Sunday, May 02, 2010

အာစရိယပူဇော်ပွဲ အမှတ်တရနေ့


ဆရာပူဇော်ပွဲနေ့

မနက်တည်းက စောစောထလို့ သားနဲ့ မေမေကို အဒေါ်အိမ်သို့ပို့ပြီးစိတ်တွေကကျောင်းသို့ အရင်ရောက်နှင့်နေသည်။ ကျောင်းထဲကိုဝင်လိုက်တာနဲ့
ကျမခြေထောက်တွေ ပိုမိုပေါ့ပါးလို့သွက်လက်နေသည်။ ဆရာမတွေ ကိုတွေ့ပြီ သူငယ်ချင်းတွေရှာသည်။ ကျွန်မတို့သူငယ်ချင်းတွေတွေ့ဖြစ်ဆုံဖြစ်ကြပြီ။
ကျွန်မတို့ ငယ်ငယ်ကဘဝကိုပြန်ရောက်သွားကြသည် အရင်ထက် အနည်းငယ်သာပြောင်းလဲနေတဲ့ကျောင်းဆောင်တွေကိုသွားရင်း စိတ်တွေ
ဟိုးအတိတ်ပြန်ရောက်သွားသည် ကလေးတွေလို ပြေးလွှားရင်းကျောင်းအဆောင်တွေပတ်ကြည့်ကြသည် ဆရာမတွေတွေ့ရင်
နေကောင်းလားသတိရတယ်ဆိုပြီးဖက်ကြနမ်းကြသည် ဆရာမတွေကကောင်မတွေ တွေ့မှသေအောင်လွမ်းနေတယ်ဆိုပြီး မျက်ရည်ဝဲပြီး ဆူသည်.
မုန့်စားလွှတ်တိုင်းသွားစော့နေကြနေရာလေးမှာဓာတ်ပုံရိုက်ရင်း ဘဝအမောတွေ ခဏတော့မေ့သွားခဲ့သည် ပြန်မဆုံတဲ့သူငယ်ချင်းတွေဘယ်ရောက်နေလဲ
ဘာလို့မလာတာလဲ ဆိုပြီးတွေးပူမိသည် ...
အခန်းအနားက ၉နာရီခွဲလောက်စဖြစ်သည် အခန်းအနားအစီအစဉ်ကြေငြာသူက ကျောင်းသူဟောင်း အပျိုချောကြီး ဝတ်ရည်လိူင်ဖြစ်သည် (၁၉၉၆)
ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စီကအဖွင့်အမှာစကားပြောရင်း ဆရာကန်တော့ပွဲဖြစ်မြောက်အောင်ကျင်းပရတဲ့ရည်ရွယ်ချက်တွေပြောပြသည် အလှုငွေပေါင်း
၈၆သိန်းကျော်ရကြောင်းပြောပြသည် နောက်နှစ်တွေလဲဆက်လုပ်မည့်အကြောင်းပြောသည် ၄ကျောင်းထုံးစံအတိုင်း ကျောင်းခန်းမဆောင်တခုလုံး
ဆရာမကြီးအသံထက် ကျောင်းသူဟောင်းတွေစကားသံတွေ ကြွတ်ကြွတ်ညံနေသည် ငယ်ငယ်တုန်းက ဟောပြောပွဲတွေအတိုင်းမပြောင်းလဲသေးပေ
ဆရာမဒေါ်မေညွှန့်က လိုက်ဟန့်နေရသေးတုန်းပင်ဖြစ်သည် ခိုးစားရန်ထမင်းချိုင့်မပါသောကြောင့်တော်တော့သည်.. ဆရာမကြီးပြောပြီး
ဆရာမများကိုကန်တော့သည် ဖျော်ဖြေးရေးအစီအစဉ်များလဲပါသည်။ မြတ်ဆရာသီချင်းကို ဆုရကျောင်းသူဟောင်းတစ်ဦးက ဆိုသည်။ ရင်ထဲမှာ ဝမ်းသာဝမ်းနည်းငိုချင်သလိုကြီးဖြစ်ရသည်။ ကျောင်းကပွဲတုန်းက ဘုတ်ဘုတ်တို့အငြိမ့်အဖွဲ့ကိုသတိရမိသည် .. ဆရာမများက ဆုတွေပေးကြသည် ..
ရာသီဥတုပူပေမယ့် အေးမြတဲ့ ဆရာတွေအပြုံးက အရိပ်တခုလိုအေးနေသည် အားလုံးမျက်နှာမှာ အပြုံးတွေတွေ့နေရသည်
ပျော်စရာကောင်းတဲ့ နေ့လေး လွတ်လပ်တဲ့နေ့ကလေး ကလေးဘဝခဏပြန်ရခဲ့တဲ့နေ့တနေ့ဖြစ်ခဲ့သည်။ ကန်တော့ခံဆရာမကြီးတွေကို နေ့လည်စာကျွေးနေချိန်
ကျောင်းသူဟောင်းတွေဖြစ်ခဲ့သော မစိမ်းမို့မို့ လင်းဇာနည်ဇော် ချစ်ချစ်ဇော်တို့က သီချင်းတွေ    ဆိုကြသည်
ဆရာမတွေကျောင်းသူဟောင်းတွေလိုက်ဆိုရင်းကကြသည်။ ဘိုဘိုဟန် ကော်နီ အက်ကဲနက် တို့လဲဆိုကြသည်။ မြတ်ဆရာ၊ ဆရာမကိုပဲချစ်တော့မည်၊
ဘယ်တော့မှမမေ့ဘူး၊ ရင်မှာရင်သို့တိုးဝေ့ဆဲပါခိုင်၊ ကိုကိုချစ်၊ သီချင်းတွေနှင့် ဆိုရင်းကရင်း  မြနန္ဒာသီချင်းဖြင့်ပိတ်ခဲ့သည်။  
ဗိုက်ကဆာနေလို့သာပြန်လာရတယ် ပြန်ချင်သေးဘူး လက်တွေ့ဘဝကနေခဏတော့ ကင်းကွာတဲ့နေရာလေးမို့လို့လဲ မပြန်နိုင်ဖြစ်ခဲ့ရသည်။ ကျောင်းကြီးက
ခေတ္တခဏပြန်တိတ်ဆိတ်သွားသလိုခံစားရသည် မကြာမကြာလာလည်ကြဖို့ဆရာမတွေမှာသည်။ သူငယ်ချင်းတွေ
ကျောင်းတုန်းကရည်းစားတွေကိုအကုန်လွမ်းသည် ခိုင်ဇင်ဦးကပြောတယ် အမဝလာတယ်တဲ့ ဒီကောင်မလေးအရင်အတိုင်းချစ်ဖို့ကောင်းနေတုန်းပဲဖြစ်သည်။
တီချယ်ဒေါ်ခင်မမအောင်ကိုတွေ့တော့ ကျောင်းမှာ သရဲရှိတဲ့အကြောင်းပြောလို့ ဒဏ်ပေးခံရတဲ့အကြောင်းပြောတော့ ဆရာမက ရီသည်။ ကျန်းကျန်းမာမာနဲ့
နောက်နှစ်မှာ တွေ့ချင်ကြောင်းပြောကြသည်။
အဝေးရောက်နေတဲ့ သူတွေကိုသတိရသည်။ လာချင်ပေမယ့် မလာနိုင်တဲ့သူတေ၊ လာခွင့်မရတဲ့သူကို လည်းသတိရသည်။ လာမည်ပြောပြီးမလာတဲ့သူတွေကို
တော့စိတ်ဆိုးသည်။
ဘာပဲဖြစ်ဖြစ် တာမွေ အထက (၄) ရဲ့ ပထမအကြိမ် ဆရာကန်တော့ပွဲကတော့ အောင်မြင်စွာကျင်းပပြုလုပ်ပြီးဆီးခဲ့လေပြီ .....  ... .. ..
အမှတ်(၄)
အခြေခံပညာအထက်တန်းကျောင်း
တာမွေမြို့နယ်
၁.၅.၂၀၁၀
ပထမအကြိမ် အာစရိပူဇော်ပွဲ

1 comment:

Crystal said...

ကျေးဇူးတင်ပါတယ် တူးမာရေ။ နဲနဲတော့ လွမ်းသွားတယ်။ အစ်မက (1993)ခုနှစ်မှာ ဆယ်တန်းအောင်တာပါ။