Saturday, April 21, 2012

မိန်းမစိတ်ရှိတဲ့ မိန်းမသား

မနေ့ကမနက် ကို့ကို လေယာဉ်ကွင်းပို့ပြီးပြန်တော့ အိမ်မက်တွေမက်နေတာ အိပ်ယာကနိုးတော့ ရီလိုက်ရတာ ဗြဲ.. အော် ကျမ လည်းမိန်းမတော့ဆန်သေးတာကိုးလို့တွေးမိတယ်... အိမ်မက်ထဲမှာ ကိုက အသိအမျိုးသမှးတယောက်ကို လက်တော့အိတ်ပေးသတဲ့ ပေးတဲ့ အမျိုးသမီးက ကို အရင်ကကြိုက်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဖြစ်နေသတဲ့လေ...ဖြစ်ချင်တော့ ကိုယ်ပေးလိုက်တဲ့ အိတ်ထဲမှာ အဲဒီအမျိုးသမီးနဲ့ပတ်သတ်ခဲ့တဲ့ ဟိုးအတိတ်ကစာတစောင်ပါသွားလေသတဲ့.. အဲစာနဲ့ပတ်သတ်ပြီး အဲအမျိုးသမီးလေးက ကို့ကို ပြန်ရောပါတယ်တဲ့လေ...
ကျမရှေ့မှာ မျက်စိနောက်အောင် (အိပ်မက်ထဲမှာပါတဲ့အတိုင်းပြောတာပါ) ဟိုးအရင်ကအကြောင်းတွေ ကို့အနားပဲကပ်ကပ်ပြီး ပြောပါသတဲ့ ကျမမသိတဲ့အကြောင်းတွေ ကျမမကြားအောင် ကျမရှေ့မှာ ထမင်းအတူစားကြရင်းပြောပါသတဲ့ အဲဒီမှာပဲ မြင်ပျင်းကပ်လှစွာရှိတာနဲ့ စားနေတဲ့ဇွန်းနဲ့ အဲအမျိုးသမီးခေါင်းကို ကျမခေါက်ပစ်ပြီး ထထွက်လာခဲ့ပါတယ်တဲ့ရှင်.... ကျမချစ်သူကိုက ကျမကို ဆူလဲမဆူသလိုလိုက်လဲမချော့ပါဘူးတဲ့ ...အိပ်မက်လေးက ဒါပါပဲရှင် သားတော်မောင် အော်နေတာနဲ့ အိပ်ရာကလန့်နိုးလာတော့ ကျမဘေးမှာကို ရှိမနေတာသတိရလို့ သွားရပြန်ပါတော့တယ်.... အပြင်မှာအဲလိုသာဆို ဘယ်လိုလုပ်ရပါ့မလဲ မသိဘူးနော်...

Sunday, April 08, 2012

ချစ်စရာမြန်မာဖောင့်လေးတွေ


စိတ်ကူးထဲမှ ဖောင့်လေးတွေ အကုန်မပြီးသေးဘူး စိတ်ပါပေမယ့် မအားတာရယ် အားပေမယ့် စိတ်မပါတာရယ်ကြောင့် ခုထိတိုင်မပြီးသေးတဲ့ ကျမရဲ့ ချစ်စရာမြန်မာဖောင့်လေးတွေ မေ့သွားပျောက်သွားမှာစိုးလို့ အမှတ်တရ တင်ထားလိုက်ပါတယ်...