Friday, August 14, 2009

နှစ်ယောက်မရှိနိုင်တဲ့ ရင်ထဲကသီချင်းငှက်


...ထူးအိမ်သင် ကိုယ်ရေးအကျဉ်း... REF : www.htooeainthin.com


ဖခင် ဦးထွန်းမြင့် နှင့် မိခင် ဒေါ်မြရင် တို့မှ ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ အမည်ရင်း ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု ချစ်စနိုးခေါ်ကြသည်။ မူလတန်း ပညာကို အမှတ် (၂၀) အ-မ-က တွင် ပညာသင်ကြားခဲ့ပြီး ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉-၈ဝ တွင် ဧရာဝတီတိုင်း ပုသိမ် ဒေသကောလိပ်သို့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒဖြင့် ဘွဲ့ရရှိခဲ့ပြီး မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး နာရီပေါ်မှ မျက်ရည်စက်များ စတင် သွင်းယူခဲ့ပြီး နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့ဖြစ်သည်။
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄ဝ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။

သေသောသူကြာရင်မေ့ ဆိုတာလဲမှန်ပါတယ် ဒါပေမယ့်မေ့မရလေသူတွေလဲရှိပါတယ် အစားထိုးမရနိုင်တာတွေလဲတပုံကြီးပါ ဒီအထဲကမှ အနုပညာကို နားလည်မခံစားတတ်တဲ့ အရွယ် ခပ်ငယ်ငယ်ထဲက သီချင်းတွေကို ရင်ထဲက လိုက်ဆိုတတ်နားလည်တတ်စေခဲ့တာကတော့ ကိုထူးအိမ်သင်ပါပဲ
သူ့ကို ကလေးဘဝက အပြင်မှာတခါပဲမြင်ဖူးပါတယ် သူ့သီချင်းတွေကို အားလုံးကြိုက်တယ် အဆိုတော်တွေများလွန်းတဲ့ထဲမှာမှ စာသားရော အသံရော သံစဉ်ရော သီချင်းရောအားလုံးသဘောကျခဲ့တယ် ဒီနေ့ထိလဲ သူဆိုခဲ့တဲ့ သီချင်းတွေကို ပြန်ဆိုတေး ဆိုရင် မခံစားနိုင်ဘူး နားထောင်လို့ အဆင်မပြေဘူး ပြန်ဆိုကြတဲ့ ထွန်းထွန်းတို့အဖွဲ့ကဆို လုံးလုံးမကြိုက်ပါဘူး (ကျွန်မရဲ့ အတ္တဆန်တဲ့ ခံစားချက်သက်သက်ပါ) သူ့အသံကို သူ့သီချင်းတွေနဲ့သာ သန့်သန့်လေးရှိစေချင်ခဲ့တာဒီနေ့ထိပါပဲ သူဆုံးတဲ့နေ့ ကမှတ်မှတ်ရရ ပထမဆုံးသိရတာ စာနင်းဇင်းသမားတွေနဲ့အဆက်အသွယ်ရှိတဲ့ ကိုဝဏ္ဏဆီကို ကိုမြတ်ခိုင် ဖုန်းဆက်ပြောတာပါ
သူ့သီချင်းတွေ သူ့အသံတွေ သူ့ဖန်တီးမှုတွေ သူ့အနုပညာတွေကို တကယ်ကိုဆုံးရှုံးရပြီအသိက ရင်ထဲကို
မွန်းကြပ်လာခဲ့တယ် သေချင်းတရားကို အပြစ်တောင်တင်နေခဲ့မိတယ် "စောတယ်ကွာ! ပြီးတော့ မင်းကိုယ်မင်းဂရုစိုက်သင့်တယ် မင်းကိုချစ်တဲ့ မင်းသီချင်းတွေကို ချစ်တဲ့သူတွေအတွက်လို့"ရေရွတ်ရင်း ငိုခဲ့ရတဲ့ နေ့တနေ့ ဟာ ... အခုဆို ..၅နှစ်တောင်ရှိခဲ့ပြီရော....
ချစ်ခြင်းအားဖြင့် ဆိုတဲ့စာသားလေးတွေကိုလွမ်းရင် အမှတ်တရနှစ်ပတ်လည်နေ့လေးကို သတိရခြင်းများစွာဖြင့်.....

ရင်ထဲရောက်နေတဲ့သီချင်းလေးတွေ......
ရင်မှာလှိုက်ဖိုသွားယုံလေး အချစ်ဆုံးကိုယ်ဘာကိုမှလဲမမျှော်လင့်ဘူး နာကျင်စွာ ကြင်နာသူ ကိုယ်အဝေးကငေးကြည့်နေရင်းရင်မှာချစ်ခဲ့မိတာ ရင်မှာလွမ်းရလဲကျေနပ်တယ် အချစ်လေး
တကယ်လို့များမဆုံနိုင်အောင်ဝေးခဲ့ကြရင် ငိုမှာလား ချစ်လားမေးရင် ကိုယ်ငြင်းမယ်


ကြင်နာစွာဖေးမပေးမယ့်ချစ်သူ အခုတော့ ဘယ်မလဲ
အဆိပ်သင့်စေတဲ့အပြုံးတွေရင်ထဲစွဲ.....
အချစ်တွေစုဝေးရာ ဒီကမာ္ဘကောင်းကင်ပြာအောက်မှာ
မေ့မရလွန်းတဲ့အတိတ်တွေ ကြေကွဲသွား....
ခေါင်မိုးပြို အိမ်မက်ကမာ္ဘ ငါ့ညတွေချောက်ခြားသွား...
မင်းထားခဲ့တဲ့အနမ်းတွေ ပြန်တမ်းတ...
တို့တွေဝေးပြီကွယ် ရင်မှာငိုမိခဲ့ ကိုယ်လေနားလည်ခွင့်လွှတ်ကာချစ်ခဲ့.....

ကြယ်တွေစုံတဲ့ည ကိုယ့်အိမ်မက်လေးရယ်
ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ်
ကြယ်တွေစုံတဲ့ည ရင်ခုန်သံနဲ့ ထုဆစ်ထားတဲ့သီချင်းတွေလည်း ရင်တွေကွဲသွားအောင်ဆိုနေအုံးမယ်
အမေ့အိမ်ကိုလွမ်းတယ်........

No comments: