ABC Stout မှ
Camera ဆုပေးမယ်ဆိုတော့ ညီမငယ် ငြီငြီ ကိုသတိရပြီး ဒီကြော်ငြာလေးကို ပို့စ်တင်လိုက်တာပါ...
Cannon Club MyanmarPhoto Competitionအပျော်တမ်းအဆင့်ပြိုင်ပွဲကျန်းမာပျော်ရွှင်သောနေထိုင်မှု ဘဝဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံပေးပို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လိုက်နာရမယ့် စည်းကမ်းချက်တွေကတော့
၁။ ပြိုင်ပွဲဝင်တစ်ဦးလျှင်(၁၀” x ၁၂”)အရွယ် Digital Camera ဖြင့်ရိုက်ယူထားသော
ဓာတ်ပုံများကိုသာ ပေးပို့ယှဉ်ပြိုင်ရမည်။
၂။ ပြိုင်ပွဲဝင်ဓာတ်ပုံများသည် Black & White ဖြင့်သာရိုက်ကူးရမည်။
၃။ ပြိုင်ပွဲဝင်များသည် အပျော်တမ်းအဆင့် ဓာတ်ပုံရိုက်သူများသာ ဖြစ်ရမည်။
၄။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အစက်အပြောက်ဖာထေးခြင်းမှအပ Digital စနစ်ဖြင့်
ပေါင်းစပ်ပြုပြင်ထားခြင်းမပြုရ။ မောက်မကပ်ရ။ လိပ်၍မပို ့ရ။ (၁၀” x ၁၂” ) ဆိုက်ဒ်တွင်
ဆေးသားအပြည့်ကူးပါ။ ဘောင်မခတ်ရ။
၅။ ပြိုင်ပွဲဓာတ်ပုံများသည် ပြိုင်ပွဲဝင်သူကိုယ်တိုင်ရိုက်ကူးထားသော ပုံဖြစ်ရမည်။
ဓာတ်ပုံရိုက်ကူးပိုင်ဆိုင်မှုနှင့်ပတ်သတ်၍ အရှုပ်အရှင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက
သက်ဆိုင်ရာယှဉ်ပြိုင်သူ၏ တာဝန်သာဖြစ်သည်။
၆။ ဆုရရှိသောဓာတ်ပုံများကို ABC Stout မှလိုအပ်သလို အသုံးပြုခွင့်ပေးရမည်။
၇။ MBLမှ ရွေးချယ်ထားသော အကဲဖြတ်အဖွဲ့ဝင်တို့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်မည်။
၈။ ပြိုင်ပွဲဝင်ခွင့်ပုံစံကို ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။
၉။ MBLဝန်ထမ်းများနှင့် ယခု Promotion နှင့်ပတ်သတ်သော Agency ဝန်ထမ်းများ
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရ။
၁၀။ ဆုရရှိသောပုံများ၏ မူရင်း Jpeg (သို ့) Raw File များကို MBL သို ့သတ်မှတ်ချိန်
အတွင်း ပေးပို ့ရမည်။
ပြိုင်ပွဲဝင်ပုံစံများထုတ်ယူနိုင်သောနေရာများ က
1/. MBL Sales Office
(No. 61, Sayar San Road, Bahan)
2/. Canon Showroom(Aung San Stadium)
3/. Canon Club Myanmar
(Level - 11, FJV Commercial Centre, Strand Road)
4/. All ABC Outlets
့ ပြိုင်ပွဲဝင်ခွင့်ပုံစံ
အမည် ............................
မှတ်ပုံတင်အမှတ်.......................
နေရပ်လိပ်စာ..................
ဖုန်းနံပတ်........................
ပုံစံကို မှန်ကန်ပြည့်စုံအောင်ဖြည့်ပြီး
Canon Club Myanmar(Level - 11, FJV Commercial Centre, Strand Road) ကိုပို့ပေးရမှာပါ။
နောက်ဆုံးပို့နိုင်တဲ့ရက်က ဩဂုတ် ၃ဝ ရက်ဖြစ်ပါတယ် ..
ရမယ့်ဆုတွေကတော့
1st Prize - Canon 5D MarkII2nd Prize - Canon Canmcorder 2R9303rd Prize - Canon Canmcorder 2R900 သုံးဆုပေးမှာဖြစ်ပါတယ်။..
ညီမငယ် ငြီငြီရေ ပထမဆုလေးနဲ့ထိုက်တန်တဲ့သူဖြစ်ပြီး
စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိပါစေ....
1 comment:
ဖောင်လေးပါ ပေးမလားဟင်.. ဂျာနယ်ဖိုး မရင်းနိုင်လို့ပါဗျ.. အဟီး
Post a Comment