ခရေပန်း
ပန်းဆိုတာနဲ့ မိန်းခလေးတော်တော်များများကြိုက်တတ်သလို အကြိုက်ဆုံးပန်းတွေရယ်လို့လဲရှိတတ်ကြပြန်ရော
ကြိုက်နှစ်သက်ပုံခြင်းမတူကြသလို ကြိုက်တတ်တဲ့ ပန်းတွေလဲမတူတတ်ပြန်ပါဘူး သဇင်ကို အမြင့်မှာမှ ပွင့်လို့ ဆိုတစ်မျိုး နှင်းဆီကို ဆူးပါလို့ ဆိုတာတစ်ဖုံနဲ့
အကြောင်းအမျိုးမျိုးနဲ့ ကြိုက်ကြတယ်
ကျွန်မကတော့ ပန်းတွေ အားလုံး သူ့အလှနဲ့သူမို့ ကြိုက်ပေမဲ့ ခရေပန်းကိုတော့ တော်တော်လေးကြိုက်သည်။ အပင်က ကြီးသလောက်အပွင့်ကသေးသည် ထူးခြားတာက သူ့မွှေးရနံ့ ကဘယ်ပန်းနဲ့မှ မတူ၊ ပန်းပုံကလဲ ထူးထူးခြားခြားလေးဖြစ်လို့နေသည်။
တကယ်တော့ ငယ်ငယ်ထဲက ဒီပန်းလေး နဲ့ ရင်းနှီးခဲ့သည်။ ကိုးလသမီးအရွယ်မှ ငါးနှစ်သမီးထိ ရွာမှာအဘိုးအဘွားနဲ့နေခဲ့ရသော ကျွန်မအတွက် အဘိုးကအဖေ အဘွားနဲ့အဒေါ်တွေက အမေဖြစ်ခဲ့ရသည်။ ရန်ကုန်သည်ကျွန်မအတွက်ကျောင်းတက်ချိန်တွေသာရှိနေတတ်သည်။ ကျန်အချိန်များစွာကို မြို့နဲ့အလှမ်းဝေးတဲ့ မူလတန်းကျောင်းသာရှိတဲ့ ရွာကလေးမှာရှိနေတတ်သည်။ မနက် စောစောထလို့ ဘုန်းကြီးကျောင်း ကိုပြေးပြီး ပန်းကောက်ရသည်။ ပန်းကြွေသံ တဖြောက်ဖြောက်ကိုနားလေးလဲစွင့်ရင်း သစ်ရွက်ကြွေကြားကပန်းကြွေလေးတွေကောက်ရတာ ပျော်ဖို့တော်တော်ကောင်းသည်။ ကိုယ်ကောက်လို့ရတဲ့ပန်းတွေ ကို ဗန်းလေးထဲမှာ ဖွေးဖွေးလေးမြင်နေရတာကိုက ကြည်နူးစရာကောင်းသည်။ နေလေးနဲနဲမြင့်လာတော့ ပန်းကောက်တာရပ်ပြီး အိမ်ပြန် ရေစင်အောင်ဆေးပြီး ပန်းသီတဲ့ အလုပ်လုပ်ရသည်။ စိတ်ရှည်လက်ရှည်နဲ့ နှီးကို မျှင်ပြီးသီရသည်။ အဖိုးက နှီးလေးတွေ ပန်းသီလို့ ရမယ့် အမျှင်လေးဖြစ်အောင်လုပ်ပြီးရေစိမ်ထားပေးတတ်တယ်လေ။
သီလို့ပြီးတော့ ဦးဦးဖျားဖျား ဘုရားတင်ဖို့ အဖွားကို ပေးရသည်။ ကျွန်မကတော့ပန်းမပန်တတ်ပေမဲ့ ခရေပန်းကို အိပ်ထဲအမြဲထည့်ထားတတ်သည်။ ခြောက်တာတောင်လွှင့်မပစ်ရက် တပင်တပန်းကောက်ထားရတာကိုး ပြီးတော့ ခရေပန်းရနံ့ ကိုတော်တော်သဘောကျသောကြောင့်ဖြစ်သည်။ ငယ်ငယ်ကခရေပန်းခြောက်တွေကကျွန်မရဲ့ အသုံးအဆောင်တော်တော်များများမှာ ရှိတတ်သည်။ အမေယူပြီးလွှင့်ပစ်မှသာ ကုန်သွားတော့သည်။
ခရေပန်းရယ် ရွာရယ် အဖိုးရယ်အဖွားရယ် ခရေပင်ကြီးရယ် ကို မကြာမကြာလွမ်းမိသည်။
ခုတော့ခရေပင်ကြီးလဲ အရင်လိုမဝေမဆာတော့ ပန်းတွေလဲသိပ်အများကြီးမဟုတ်ပေမဲ့ ပွင့်နေဆဲပင်ရှိနေသည်။
ပြောင်းလဲတာတော့ ခရေပင်ကြီးအောက်မှာ အရင်လို မဟုတ်ပဲ ပန်းခြောက်တွေရှိနေသည်။ ပန်းကောက်တတ်ကြတဲ့သူတွေမတွေ့ရ။ ရွာမှာ မပြောင်းလဲသင့်တာတွေကပြောင်းလဲကုန်ပြီ ပြောင်းလဲတိုးတက်သင့်တာတွေကယခုတိုင် ဒီအတိုင်းရှိနေသည်။ ခရေပင်ကြီးလဲ အသက်တွေကြီးလာပြီ ပြောင်းလဲမလာတာက ခရေပန်းလေးတွေ ယခင်ကလိုပဲ ရနံ့တွေရှိနေသည်။ ကောက်မယ့်သူမရှိလဲကြွေချိန်တန်တော့ကြွေသည်။ ဝေချိန်တန်တော့လဲဝေနေမြဲရှိနေသည်။
ဘယ်နေရာရောက်ရောက်ကျွန်မချစ်သော ခရေပန်းလေးတွေမြင်ရင် ကောက်ဖြစ်ခဲ့သည်။ မျက်နှာလွှဲရခက်ခဲ့သည်။ ကလေးဘဝကိုပြန်ရောက်သွားခဲ့မြဲ ဖြစ်သည်။ .. ....

1 comment:
ပန်းဆို ဘာပန်းမှ မကြိုက်ဘူး
Post a Comment