Tuesday, April 12, 2011

နှစ်သစ်ကူး သင်္ကြန်အကြိုနဲ့ ပန်းပိတောက်

နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မှာ တိုက်ဆိုင်စွာ ပိတောက်တွေပွင့်နေတယ်
ဈေးထဲရောက်တော့ ပိတောက်ပန်းရောင်းတဲ့နေရာ တွေ့အောင်ရှာပြီး
၅၀ဝဖိုးဝယိလာတယ် အွန်လိုင်းမှာ ပိတောက်ပုံစိတ်တိုင်းကျမတွေ့မိတော့
ပိတောက်ပန်းကို ဓာတ်ပုံရိုက်ချင်စိတ်က
ပြင်းပြင်းပြပြကိုဖြစ်နေမိပြန်ရော... ပန်းတွေထဲမှာ ပိတောက်ပန်းကို
တပင်လုံးဝေနေအောင်ပွင့်ပြီး ပွင့်ချိန်ကလဲ မများတာမို့ ပိတောက်ပန်းကိုလဲ
ကြိုက်မိပါတယ်...ပန်းရနံကလဲ ခပ်သင်းသင်းလေးမို့ ပိတောက်နဲ့
သင်္ကြန်လိုက်ဖက်နေတဲ့နှစ်လို့လဲဆိုနိုင်ပါတယ်...
အပင်မှာ ပွင့်ဝေနေတာကိုဓာတ်ပုံရိုက်ခွင့် ကြုံကြိုက်ဖို့တော့ အခြေအနေက
မပေးသေးပါဘူး... ဒီပန်းပုံလေးတွေကို အကျိုးရှိမယ်ဆိုရင်
ယူသုံးနိုင်ပါတယ်... အားလုံးအတွက်နှစ်သစ်ကူးလက်ဆောင်ဖြစ်ပါစေ..
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ..

--

-- with
╔╗
║║╔═╦╦╦═╗
║╚╣║║║║╩╣
╚═╩═╩═╩═╝

....(¯`v´¯)
..... ·.¸.·´
...¸.·´
.. (
☻/
/▌
/ \

No comments: