင်းလိုက်ပါ။ မြန်မြန်!
စိတ်ကို ပြောင်းဖို့ထက် ဆိုးတဲ့ဓာတ်ကို ကောင်းတဲ့ဓါတ် ပြောင်းလိုက်ပါ။
၆။ဘာမျှ မသိတဲ့ လူတွေက ချီးကျူးခံရတာလောက် သိက္ခာကျတာ၊ ဂုဏ်ပျက်တာ၊
မရှိတော့ ပါဘူး၊ သူများ ချီးကျူးတိုင်း ကောင်းတယ်မထင်နဲ့။
၇။တကယ်သိရင် မဟုတ်တာ မလုပ်ပါဘူး၊ သိလျက်နဲ့ မဟုတ်တာ လုပ်သေးရင်
မသိတဲ့သူထက် ဆိုးသွားပြီပေါ့။
၈။ချိန်ဆတတ်တာ ကောင်းပါတယ်။ ဒါပေမယ့် သူများနဲ့ ကိုယ် ချိန်ရင် မာန၊
ကိုယ့်ကို ကိုယ်သာ ချိန်ဆရင် ပညာ။ နားလည်နိုင်ပါစေ။
၉။ထမင်းငတ်ရုံသာ ကြိုးစားရင် သူဌေး မဖြစ်ဘူး။ သူဌေးဖြစ်ဖို့သာ ကြည့်ရင်
ထမင်းငတ်သွားတတ်တယ်။ ရေတိုရေရှည် နှစ်မျိုးစလုံး ကြိုးစားပေါ့။
၁၀။စောင်းမပြောနဲ့ တည့်တည့်ပြော။ ရွဲ့မထိုင်နဲ့ တည့်တည့်ထိုင်၊
ကိုယ်နဲ့ကိုယ်တည့်ပါစေ။
၁၁။နင့်အတွက်သာ နင်ကြည့်တတ်သလို ငါလညး် ငါ့ အတွက်သာ ကြည့်လိုက်ရင်................?
၁၂။ပြီးခဲ့တာတွေလညး် ပြီးခဲ့ပါပြီ၊ နောင်ရေးကလဲ မရောက်သေးဘူး၊ အခု,ဆိုတာက
ချက်ချင်းဆိုတော့ ဘယ်လို, စိတ်ပူရမှန်းတောင် မသိလိုက်ပါဘူး။
၁၃။မကောင်းတာတွေ ကြုံရ,ဆုံရတာကို "ဝဋ်ခံရတယ်" ခေါ်တယ်။ ကံမကောင်းရင်လညး်-
ဝဋ်ခံရတယ်။ ဉာဏ်တုံးရင်လည်း- ဝဋ်ခံရတယ်။ ဝီရိယလွဲရင်လညး်- ဝဋ်ခံရတယ်။
၁၄။"ငါ" ရှာတာ "ငါ" မတွေ့၊ တွေ့တာဟာ "ငါ" ပဲပေါ့။
၁၅။အတုပဲ ခိုးလို့ရမယ်။ အစစ်ဆိုတာ ကျင့်မှ။ အမှန်ကို သိသလောက် ကျင့် အစစ်ဖြစ်တယ်။
၁၆။တစ်ဦးနဲ့တစ်ဦး လေးစားကြလို့ အတူတူပေါငး်သင်း အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား!
၁၇။အရေအတွက်ကို တန်ဖိုးထားတာလား! အရည်အချင်းကို တန်ဖိုးထားတာလား!
၁၈။မတူညီကြတဲ့ အထဲမှာ တူညီတဲ့ သဘောတွေကို မြင်အောင် ကြည့်တတ်ပါစေ။
၁၉။ကိုယ်က သူ့ကို, သူက ကိုယ့်ကို အထင်ကြီးတတ်သလို, အထင်လဲ သေးတတ်တယ်။
ကိုယ်ဟာ ကိုယ်၊ သူဟာသူပါပဲ။
၂၀။"ငါ့ကိုသာ လေးစား၊ ငါ့ စကားသာနားထောင်" ဆိုရင် တစ်အိမ်ထဲမှာပဲ
ဖြစ်ပါစေ, ဖရိုဖရဲ ကြဲကုန်ရော။
--
Web Link : http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:63561
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \
Thursday, June 16, 2011
Saturday, June 11, 2011
လတ်တလောခံစားနေရတဲ့ ဗီတာမင်တွေ....
ပြိုကျချင်သလောက်ပြို ပြန်ဆောက်လို့ရပေမယ့် ယုံကြည်မှုလဲ
ပြိုရင် ပြန်လည်တည်ဆောက်ဖို့ မလွယ်ဘူး
ကျချင်တာတွေကျ ပြန်ကောက်လို့ရပေမယ့် လာပြီးသား အခွင့်အရေးတွေ
ကပြန်ကောက်ဖို့ မလွယ်ဘူး
ဘယ်အရာတွေ ဘယ်လောက်တန်းဖိုးရှိရှိ ရိုးသားမှုဂုဏ်လောက်တန်ဖိုးမရှိဘူး
ကိုယ့်တန်းဖိုးကို ကိုယ်ကိုတိုင်ရွေးချယ်သတ်မှတ်ပါတယ်
မသိစေချင်ဘူးလား မလုပ်ပါနဲ့
ဘာပျက်ပျက် အရေးမကြီးဘူး စာရိတ္တမပျက်ဖို့ပဲလိုတယ်
ဘယ်အရာတွေ ဘယ်လောက်တန်းဖိုးရှိရှိ ရိုးသားမှုဂုဏ်ေ
လာက်တန်ဖိုးမရှိဘူး
ကိုယ့်တန်ဖိုးကို ကိုယ်ကိုတိုင်ရွေးချယ်သတ်မှတ်ပါတယ်
--
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \
Tuesday, April 12, 2011
နှစ်သစ်ကူး သင်္ကြန်အကြိုနဲ့ ပန်းပိတောက်
ဈေးထဲရောက်တော့ ပိတောက်ပန်းရောင်းတဲ့နေရာ တွေ့အောင်ရှာပြီး
၅၀ဝဖိုးဝယိလာတယ် အွန်လိုင်းမှာ ပိတောက်ပုံစိတ်တိုင်းကျမတွေ့မိတော့
ပိတောက်ပန်းကို ဓာတ်ပုံရိုက်ချင်စိတ်က
ပြင်းပြင်းပြပြကိုဖြစ်နေမိပြန်ရော... ပန်းတွေထဲမှာ ပိတောက်ပန်းကို
တပင်လုံးဝေနေအောင်ပွင့်ပြီး ပွင့်ချိန်ကလဲ မများတာမို့ ပိတောက်ပန်းကိုလဲ
ကြိုက်မိပါတယ်...ပန်းရနံကလဲ ခပ်သင်းသင်းလေးမို့ ပိတောက်နဲ့
သင်္ကြန်လိုက်ဖက်နေတဲ့နှစ်လို့လဲဆိုနိုင်ပါတယ်...
အပင်မှာ ပွင့်ဝေနေတာကိုဓာတ်ပုံရိုက်ခွင့် ကြုံကြိုက်ဖို့တော့ အခြေအနေက
မပေးသေးပါဘူး... ဒီပန်းပုံလေးတွေကို အကျိုးရှိမယ်ဆိုရင်
ယူသုံးနိုင်ပါတယ်... အားလုံးအတွက်နှစ်သစ်ကူးလက်ဆောင်ဖြစ်ပါစေ..
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ..
--
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \
Friday, April 08, 2011
မိတ္တူကူး ဆိုင်ကကြိုက်လွန်းလို့ တောင်းလာတဲ့ နှလုံးသားအဟာရလေးတစ်ခုပါ..
အပြောလေးတစ်ခုနဲ့
ကျေနပ်ခဲ့ရပေါင်းလည်း များပြီ။
ကူညီပါ..ဆိုတဲ့
စကားလေးတစ်ခုနဲ့
ညာခိုင်းခံခဲ့ရပေါင်းလည်း များပြီ။
ခဏလေးပါ.... ဆိုတဲ့
ငှားရမ်းမှုတွေကြောင့်
ဆုံးရှုံးရပေါင်းလည်း များပြီ။
မနက်ဖြန်ပါ.... ဆိုတဲ့
ချိန်းဆိုမှုတွေကြောင့်
စောင့်ခဲ့ရပေါင်းလည်းများပြီ။
သည်းခံပါ.... ဆိုတဲ့
တောင်းပန်မှုတွေနဲ့
ခွင့်လွှတ်ခဲ့ရပေါင်းလည်းများပြီ။
ရပါတယ်.... ဆိုတဲ့
အပြောလေးတွေကြောင့်
ပျက်စီးခဲ့ရပေါင်းလည်းများပြီ။.. ... ...
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \
Friday, March 25, 2011
23.Mar. 2011 Happy Birthday...
I Love u, so much. thanks my Love! Thanks, For your birthday wish.
Wednesday at 11:05am
Zue Linn's album.
- Mya Kay Khaing Have a nice Year for your Family..................
♪ ♫HAPPY BIRTHDAY FOR MA TOO MAR♫ ♪
Wednesday at 1:32pm- sis .. HAPPY BIRTHDAY
Goodluck for All...!
jeljel.lay: ပျော်ရွှင်ဖွယ် မှေးနေ့ပါ မတူးမာ
nyanmyint11: Happy Birthday A ma
အေးသန်တာ: Happy birthday Toomar
zmo26dec: Happy Birthday...! My friend
ရီဝင်း: happy BD friend
ကျွန်မ မွေးနေ့ကို ခုလိုဆုတောင်းတွေမှတ်မှတ်ရရ စုထားဖြစ်သည်။ သတိရတိုင်း ပြန်ကြည့်ရတာ တော်တော် ပျော်စရာကောင်းသည်။ အမှတ်တရဆိုတာ ပြန်မရနိုင်ဘူးလေ.. မွေးနေ့ ၂၀၁၁ ..... ၊... ၊
ဆုတောင်းပေးကြတာ အများကြီးပဲမို့ ပျော်စရာအတော်ကောင်းသည်....
မွေးနေ့မှာ ခရီလွန်နေပါသဖြင့် ပုံတွေလဲ မတင်နိုင် မွေးနေ့ကို မှတ်မှတ်ရရ သတိရပေးဆုတောင်းပေးခဲ့ကြသူတွေကိုရော သတိမရတဲ့ ငယ်သူငယ်ချင်းတွေကိုပါ ကျေးဇူးတင်ကြောင်း ပျော်ရွှင်စွာ ပေးတဲ့ဆုတွေ ပြည့်ပါစေလို့ ပြန်ပြောနိုင်ဖို့နောက်ကျခဲ့ရတယ် ခွင့်လွှတ်ကြပါ.. ဘလော့မှာ ဆုတောင်းလေးတွေ တနှစ်စာ အမှတ်တရလုပ်ပြီး သိမ်းထားလိုက်ပါပြီ....
ဖုန်းနဲ့မှတ်မှတ်ရရ သတိရပေးတဲ့
သူငယ်ချင်း နီလေး၊ အောင်အောင်၊ ဇော်မင်းဦး၊ ဘိုသူ.. ... တို့ကိုလဲ ကျေးဇူးတင်ပါတယ်.......
ချစ်တဲ့ သူတွေနဲ့ အတူ ပျော်ရွှင်စွာဖြတ်သန်းနေရတဲ့ ဘဝလေးမှာ တကယ်ပျော်ရွှင်ရပါတယ် ကျေနပ်ရပါတယ်.........
23.Mar. 2011 Happy Birthday...
-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝
....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \